လိုင်စင်မဲ့ ကျောက်စုပ်လှေ ၈ စီး အရေးယူ

0
431

ထားဝယ်မြစ်အတွင်း ရေဖြူနယ် ပိုင်နက်တွင်းကျေးရွာအနီးတွင် ကျောက် စုပ်နေသည့် လုပ်ငန်း လိုင်စင်မဲ့လှေ ၈ စီးကို အရေးယူထားကြောင်း ရေဖြူ မြို့နယ် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။


ဒေသခံများ၏ သတင်းပေး တိုင် ကြားမှုကြောင့် စက်တင်ဘာလ ၂၆ ရက်က ယင်းကျေးရွာအနီးရှိ ထားဝယ် မြစ်အတွင်း ကျောက်စုပ်နေသည့် လှေ များအား ရေဖြူမြို့နယ်အတွင်း သဲ၊ ကျောက်စရစ်လုပ်ငန်းများ တရားမဝင် ထုတ်လုပ်မှု မရှိစေရေး စိစစ်အရေးယူရေး အဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြာင်း ယင်းအဖွဲ့ခေါင်းဆောင် ရေဖြူမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။
” လုပ်ငန်းလိုင်စင်မရှိတဲ့ စက်လှေ ရှစ်စီးနဲ့ လူ ကိုးယောက်ကို ရေဖြူမြို့နယ် ရဲစခန်းမှာ အမှုဖွင့်ထားတယ်” ဟု ရေဖြူ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင် က ပြောသည်။
ရေဖြူမြို့နယ်အတွင်း သဲ၊ ကျောက် စရစ်လုပ်ငန်းများ တရားမဝင် ထုတ်လုပ် မှုမရှိစေရေး စိစစ် အရေး ယူရေးအဖွဲ့ကို ရေဖြူမြို့နယ်အတွင်းရှိ ထွေ / အုပ်၊ သစ်တော၊ ရဲ၊ စိုက်ပျိုးရေး၊ လယ်ယာနှင့် စာရင်းအင်း စသဖြင့် သက်ဆိုင်ရာ ဌာနများဖြင့် ဖွဲ့စည်းထားကြောင်း သိရ သည်။