မွန်ပြည်နယ်ဝန်ကြီးချုပ် လွှတ်တော်အစည်းအဝေး ပျက်ရက်များ

0
416

မွန်ပြည်နယ် ဝန်ကြီးချုပ် လွှတ် တော်အစည်းအဝေး ပျက်ရက်များ သည်ဟု လွှတ်တော်ကိုယ်စားလှယ် များ ထံမှ သိရသည်။
အောက်တိုဘာ ၃ ရက်မှစတင် ကျင်းပသည့် ဒုတိယအကြိမ် မွန်ပြည် နယ်လွှတ်တော် တတိယပုံမှန်အစည်း အဝေး ၄ ရက်အနက် အစည်းအဝေး ပထမရက် ၁ ရက်သာ တက်ပြီး ကျန် ၃ ရက်ကို ခွင့်တိုင်ကြားခဲ့သည်။


ဆောက်လုပ်ရေးနှင့် စည်ပင် သာယာရေး ဝန်ကြီးဌာနကိုပါ တွဲဖက် တာဝန်ယူထားသည့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးသည် သံဖြူ ဇရပ်-ရေးလမ်းပိုင်းစစ်ဆေးရန်၊ ကမ္ဘာ့ ဆရာများနေ့ အခမ်းအနားတက်ရန်နှင့် နယ်စပ်ဒေသ ကုန်သွယ်မှု ဖြစ်ပေါ် လာ ရေး ဆွေးနွေးပွဲသို့ တက်ရောက်ရန် ဟုဆိုကာ ခွင့်တိုင်ထားခဲ့သည်။
ယင်းအပေါ် ခိုင်လုံသည့် အ ကြောင်းပြချက် မဟုတ်ဟုဆိုကာ လွှတ် တော် ကိုယ်စားလှယ်များက ဝေဖန် လျက်ရှိသည်။” ဥပဒေအရ ကတော့ ကိုယ် စားလှယ်တိုင်က ခွင့်တိုင်ပြီး အစည်း အဝေး ပျက်ကွက်ခွင့်ရှိတယ်။ သို့သော် အမှန်တကယ် အခက်အခဲကြောင့် ခွင့်ယူ တာလား။ ဒါမှမဟုတ် တမင်တကာ လွှတ်တော်ကို အလေးနက် မထားတာ လား ဒီသဘောတော့ ရှိလိမ့်မယ်”  ဟု ချောင်းဆုံမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင် နိုင်ဦးက ပြောသည်။ ယခုကဲ့သို့ ပြုမူလိုက်ခြင်းသည် ဥပဒေပြုရေး မဏ္ဍိုင်နှင့် လွှတ်တော်ကိုယ် စားလှယ်များကို မလေးစားသကံသို့ဖြစ် နေသည်ဟု မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဒေါ်တင်အိက ပြောသည်။

 
မွန်ပြည်နယ်ဝန်ကြီးချုပ် ခွင့်တိုင် ကြားထားခြင်းနှင့် ပတ်သက်ပြီး လွှတ် တော်ကိုယ်စားလှယ်များက သဘောမတူ ကြောင်း တင်ပြချက်ကို ကျင်းပဆဲဖြစ် သည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ် တော် တတိယပုံမှန် အစည်းအဝေး တတိယနေ့၌ တင်ပြသည်ကို လွှတ်တော် က မှတ်တမ်းတင်ထားသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ်သည် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး ကျင်းပစဉ် ကလည်း စည်ပင်သာယာရေးအဖွဲ့ အ စည်းအဝေးရှိသည့် အကြောင်းပြ ချက် ဖြင့် လွှတ်တော် အစည်းအဝေး ၁ ရက် ပျက်ကွက်ခဲ့ဖူးသည်။