ဘတ်ဂျက်အတွက် လွှတ်တော်အမတ်များ လေ့လာသုံးသပ်ချိန် ပိုလို

0
358

တနင်္သာရီတိုင်းဒေသကြီး အစိုးရ ၏ ဘတ်ဂျက် လျာထားချက်များကို လေ့လာသုံးသပ်ရန်အတွက် လွှတ်တော် အစည်းအဝေး မတိုင်မီအချိန် လုံ လောက်စွာပေးရန် လိုအပ်ကြောင်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စား လှယ်များက ပြောသည်။


၂၀၁၆-၂၀၁၇ ခုနှစ် ဘဏ္ဍာရေး နှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေ တောင်း ခံရန် လျာထားချက်ကို တိုင်းလွှတ်တော် ၏ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီအပါအဝင် လွှတ်တော် ကိုယ် စားလှယ်များ လေ့လာသုံးသပ်ချိန် လုံ လောက်စွာမရခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။” ဘတ်ဂျက် အတည်ပြုတဲ့နေရာမှာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကျွန်တော်တို့ရဲ့ ကော်မတီကနေပြီးတော့ လုံလောက်တဲ့ လေ့လာမှုတွေ ဆန်းစစ်မှု တွေ လုပ်ဖို့လိုတယ်” ဟု တိုင်းလွှတ် တော်၏ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီဥက္ကဋ္ဌ  ဦးကျော်မင်း က ပြောသည်။

 
ဘတ်ဂျက် အမျိုးအစားအပေါ် မူတည်ပြီး ၁ ပတ်မှ ၂ ပတ်အကြား အချိန်လိုသည်ဟု ၎င်းက ပြောသည်။
လွှတ်တော်ကိုယ်စားလှယ်များ သိမှသာ ဘတ်ဂျက်များသည် ပြည်သူ လူထု၏ လိုအပ်မှုနှင့် အမှန်တကယ် ကိုက်ညီမှုရှိမရှိကို ဆန်းစစ်နိုင်မည်ဟု ဦးကျော်မင်းက ဆိုသည်။ပြီးခဲ့သည့် အစည်းအဝေးအတွက် ၂ ရက်ခန့်သာ အချိန်ရသည်ဟု လွှတ် တော် ကိုယ်စားလှယ်များက ပြောသည်။

 
၂၀၁၆-၂၀၁၇ ဖြည့်စွက် ခွင့်ပြု ငွေလျာထားချက်မှာ အစိုးရအသစ်၏ ပထမဆုံးရေးဆွဲရသည့် ဘတ်ဂျက် ဖြစ်ကာ အချိန်လုံလောက်စွာ မရခဲ့ခြင်း ကြောင့် ကိုယ်စားလှယ်များအား လေ့ လာ ဆန်းစစ်ရန် ပေးသည့်အချိန်နည်း သွားခဲ့သည်ဟု ဘဏ္ဍာရေးနှင့် စီမံကိန်း ဝန်ကြီး ဦးဖြိုးဝင်းထွန်းက ပြောကြား သည်။
နောင်တွင် တိုင်းလွှတ်တော်တွင် အတည်ပြုရမည့် ဘတ်ဂျက်များကို လွှတ်တော် အစည်းအဝေးမစမီ လုံ လောက်သည့် အချိန်ပေးရန် စက်တင် ဘာလ ၂၇ ရက်က ကျင်းပသည့် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် အရးပေါ် အစည်းအဝေး ဒုတိယနေ့တွင် ဦးကျော်မင်းက အကြံပြု ဆွေးနွေး ခဲ့သည်။