မြို့နယ်စည်ပင် ကော်မတီအမည်စာရင်း အောက်တိုဘာလ ၁၀ ရက် နောက်ဆုံးထား ပေးပို့ရမည်

0
429

တိုင်းအတွင်းရှိ မြို့နယ်အသီးသီးမှ ရွေးချယ်ထားသည့် မြို့နယ်စည်ပင် ကော်မတီ အမည်စာရင်းများကို လာမည့် အောက်တို ဘာလ ၁၀ ရက် နောက်ဆုံး ထားကာ ပေးပို့ရမည်ဟု တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးမှ သိရသည်။


ပေးပို့လာသည့် ကော်မတီ စာရင်း ကို တိုင်းအစိုးရအဖွဲ့ အစည်းအဝေး တွင် အတည်ပြုမည်ဖြစ်ကြောင်း တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး ဒုတိယ ညွှန်ကြားရေးမှူးက ပြောသည်။” လက်ရှိအချိန်မှာ မြို့နယ်တချို့ က ရွေးထားပြီးပြီလို့ ကြားပေမယ့် ခရိုင် အလိုက် စုပြီးတင်ရမှာ ဖြစ်တဲ့အတွက် ဒီကိုတော့ ရောက်မလာသေးဘူး” ဟု တိုင်းအစိုးရအဖွဲ့ရုံး ဒုညွှန်ကြားရေးမှူး ဦးသိန်းအောင်က ပြောသည်။

 
မြို့နယ်အသီးသီး၏ စည်ပင် ကော်မတီရွေးချယ်မှုများကို စည်ပင် ဥပဒေ၊ နည်းဥပဒေပါ အချက်များအတိုင်း ပွင့်လင်းမြင်သာစွာ    ဆောင်ရွက်ကြရန် ပြောထားကြောင်း တနင်္သာရီတိုင်းဒေသ ကြီးလူမှုရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး ဦးဟိုပင်က ဆိုသည်။
” တချို့အသံထွက်တဲ့ကိစ္စ ကတော့ ဥပဒေ၊ နည်းဥပဒေကို ကောင်း စွာ သဘောမပေါက်တဲ့အတွက် ဖြစ်တာ များတယ်”  ဟု ဝန်ကြီးဦးဟိုပင်က ပြော သည်။

 
မြို့နယ် စည်ပင်သာယာရေး ကော် မတီများအား မြို့ပေါ်စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ ရပ်ကွက်များမှ ရပ်ကွက် အရေအတွက် အပေါ်မူတည်၍ ကော်မတီဝင်အဖြစ် အရွေးချယ်ခံမည့် မြို့မိမြို့ဖ အရေအတွက်ကို ရပ်ကွက် တစ်ခုချင်းအလိုက် ၁ ဦးမှ ၃ ဦးအထိ သတ်မှတ်ပေးရမည်ဟု တနင်္သာရီတိုင်း ဒေသကြီး မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဖွဲ့စည်းခြင်းဆိုင်ရာ နည်း ဥပဒေတွင် ဖော်ပြထားသည်။