အခွန်ကြွေးကျန် မြိတ်အများဆုံး၊ ဘုတ်ပြင်း အနည်းဆုံး

0
356

တိုင်းအတွင်း ကောက်ခံရန်ကျန်ရှိ သည့် အခွန်ကြွေးကျန် အများဆုံးမြို့နယ် မှာ မြိတ်မြို့နယ်ဖြစ်ပြီး ကြွေးကျန် အနည်းဆုံးမြို့နယ်မှာ ဘုတ်ပြင်းမြို့နယ် ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူး ရုံးထံမှ သိရသည်။


ပြီးခဲသည့် ဩဂုတ်လ ၃၁ ရက် အထိ မြိတ်မြို့နယ်တွင် ငွေကျပ်သန်း ပေါင်း ၆၀၆ ဒသမ ၂၉၁ သန်း ကောက်ခံရန် ကျန်ရှိနေပြီး tax_leftဘုတ်ပြင်းမြို့နယ်တွင် ငွေကျပ်သန်းပေါင်း ၃ ဒသမ ၆၃၆ ကျန်ရှိနေကြောင်း တိုင်းအခွန်ဦးစီး ဌာန မှတ်တမ်းများအရ သိရသည်။ကောက်ခံရန် ကျန်သည့်ငွေများမှာ နှစ်အဆက်ဆက် ပေးသွင်းရန် ကျန် သည့် ကုန်သွယ်လုပ်ငန်းခွန်၊ အမြတ်ခွန် နှင့် ဝင်ငွေခွန်များ ပါဝင်ကြောင်း အဆို ပါ တာဝန်ရှိသူ ကရှင်းပြသည်။

 
” စည်းရုံးနှိုးဆော်ပြီး ကျန်တဲ့အခွန် ငွေတွေကို သွင်းခိုင်းနေရတယ်” ဟု တိုင်းအခွန်ဦးစီး ဌာနမှ တာဝန်ရှိသူ တစ်ဦး ကပြောသည်။၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် တနင်္သာရီတိုင်းအတွင်း အခွန်ငွေကျပ် သန်း ၃၁၉၁၁.၃၂၆ သန်း ကောက်ခံ ရရှိခဲ့ကြောင်း အဆိုပါရုံးထံမှ သိရသည်။