ထားဝယ်မြို့နယ် တစ်လမ်းမောင်းစနစ် စတင်ကျင့်သုံးမည်

0
642

ယာဉ်ကြောကြပ်တည်းမှုကို ဖြေ ရှင်းနိုင်ရန် ထားဝယ်မြို့လယ်ရှိ အာဇာ နည်လမ်းနှင့် ဈေးတောင်ဘက်လမ်းကို အချိန်ပိုင်းခြားကာ တစ်လမ်းမောင်း သတ်မှတ်တော့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ကပြောကြားသည်။


အာဇာနည်လမ်းရှိ အစိုးရအဖွဲ့ရုံး (ရုံးကြီးမီးပွိုင့်လမ်းဆုံ)မှ လမ်းဆုံကြီး မီးပွိုင့်အထိကို အဆင်းလမ်းအဖြစ် လည်းကောင်း၊ ဗိုလ်ချုပ်လမ်းနှင့် ဈေး တောင်ဘက်လမ်းဆုံမှ စာတိုက်လမ်းဆုံ အထိကို အရှေ့ဘက်သို့ သွားရာလမ်း အဖြစ် လည်းကောင်း တစ်လမ်းမောင်း အဖြစ် အောက်တိုဘာလ ၁၀ ရက် နေ့မှ စတင်သတ်မှတ်မည်ဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆိုသည်။
ထားဝယ်မြို့နယ် စည်ပင်သာယာ ဈေးတစ်ဝိုက် ယာဉ်ကြောကြပ်တည်းမှု များကို ဖြေရှင်းသည့် အနေနှင့် ထိုသို့ သတ်မှတ်ခြင်းဖြစ်ပြီး     နေ့စဉ် အဆိုပါ နံနက် ၈ နာရီမှ နေ့လယ် ၁၂ နာရီ အထိသာ အကျုံးဝင်မည်ဖြစ်သည်။

 
စတင်ကျင့်သုံးသည့် အောက်တို ဘာလ ၁၀ ရက်နေ့မှ အောက်တိုဘာလ ၃၁ ရက်နေ့အထိ အသိပညာပေး ကာလ အဖြစ် သတ်မှတ်ပြီး နိုဝင်ဘာလ ၁ ရက်မှ စတင်ကာ အရေးယူသွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော် ကပြောသည်။
အဆိုပါလမ်းပိုင်းရှိ ဈေးအရှေ့ ဘက်လမ်းနှင့် ဈေးအနောက်ဘက်လမ်း ကဲ့သို့ လမ်းသွယ်များကို လက်ရှိ အတိုင်းပင် သတ်မှတ်ထားမည်ဖြစ်ပြီး လိုအပ်မှသာ ပြောင်းလဲသွားမည် ဖြစ် ကြောင်း ၎င်းက ဆိုသည်။

 

” ပညာပေးကာလမှာ ဖမ်းတာဆီး တာတွေတော့ မလုပ်ဘူးပေါ့နော်၊ ဒီလမ်း က မသွားနဲ့ ဟိုလမ်းက သွားဆိုတာ မျိုးပေါ့” ဟု ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်က ပြောသည်။လက်ရှိအချိန်တွင် ထားဝယ်မြို့ စည်ပင်သာယာဈေးကြီးအနီးယာဉ်ကြော ကြပ်တည်းမှုမှာ ယာဉ်ထိန်းရဲနှင့် စည် ပင်တို့ အလုပ်ကောင်းမွန်စွာမလုပ်သည့် အတွက်ဖြစ်နေခြင်းဖြစ်ပြီး အခြေ  အနေမှာ တစ်လမ်းမောင်း သတ်မှတ်ရန် မလိုအပ်သေးကြောင်း ထားဝယ်မြို့နေ ဦးကျော်ဦးက ဆိုသည်။
” လမ်းမပေါ်ဈေးရောင်းတာတွေနဲ့ ယာဉ်စည်းကမ်းလမ်းစည်းကမ်း မလိုက် နာတဲ့ယာဉ်တွေကို သေသေချာချာ ကြပ် မတ်လိုက်မယ်ဆိုရင် အဆင်ပြေနိုင်သေး တယ်”  ဟု ဦးကျော်ဦးက ပြောသည်။အဆိုပါ လမ်းပိုင်းတွင် သုံးဘီးဆိုင် ကယ်နှင့် ကားများကိုလည်း ရပ်နားဂိတ် ထိုးခွင့်ပေးတော့မည် မဟုတ်ဘဲ သင့် တော်မည့်ရပ်နားနေရာ ရှာဖွေပေးရန် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စည်ပင် တာဝန်ရှိသူများကို တာဝန်ပေးထား ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။
ထားဝယ်မြို့ပေါ်ရှိ ဈေးများတွင် လမ်းမပေါ်ကျူးကျော် ဈေးရောင်းချမှု များနှင့် စည်းကမ်းမဲ့ယာဉ်ရပ်နားမှုများ ကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ် ပေါ်နေခြင်းဖြစ်ကြောင်း ဝေဖန်မှုများရှိ ခဲ့သည်။

 

one_wai_in_dawei