ရေကန်ဘောင်ကြီးတွင် လူသေအလောင်းတစ်လောင်း တွေ့ရှိ

0
473

အမျိုးသား လူသေအလောင်းတစ် လောင်းကို မြိတ်မြို့ မြစ်ငယ်ရပ်ကွက်ရှိ ရေကန်ဘောင်ကြီးအတွင်းတွင် စက်တင် ဘာလ ၂၇ ရက် မွန်းလွှဲ ၁၂ နာရီအချိန် ခန့်က တွေ့ရှိခဲ့ကြောင်း မြိတ်မြို့နယ် ရဲစခန်းမှူး ဦးဝင်းဇော်ဦးထံမှ သိရသည်။


အသက် ၄၆ နှစ် အရွယ် သေဆုံးသူ အမျိုးသား၏ အလောင်းအား စစ်ဆေး ချက်အရ ပြင်းထန် ဒဏ်ရာများ မတွေ့ရှိ ဟု ရဲစခန်းမှ သိရသည်။အဆိုပါ အမျိုးသားသည် စိတ် ကျန်းမာရေး ပုံမှန်မဟုတ်ဘဲ ပြီးခဲ့သည့် ၃ ရက်ခန့်မှစပြီး နေအိမ်မှ ပျောက်ဆုံး နေသူ တစ်ဦးဖြစ်ကြောင်း ရဲစခန်းမှ သိရ သည်။
ယင်းရေကန်ဘောင်ကြီးတွင် ပြီးခဲ့သည့် ၃ နှစ်ခန့်ကလည်း အမျိုး သားအလောင်းတစ်လောင်း ပေါ်ခဲ့ဖူး ကြောင်း ယင်းကန်ဘောင် နံဘေးနေသူ အချို့က ဆိုသည်။