ဆွေဝင်း၊ အောင်လွင်နှင့် မေးခွန်းများစွာ

0
447

အင်းဝ အပ်ချုပ်ဆိုင် ၊ မိန်းကလေး နှစ်ယောက်နှင့် ကိုဆွေဝင်းသည် ပြီးခဲ့ သော ရက်သတ္တပါတ်အတွင်း တစ်ပြည် လုံးကို အုန်းအုန်းကျွက်ကျွက် ဖြစ်စေ သော သတင်းခေါင်းစဉ် ဖြစ်သည်။
အားလုံးသိပြီး ဖြစ်၏။


ဇာတ်လမ်း၏ တစ်ဖက်ခြမ်းသည် ကိုယ်ချင်းစာတရား ကင်းမဲ့သော လူမ ဆန်မှုနှင့် အခြားတစ်ဖက်ခြမ်းသည် မတရားမှုကို မျက်ကွယ်မပြုတတ်ခြင်းနှင့် လူသားဆန်မှုကို ဖော်ညွှန်းခြင်း ဖြစ် သည်။ဇာတ်လမ်းအကြောင်းကို စာဖတ်သူ များ အသေးစိတ်သိလောက်ပြီး ဖြစ် သဖြင့် ထပ်မပြောလိုတော့ပါ။ထိုနေရာတွင် ဖော်ပြလိုသည်မှာ မတရားမှုများရှိနေသော နေရာတိုင်းတွင် စွန့်စား၍ တစ်ခုခုထလုပ်သည့် လူများ အကြောင်းနှင့် ထိုင်ကြည့်တတ်သူများ အကြောင်း ဖြစ်သည်။

 

လူထဲမှ လူတို့၏ ရဲရင့်သော၊ မျက် ကွယ်မပြုတတ်သော လေးစားဦးညွှတ် ဖွယ်ကောင်းသည့် စိတ်ထားများ အကြောင်းကို လှစ်ဟလိုခြင်း ဖြစ်သည်။ ထို့အတူ ထိုသို့သော မတရားသည့် ကိစ္စ များကို မျက်စိရှေ့တွင် မြင်နေရပါလျက် နေနိုင်ကြသူများ၏ လျစ်လျုရှုတတ်မှု ကိုလည်း နားလည်ကြည့်လိုခြင်း ဖြစ် သည်။မတရားမှုများ နေရာတိုင်းတွင် ရှိနေ သည်။

 
လူလူချင်း ညှင်းပန်း နှိပ်စက်မှုအပြင် စစ်ပွဲများ၊ သဘာဝသယံဇာတ လက်ဝါး ကြီးအုပ် အလွန်အကျွံ ထုတ်ယူမှုများ၊ သဘာဝဘေးကပ်ဆိုးများကြောင့် လူဦး ရေ ထောင်သောင်းချီ သေဆုံးအတိဒုက္ခ ရောက်စေသော ကမ္ဘာ့ရာသီဥတု ပြောင်း လဲမှု၏ လက်သည် အလွန်အကျွံသစ်ခုတ် ခြင်း၊ ကျင့်ဝတ်သိက္ခာမဲ့ စက်မှု လုပ်ငန်း များ၊ ဒေသခံတိုင်းရင်းသားများကို နေရပ် မှ အတင်းအဓမ္မ ပြောင်းရွှေ့စေသော ရေကာတာများကို မတရားမှုဟု သင် စဉ်းစားဖူးပါသလား။
ဆိုလိုသည်မှာ မတရားမှု တချို့ကို သာမန်မျက်စိဖြင့် တွေ့နိုင်သော်လည်း စနစ်တကျ တည်ဆောက်ပြင်ဆင်ထား သော မတရားမှုများကို ပညာမျက်စိ ဖြင့်သာ သင်တွေ့နိုင်ပါသည်။ Structural violence  ဟုခေါ်ပြီး စနစ်တကျ ဖန်တီး တည်ဆောက်ထားသော အကြမ်း ဖက်မှုဟု သုံးနှုန်းပါသည်။

swewin_aunglwin
မတရားမှုကို ရင်ဆိုင်ရန် ရှေးခေတ် က စီးချင်းထိုးပွဲများကို အားကိုးရသကဲ့သို့ ယခု၂၁ ရာစုတွင် တရားမျှတမှုကို ရှာဖွေ ဖော်ထုတ်ရန် ပညာခွန်အားကို ပိုသုံးရ ပါသည်။ သတင်းအချက်အလက်နှင့် နည်းပညာခေတ်ဖြစ်သဖြင့် မတရားမှုကို လူသိရှင်ကြား ထုတ်ဖော်ရန် အခွင့် အလမ်းသာ ပါသည်။

 

သို့သော် ဥာဏ်ကူ ရမည် ဖြစ်သည်။အင်းဝနှင့် မိန်းကလေးနှစ်ဦး ကိစ္စ တွင် ထိုမတရားမှုကို ရှေးမဆွကပင် သိသူများစွာ ရှိသည်။သိသည်။ ကြည့်သည်။ ထိုတွင် ပြီး၏။
ကိုဆွေဝင်းကား ထိုသို့မဟုတ်၊ ထိုင်ကြည့်နေရုံနှင့် ကျေနပ်မည့်သူ မဟုတ်၊ ထိုမတရားမှုကို ရေဆုံး ရေဖျား အထိ လိုက်၍ ရှင်းလင်းလိုစိတ် ရှိသူ ဖြစ်သည်။ မဆုတ်မနစ်သော ဇွဲနှင့် မဖြစ်ဖြစ်အောင် လုပ်စိတ်ရှိသည်။ ထိုသို့ ပြောခြင်းမှာ အင်းဝကိစ္စ တစ်ခုတည်းကို သာ ဆိုလိုခြင်း မဟုတ်ပါ။

 
ဘ၀တစ်ကွေ့တွင် ကိုဆွေဝင်းနှင့် ရက်ပိုင်းမျှ ဆုံဖူးပြီး သူ့ကိစ္စတချို့ကို ပါဝင် ကူညီဖူးသဖြင့် သူ့စိတ်ကို ခန့်မှန်း မိခြင်း ဖြစ်သည်။” စစ်ပွဲများပြီး နောက်” ဆိုသော တနင်္သာရီဂျာနယ်ပါ ဆောင်းပါး တွင် သူ့အကြောင်းကို ဖော်ပြခဲ့ဖူးပါ သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက အတူထောင်ကျဖက် သူငယ်ချင်းကိုရှာရန် ထားဝယ်ရောက်လာသော ပုဂ္ဂိုလ်ဖြစ် သည်။ သူ့သူငယ်ချင်း နာမည်အပြင် ၊ ရပ်ကွက်နာမည်ကိုသာ သိသည်ဟု ဆို သည်။ ဆိုကြပါစို့၊ နောက်ဆုံးထောင် တွင်းပါ ကိုယ်စိတ်ဒဏ်ရာများကြောင့် ကျန်းမာရေး ချို့ယွင်းနေပြီဖြစ်သော သူ့သူငယ်ချင်းမှာ သူ့ကိုဖြင့် ချက်ချင်း မှတ်မိရှာပြီး သူငယ်ချင်းနှစ်ဦး စကား လက်ဆုံ ပြောမကုန် ဖြစ်လေသည်။နောက်ကိစ္စမှာ ထို့ထက် ဆန်းသေး သည်။

 

ထားဝယ်မှ ကားလမ်း တိုက်ရိုက် မရှိသော ချောင်းဖျားမှ ကျေးရွာတစ်ရွာရှိ အသက် ၉၀ ကျော် အဖိုးအဖွား နှစ် ယောက်အား ဗီဒီယိုတစ်ခုသွားပြရန် ဖြစ်သည်။ သူ့တို့ သမီးမှာ စစ်ပွဲကာလ အတွင်း ထွက်ပြေးသွားရကာ ဒုက္ခသည် စခန်းမှတစ်ဆင့်ယခု တတိယနိုင်ငံတစ်ခု တွင် နေထိုင်သူဖြစ်သည်။ ပြန်မဆုံနိုင် တော့ပြီဖြစ်သော မိဘနှစ်ပါးထံ မြေးမြစ် များနှင့်အတူ နှုတ်ဆက်စကားပါး လိုက် သော ဗီဒီယိုကို ရွာအထိ သူသယ်သွားပြီး သွားပြမည် ဖြစ်သည်။ မိုးထဲလေထဲ အသက်အန္တရာယ်ကြားမှ မဖြစ်ဖြစ်အောင် သွားကာ နောက်ဆုံးထိုကိစ္စလည်း အဆင် ပြေစွာ သူဆောင်ရွက်နိုင်ခဲ့သည်။

 
တိုက်ဆိုင်သည်မှာ သူ့အကြောင်း ကို အကြောင်းတိုက်ဆိုင်သဖြင့် ရေးပြီး နောက်တစ်ပတ်တွင် အင်းဝကိစ္စ ပေါ် လာခြင်း ဖြစ်သည်။ အစပိုင်းတွင် ထိုကိစ္စ ကို ဖော်ထုတ်သူ ကိုဆွေဝင်းဟု ဓာတ်ပုံ များ တွေ့ရသော်လည်း အဆက်အစပ် အလှမ်းဝေးသဖြင့် သူမှန်းမသိ။ နောက် သမ္မတက ဆုပေးမည်ဟု ကြေညာ၊ ဓာတ်ပုံများ ပိုတွေ့လာရ၊ တဖြည်းဖြည်း ကြည့်ရင်းဖြင့် ငါ့တို့လူနှင့် တယ်တူပါ လားဟု သေချာအောင်ကြည့်ရင်းသူမှ သူအစစ်။ ပိုသေချာအောင် သူနှင့် မိတ် ဆက်ပေးသူ မိတ်ဆွေတစ်ဦးကို မေး ကြည့်မှ ကိုဆွေဝင်းပင် ဖြစ်နေသည်။
နောက်ဆုံး တစ်ခွန်းသာ ကောက် ချက်ချ လိုက်ပါသည်။အင်းဝကိစ္စလည်း မထူးဆန်း၊ သူဆို ရင်တော့ ဒီလိုဖြစ်လောက်ပါတယ်ဟုသာ။
သူ့ စိတ်ထားအကြောင်းကို ရက် ပိုင်းမျှ ကြုံရဖူးသဖြင့် ပြောနိုင်ခြင်း ဖြစ် သည်။ထိုစဉ်က သူကလည်း မီဒီယာသမား ပါဟု ပြောမသွား။ သာမန်လူတစ်ဦးကဲ့ သို့ပင် ပြောဆို ဆက်ဆံသွားသော်လည်း သူသယ်လာသော ကိစ္စနှစ်ခုနှင့် ပတ် သက်ပြီး အခုတိုင် အမှတ်ရနေမိသည်။
ကိုဆွေဝင်းသည် တာဝန်ကျေခဲ့ သည်။ သတင်းစာဆရာ တစ်ဦးအနေဖြင့် ပရော်ဖက်ရှင်နယ် ပီသခဲ့သည်။ လူသား တစ်ဦးအနေဖြင့် လူသာမန်တို့ သူများ ကိစ္စမပါလိုဟု လွယ်လွယ်ဆင်ခြေပေး လက်ရှောင်တတ်သော မတရားမှုမျိုးကို မဆုတ်မနစ် ဖော်ထုတ်ခဲ့သည်။
မိမိတို့ နိုင်ငံတွင် နေရာဒေသအနှံ့ များစွာရှိနေဦးမည့် မတရားမှုများကို ရဲရဲဝံ့ဝံ့ ဖော်ထုတ်မည့် သတင်းစာ ဆရာ များစွာ လိုအပ်ပါသည်။ ယခုလည်း ဖော်ထုတ်နေသကဲ့သို့ နောင်တွင် လည်း လက်မတွန့်ပဲ ရေးသားဖော်ထုတ်ကြရန် လိုပါသည်။
မတရားမှုများကို ဖော်ထုတ်ရန် တစ်ခါတစ်ရံ အဖိုးအခကြီး ပါသည်။ဥပမာ ငါးရံ့တစ်ကောင်၏ ရင်ဖွင့် သံ ဆောင်းပါးမျိုး ဖြစ်သည်။
သတ္တုတွင်း၏ နောက်ဆက်တွဲ ဆိုး ကျိုးများအကြောင်းကို ဖော်ထုတ်ရေး သား၏။ စာရေးသူအား ကုမ္ပဏီမှ တရား ဆိုစွဲသည်။ အသရေ ဖျက်သောကြောင့်ဟု ဆို၏။

 
လပေါင်းများစွာ တရားရင်ဆိုင်ပြီး နောက် တရားရုံးမှ အမိန့်ချသည်။အသရေဖျက်မှု မြောက်သဖြင့် ဒဏ်ငွေ သုံးသောင်းကျပ်ဆောင်စေသည်။မေးခွန်းများစွာ ရှိပါသည်။အမှန်တကယ်လည်း ဖြစ်ပျက်နေ သည်။
အများပြည်သူ၏ အကျိုးစီးပွားနှင့် လည်း ဆက်စပ်နေသည်။ ကံပေါက် ဒေသတစ်ခုလုံးနှင့် ဆက်စပ်နေသည်။
ယင်းအတွက် ဖော်ထုတ်ရေးသား သည်ကို အသရေဖျက်သည်ဟု ကောက် ချက်ချသည်မှာ ယထာဘူတကျပါ၏လော။
ငါးရံ့တစ်ကောင် ဆောင်းပါးအမှု သည် သတင်းမီဒီယာသမားများ အားလုံး နှင့်လည်း ဆက်စပ်သည်။

 
အမှန်တကယ် ဖြစ်ပျက်သည်ကို ရေးသားသည့်အတွက် အသရေ ဖျက် သည်ဟု ယခုကဲ့သို့ ကောက်ချက်ချမှု မျိုးသည် သတင်းမီဒီယာ လောကအတွက် တပ်လှန့်သံ ဖြစ်သည်။ထို့အပြင် ရပ်ရွာလူထု အခွင့်အရေး အတွက် လှုပ်ရှားနေသူများအတွက် တပ်လှန့်သံ ဖြစ်သည်။ စီရင်ချက်ချအပြီး တရားရုံးမှ အထွက် တွင် ကံပေါက်ဒေသခံ တစ်ယောက် ကတော့  ” တစ်ရွာလုံး ရှုံးတာပဲ” ဟု နာနာ ကြည်းကြည်း ပြောသည်။
သတ္တုမိုင်းများကြောင့် ဒေသခံများ ၏ ဘ၀ ထိခိုက်နစ်နာရမှုများကို ဖြစ်ရိုး ဖြစ်စဉ်ဟုသာ သတ်မှတ်ပါ၏ လောဟု လည်း မေးခွန်းထုတ်ရမည် ဖြစ်သည်။ အင်းဝ အပ်ချုပ်ဆိုင် မိသားစုသည် မိမိပြုသော မတရားမှုကို မတရားမှုဟု မမြင်၊ လုပ်ရိုးလုပ်စဉ်ဟုပင် ထင်သည်။ လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဆရာမ ကြီးတစ်ဦးပင် သူလည်း အိမ်အကူကို ရိုက်ပါသည်ဟု ဆိုသည်။ မတရားမှုကို ထမင်းစားရေသောက် နိစ္စဓူဝ ကိစ္စသကဲ့သို့ပင် သဘောထား သော စိတ်ထားပိုင်ရှင်များပေ။ သတ္တု တွင်းကိစ္စသည်လည်း ထို့အတူပင် ဖြစ် သည်။

 
မိမိလုပ်ရပ် ကောင်းသလား မှန် သလား ပြန်စောကြောရန် ဖြစ်သည်။ တရားတော်တွင် အတ္တနုဝါဒဘေးဟု ဆိုသည်။ မိမိပြုမိသော အကုသိုလ် အတွက် မိမိကိုယ် မိမိစွပ်စွဲ ပြစ်တင်ခံရ ခြင်းဘေး ဖြစ်သည်။သေခါနီးသောအခါ ငါပြုမိသဖြင့် ငါ့လုပ်ရပ်ကြောင့် မည်သူတို့ ဆင်းရဲဒုက္ခ ရောက်ရသည်ဟု မိမိအကုသိုလ်က ပြန် လည် ဖိစီးသောအခါ ကောင်းမည့် လမ်း မမြင်။
မိမိလုပ်ရပ် မိမိလိပ်ပြာသန့်ရန် အရေးကြီးပါသည်။အများပြည်သူ အကျိုးလည်း ဆောင်၏။ရေးသည့်အတိုင်းလည်း မှန်၏။
နစ်နာလိုစိတ်ဖြင့် ရေးခြင်းလည်း မဟုတ်။ထိုသို့ ထုတ်ဖော်ရေးသား ပြောဆို ရန် မြန်မာပြည်ကြီးမှ သင့်ကို အလိုရှိနေ ပါသည်။
သူရဲကောင်းများစွာကို အလိုရှိနေပါ သည်။