အစိုးရက လွှတ်တော်တွင် တိကျသည့်အဖြေ မပေးနိုင်ဟု မွန်ပြည်နယ်အမတ်များ ဝေဖန်

0
522

မွန်ပြည်နယ်လွှတ်တော်တွင် ကိုယ်စားလှယ်များ မေးမြန်းသည့် မေး ခွန်းများအပေါ် သက်ဆိုင်ရာ အစိုးရ အဖွဲ့ဝန်ကြီး ဌာနတို့က စနစ်တကျဖြင့် တိကျသည့် ဖြေကြားမှု မပေးနိုင်ဟု လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်လျက်ရှိသည်။


လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် စနစ်တကျ ကွင်းဆင်း စစ် ဆေးထားပြီး အမှန်တကယ် ဖြစ်ပျက် နေသည့် လူထုအကျိုးပြုမေးခွန်းများ ကိုသာ မေးမြန်းသော်လည်း အစိုးရ ဝန်ကြီးဌာနအနေဖြင့် ကိုယ်တိုင် ကွင်း ဆင်းစစ်ဆေးခြင်းမရှိဘဲ သက်ဆိုင် ရာ ဌာနမှ တင်ပြလာသည့် အချက်အလက် ကိုသာ ကိုးကားပြီး ပြန်လည်ဖြေကြား ပေးနေသည်ဟု သထုံမြို့နယ် လွှတ် တော်  ကိုယ်စားလှယ် ဦးအောင်ကျော် သူက ပြောသည်။

 
” လိုအပ်ချက်တွေ ကိုယ်တိုင်တွေ့ တယ်၊ အမှန်တကယ်လည်း လိုအပ်တယ်၊ လူထုအတွက်လည်း တကယ် အကျိုးဖြစ် နိုင်မယ့် မေးခွန်းတွေ ကိုမေးတာ ဖြစ်ပါ တယ် ” ဟု ဦးအောင်ကျော်သူက ပြောသည်။ အစိုးရအနေဖြင့် လွှတ်တော် မေးမြန်းချက်များကို ယခုကဲ့သို့ပင် ဖြေကြားနေမည်ဆိုပါက ရေရှည်တွင် အစိုးရအပြင် လွှတ်တော် အပေါ်လည်း လူထုယုံကြည်မှု လျော့ကျလာနိုင်သည် ဟု ၎င်းက ပြောသည်။

 
မေးခွန်းများအတွက် ကြိုတင်ပြင် ဆင်ချိန်ရရန် ကိုယ်စားလှယ်များ၏ မေးခွန်းများကို အစည်းအဝေး မကျင်း ပမီ ၁၂ ရက်ခန့် ကြိုတင် ပေးပို့ထား သည့်အတွက် အစိုးရအနေဖြင့် အောက် ခြေအထိ ဆင်းပြီး အချက်အလက် တိတိကျကျရှာကာ အဖြေပေးသင့် သည်ဟု မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောသည်။ကိုယ်စားလှယ်တို့၏ မေးမြန်းချက် များကို အချက်အလက်ကျကျ ပြည့်ပြည့် စုံစုံ အဖြေမပေးနိုင်သည့်အတွက် ထပ် ဆင့် မေးခွန်း များဖြင့် မေးမြန်းရလေ့ ရှိသည်ဟု ဒေါ်တင်အိက ပြောသည်။

 
ထပ်ဆင့် မေးခွန်းမေးသည့်အခါ ဝန်ကြီးဌာနဘက်က ထပ်မံဖြေကြားပေး ရန်မလိုဆိုကာ ပြန်လည်ဖြေကြားသည် မျိုး ရှိခဲ့သည့်အတွက် လွှတ်တော်နှင့် အစိုးရကြား မကျေလည်မှုများ ဖြစ်ခဲ့သည်။