၃ လကျော်ကြာ ရပ်နားထားသည့် မွန်လွှတ်တော်အစည်းအဝေး ပြန်စမည်

0
381

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ် တော် ဒုတိယ ပုံမှန်အစည်းအဝေး ကျင်း ပပြီးနောက် ၃ လကျော်ကြာသည်အထိ ရပ်နားထားသည့် မွန်ပြည်နယ် လွှတ် တော် အစည်းအဝေးကို ပြန်လည်ကျင်းပ မည်ဟု မွန်ပြည်နယ် လွှတ်တော်ရုံးထံမှ သိရသည်။


တတိယ ပုံမှန် အစည်းအဝေးကို အောက်တိုဘာ ၃ ရက်မှ ၆ ရက်ထိ ၄ ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အဆို ၈ ခု၊ မေးခွန်း ၂၇ ခု ရှိသည်ဟု သိရသည်။ထို့အပြင် မွန်ပြည်နယ် အလတ်စား နှင့် အသေးစားပုဂ္ဂလိက လျှပ်စစ် ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးဆိုင်ရာ ဥပဒေကြမ်း ၁ ခု တင်သွင်းမည်ဖြစ်ပြီး မွန်ပြည်နယ် ၂၀၁၆ခုနှစ် ဘဏ္ဍာငွေ အရ သုံးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အတည်ပြု သွားရန်ရှိ သည်ဟု မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောသည်။

mon_paliment_restart
” ကမ်းနားလမ်းအပိုင်း ၆ ကိစ္စ၊ နောက်ပြီး ကျောက်မိုင်းကိစ္စတွေ စိစစ် ဆောင်ရွက်နေဆဲပဲ ဖြစ်ပါတယ်၊ တရား ဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီးတော့ လည်း လာမယ့်လွှတ်တော်အစည်းအဝေး မှာ တင်ပြ ဆွေးနွေးဖို့ရှိပါတယ်” ဟု ဒေါ်တင်အိက ပြောသည်။
၃ လကျော်ကြာသည်ထိ လွှတ် တော်အစည်းအဝေး ထပ်မခေါ်နိုင်ဖြစ်ခဲ့ သည်နှင့် ပတ်သက်ပြီး လွှတ်တော် လေ့လာ စောင့်ကြည့်သူများနှင့် ပြည်သူ လူထုများကြား ဝေဖန်ပြောဆိုမှုများ ဖြစ်နေခဲ့သည်။
သို့သော် လွှတ်တော်ဘက်ကမူ အစည်းအဝေးတစ်ကြိမ် ကျင်းပနိုင်ရန် အတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများသို့ ကြိုတင် အသိပေးအကြောင်းကြားရခြင်း၊ ညှိနှိုင်းအစည်းအဝေး ကျင်းပရခြင်း မေးခွန်းများ၊ အဆိုများ စုဆောင်းရခြင်း အစရှိသည့် ကြိုတင်ပြင်ဆင်မှုများပြုလုပ် ရခြင်းကြောင့် လွှတ်တော်အစည်းအဝေး တစ်ကြိမ်ကျင်းပရန် အချိန်ယူရသည်ဟု ဒေါ်တင်အိက ပြောသည်။
ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ် တော်အစည်းအဝေးကို ဖေဖော်ဝါရီလက စတင်ခဲ့ပြီး ဇွန်လ ၂၇ ရက် နောက်ဆုံး အကြိမ် ကျင်းပသည့် အစည်းအဝေးအထိ ပုံမှန်အစည်းအဝေး ၂ ကြိမ်၊ အထူး အစည်း အဝေး ၁ ကြိမ် ကျင်းပခဲ့ပြီး ဖြစ်သည်။