မူးယစ်ဆေးဝါး ဝင်ဖမ်းသည့်ရဲကို ဓားဖြင့်ခုတ်သည့်ဖြစ်စဉ်တွင် ပါဝင်သူများအနက် ၃ ဦးမိ

0
428

မြိတ်မြို့တွင် ပြီးခဲ့သည့် စက်တင် ဘာလ ၂၆ ရက်က မူးယစ်ဆေးဝင် ဖမ်းသည့် ရဲများအား ဓားဖြင့် ခုတ် သည့်ဖြစ်စဉ်တွင် ပါဝင်သူ များအနက် ၃ ဦးကို ဖမ်းမိထားပြီဖြစ်ကြောင်း မြိတ်မြို့နယ် ရဲစခန်း စခန်းမှူး ဒု ရဲမှူး ဦးဝင်းဇော်ဦးထံမှ သိရသည်။


ယင်းဖြစ်စဉ်တွင် ပါဝင်သူ ၅ ဦး အနက် ၃ ဦးကို ဖမ်းမိခြင်း ဖြစ်ပြီး ၂ ဦး လွတ်မြောက်နေဆဲ ဖြစ်သည်။
၎င်းတို့အား မြိတ်မြို့နယ်ရဲစခန်းမှ မယ(ပ) ၁၄၅/ ၂၀၁၆၊ မူး /စိတ် ပုဒ်မ ၁၅ /၁၆(ဂ)/ ၂၁အရ အမှု ဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း ယင်းရဲစခန်းမှ သိရသည်။

drug_myeik
” နှစ်ဦးတော့ လွတ်နေသေးတယ်၊ ကျန်သူတွေနဲ့ လက်ခံထားသူတွေကို မနေ့က ဖမ်းဆီးရမိထားပါပြီ ” ဟု စခန်း မှူး ဦးဝင်းဇော်ဦးက ပြောသည်။မြိတ်မြို့နယ် မြိတ်တောင်နယ်မြေ မြို့မ ၂ ရပ်ကွက်၊ ပိတောက်လမ်းရှိ ဝေယံထွန်းဆိုသူ၏   နေအိမ်အား မူးယစ် ဆေးဝါး သတင်း အရ  အမှတ်(၄)နယ် မြေ ရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ရပ် /ကျေး အုပ်ချုပ်ရေးမှူးများနှင့် မီးသတ်တပ်ဖွဲ့ ဝင်တချို့တို့နှင့်အတူ ဝင်ရောက် ဖမ်း ဆီးရာမှ ယင်းသို့ ဓားဖြင့်ပြန်လည် ခုခံခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ ခုခံသဖြင့် အရန်မီးသတ် တပ်ဖွဲ့ဝင်တစ်ဦး၏ လက်တွင် ပြတ်ရှ ဒဏ်ရာ ၂ ချက်၊ နေအိမ်နှစ်ဆောင်ကြားရှိ ခြံစည်းရိုး အုတ်နံရံကို ကျော်တက်ပြေးခဲ့ သည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးမှာ အုတ်တံ တိုင်းထိပ်တွင် စိုက်ထားသော ပုလင်းကွဲ စူးရှမိသဖြင့် လက်တွင် ပြတ်ရှ ဒဏ်ရာ ၃ ချက် အသီးသီးရခဲ့ကြောင်း မြိတ်ပြည် သူ့ဆေးရုံကြီးမှ သိရသည်။

 
ဖြစ်စဉ်တွင် ပါဝင်သူများအနက် ဒေါ်စန်းစန်းဝေနှင့် သားဖြစ်သူ ကောင်း မြတ်ထွန်းတို့အား စက်တင်ဘာလ ၂၇ ရက် မွန်လွှဲ ၁၂ နာရီခွဲခန့်က ဖမ်းဆီး ရမိထားပြီးဖြစ်ကာ ကောင်းမြတ်ထွန်း၏ ထွက်ဆိုချက်အရ အခင်းဖြစ်သည့်နေ့ တွင် နေအိမ်သို့ ရောက်ရှိနေသူ ပထမနှစ် အဝေးသင်ကျောင်းသား တစ်ဦးကို ဖမ်း ဆီးရမိထားပြီးဖြစ်ကြောင်း ရဲစခန်း မှတ် တမ်းအရ သိရသည်။ထို့အပြင် ထွက်ပြေးတိမ်းရှောင်ခဲ့ သည့် ဒေါ်စန်းစန်းဝေနှင့် သားဖြစ်သူ အား လက်ခံထားသူနှင့် အခင်းဖြစ်ရာ တွင် ပါဝင်ခဲ့သည့်  မော်တော်ယာဉ်အား ဖျောက်ဖျက်ခဲ့သူ အမျိုးသမီး ၂ ဦးအား လည်း အမှုဖွင့်အရေးယူထားကြောင်း ရဲစခန်းမှ သိရသည်။
ပြစ်မှုကျူးလွန်သူများကို သိလျက် နှင့် သတင်းပေးရန် ပျက်ကွက် ခြင်း၊ အခင်းဖြစ်စဉ်တွင် အသုံးပြုသည့် သက် သေခံ ကားအား ဖျောက်ဖျက်ခြင်း၊ ပြစ်မှု ကျူးလွန်သူအား လက်ခံထားရှိခြင်း တို့ ကြောင့် အဆိုပါ အမျိုးသမီး ၂ ဦးအား မြိတ်မြို့နယ်ရဲစခန်းမှ (ပ)၁၆၁၇၊ ၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၂၆ / ၃၃၃ / ၂၀၁ / ၂၀၁ / ၂၁၂ တို့ဖြင့် အမှုဖွင့် ဆောင် ရွက်ထားကြောင်း ယင်းရဲစခန်းမှ သိရ သည်။
ယင်းနေအိမ်အတွင်းမှ WY စိတ် ကြွဆေးပြား ၁၂ ပြား၊ အမြင့် ၁၀ လက်မခန့်ရှိ ဆေးရှုကိရိယာတစ်ခု၊ အပေါက်ပါ ပလစ်စတစ်ဗူး ဆေးရှုကိရိ ယာတစ်ခု၊ အရိုး ၇ လက်မ အသွား ၂၄ လက်မရှိ ဓားရှည်တစ်ချောင်း၊ အရိုး ၆ လက်မ အသွား ၁၅ လက်မရှိ ဓားရှည် တစ်ချောင်းတို့နှင့် မူးယစ်ဆေးဝါး အသုံးပြုရန် ဆက်စပ်ပစ္စည်းများကို ဖမ်း ဆီးရမိခဲ့ကြောင်း ရဲစခန်းမှ သိရသည်။