တနင်္သာရီတိုင်း လူငယ်ရေးရာမူဝါဒ အောက်တိုဘာလအတွင်း ချမှတ်မည်

0
368

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ လူငယ်များ၏ လူငယ်ရေးရာမူဝါဒကို လာမည့် အောက်တိုဘာလအတွင်း ချမှတ်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း လူငယ်ကွန်ရက်ထံမှ သိရသည်။

တိုင်းအတွင်းရှိ မြို့နယ် သို့မဟုတ် ခရိုင်အလိုက် လူငယ်ညီလာခံများ ကျင်းပပြီး ယင်းညီလာခံများက ရွေးချယ်လိုက်သည့် မြို့နယ်အလိုက် ကိုယ် စားလှယ်များနှင့် ဆွေးနွေးခဲ့သည့် အကြောင်းအရာများကို တိုင်းအဆင့် လူငယ် ညီလာခံတွင် ဆွေးနွေးကာ တိုင်းလူငယ်ရေးရာမူဝါဒ(Youth Policy) ချမှတ်မည် ဖြစ်ကြောင်း ယင်းကွန်ရက်၏ ဦးဆောင်ကော်မတီဝင် ဦးဟိန်းထက်က ပြောသည်။
” လူငယ်တွေနဲ့ ပတ်သက်တဲ့မူတစ်ခု ရှိဖို့လိုတယ်။ အဲဒါမှ ဘာပဲလုပ်လုပ် ဥပမာ ဥပဒေတစ်ခုရေးဆွဲရင် လူငယ်တွေရဲ့မူဝါဒက ဘယ်လိုရှိတယ်။ လူငယ် တွေအတွက် ဘာတွေထည့်ဖို့လိုမလဲ စဉ်းစားလို့ရတယ်” ဟု ဦးဟိန်းထက်က ဆိုသည်။

 
တနင်္သာရီတိုင်းအတွင်း လူငယ်ရေးရာနှင့် သက်ဆိုင်သည့် ကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် တိုင်းအနှံ့ ချိတ်ဆက် ဖြန့်ကြက်နိုင်သော အားကောင်းသည့် လူငယ်ကွန်ရက်ပေါ်ပေါက်ရေးနှင့် ပြည်ထောင်စုအဆင့် လူငယ်မူဝါဒဆွေးနွေး ပွဲတွင် တနင်္သာရီမှ လူငယ်အလွှာစုံ၏ အသံစုစည်းဖော်ထုတ် နိုင်ရန်ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း တိုင်းလူ ငယ်ကွန်ရက်ထံမှ သိရသည်။

 
နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ စသည့်အဖွဲ့ အစည်း များမှ လူငယ်များ၊ ကျောင်းသား များ၊ မသန်စွမ်း လူငယ်များ၊ အလုပ် သမားများ စသဖြင့် အလွှာပေါင်းစုံမှ လူငယ်များ ပါဝင်နိုင်မှ တနင်္သာရီတိုင်းရှိ လူငယ်များ၏ စစ်မှန်သော အသံရရှိနိုင်ရန် အလွှာစုံမှ လူငယ်များ မြို့နယ်နှင့် ခရိုင်ညီလာခံများသို့ တက်ရောက်စေလိုကြောင်း ဦးဟိန်းထက်က ဆိုသည်။မြို့နယ်သို့မဟုတ် ခရိုင်အလိုက် လူငယ်ညီလာခံများကို အောက်တိုဘာလ ဆန်းပိုင်းတွင် ကျင်းပမည်ဖြစ်ပြီး တိုင်းအဆင့် ညီလာခံကို အောက်တိုဘာလ ၂၀ ရက်နေ့ နောက်ဆုံးထားကျင်းပမည်ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရ သည်။