ဘီအိုင်အေ သမိုင်းပြတိုက်အား စိန်ရတုအမီ ဖွင့်နိုင်ရန်လျာထား

0
562

ထားဝယ်မြို့နယ် တောင်သုံးလုံး ရွာရှိ မြန်မာ့လွတ်လပ်ရေး သမိုင်းဝင် မော်ကွန်းကျောက်တိုင် အဆင့်မြှင့် မွမ်း မံခြင်းနှင့် သမိုင်းပြတိုက် တည် ဆောက် ခြင်းကို မော်ကွန်းကျောက်တိုင် စိုက်ထူ ခြင်း  ၇၅ နှစ်ပြည့်မည့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်တွင် ဖွင့်လှစ်နိုင်ရန် လျာထားကြောင်း ဘီအိုင်အေ မော်ကွန်း ကျောက်တိုင်နှင့် ပြတိုက်တည်ဆောက် ရေး ကော်မတီထံမှ သိရသည်။


ဘီအိုင်အေကို ထိုင်းနိုင်ငံ ဘန် ကောက်တွင် ဖွဲ့စည်းခဲ့ပြီးနောက် စစ် ကြောင်း ၃ ကြောင်းခွဲကာ မြန်မာနိုင်ငံ သို့ဝင်လာပြီး တိုက်ခိုက်ရာ ထားဝယ်စစ် ကြောင်းသည် ၁၉၄၂ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်တွင် မေတ္တာရွာရှိ ဗြိတိသျှတပ် စခန်းကို သိမ်းပိုက်ခဲ့ပြီးနောက် ဇန်နဝါ ရီလ ၁၉ ရက်တွင် အဆိုပါ မော်ကွန်း ကျောက်တိုင်ကို စိုက်ထူခဲ့ကြောင်း သိရ သည်။” အားလုံး လက်စသတ်နိုင် အောင် တော့ ကြိုးစားနေတယ်၊ လက်သမား ဆရာတွေနဲ့ အလှူငွေရရှိမှု အပေါ်မှာ လည်း မူတည်တာပေါ့”  ဟု ကော်မတီ အတွင်းရေးမှူး ဦးရာဇာစိုးက ပြောသည်။

 
မြန်မာ့လွတ်လပ်ရေး သမိုင်းဝင် (BIA) မော်ကွန်းကျောက်တိုင်အား နောင်မျိုးဆက်သစ်များ သိရှိလေ့လာ နိုင်စေရန်နိုင်ငံတော်အဆင့် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ဘီအိုင်အေ မော် ကွန်းကျောက်တိုင်နှင့် ပြတိုက် တည် ဆောက်ရေး  အလုပ်အမှု ဆောင် အဖွဲ့ ဥက္ကဋ္ဌတိုင်းစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးက ပြောသည်။

 
” လက်ရှိ အခြေအနေက ကြည့် လိုက်တော့ တာဝါတိုင်လိုလို ဓာတ်မီး တိုင်လိုလိုဖြစ်နေတယ်” ဟု ဝန်ကြီးက ပြောသည်။
ယင်းမော်ကွန်းကျောက်တိုင်တွင် မျက်နှာစာ အကျယ်ပေ ၁၈၀နှင့် အလျား ပေ၃၀၀ ရှိ ခြံဝင်းကာရံသွားမည် ဖြစ်ကာ    ကျောက်တိုင်ဝဲယာတွင် ဘီအိုင်အေ ခေတ် စစ်သည်ရုပ်ထုနှစ်ခုကို ထားဝယ် သားပညာရှင်မှ ထုလုပ်သွားမည် ဖြစ်ကြောင်း ဘီအိုင်အေ မော်ကွန်း ကျောက်တိုင်နှင့် ပြတိုက်တည်ဆောက် ရေးကော်မတီနာယက အဖွဲ့ဝင်တစ်ဦးက ဆိုသည်။