လက်လုပ် ယမ်းထောင်းသေနတ် ပေါက်ထွက်

0
438

တနင်္သာရီမြို့နယ်အတွင်းရှိ ကျေး ရွာတစ်ရွာတွင် လက်လုပ်ယမ်းထောင်း သေနတ် ပေါက်ထွက်သဖြင့် အမျိုးသား တစ်ဦး ဒဏ်ရာရခဲ့သည်။
လယ်သစ်ကျေးရွာအုပ်စု ကဒဲလိပ် ကျေးရွာတွင် စက်တင်ဘာလ ၂၇ ရက် က ထိုသို့ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေနတ် ပိုင်ရှင်က ယမ်းထောင်းသေနတ် တွင် ယမ်းနှင့် ခဲသီးတို့ထည့်ထားသည်ကို မေ့လျော့ကာ တိုက်ချွတ်ဖြုတ်ဆေးရာမှ ကျည်ပေါက် ထွက်သွားခြင်းဖြစ်ကြောင်း တနင်္သာရီမြို့နယ် ရဲစခန်းမှ သိရသည်။


ယင်းကဲ့သို့ ယမ်းပေါက်ထွက်သဖြင့် တစ်ရွာတည်းနေ ဝမ်းကွဲညီအစ်ကိုတော် သူ အမျိုးသားတစ်ဦး၏ လက်ဝဲဘက် ပေါင်တွင် ကျည်ထိမှန်ခဲ့သဖြင့် တနင်္သာရီ မြို့နယ် ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူခံရကြောင်း အထက်ပါ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်က ပြောပြသည်။
တရားမဝင် လက်လုပ် ယမ်းထောင်း တရားမဝင် ကိုင်ဆောင်မှုဖြင့် သေနတ် လက်ဝယ်တွေ့သူအား တနင်္သာရီ ရဲစခန်း မှ အမှုဖွင့် စစ်ဆေးဆောင်ရွက်နေကြောင်း ယင်းရဲစခန်းမှ သိရသည်။