သတ္တုလုပ်ငန်းများ ပတ်ဝန်းကျင် ထိန်းသိမ်းရေးစီမံချက် လကုန် ရေးဆွဲရမည်

0
410

ပတ်ဝန်းကျင်ထိန်းသိမ်းရေးစီမံ ချက်များကို နိုဝင်ဘာလ ၁ ရက်နေ့ အပြီး ရေးဆွဲရန် တနင်္သာရီတိုင်း ဒေသ ကြီးအတွင်း လုပ်ကိုင်လျက်ရှိသည့် သတ္တုတူးဖော်ရေး လုပ်ငန်းအားလုံးကို ညွှန်ကြားထားကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။


သတ္တုတွင်း အရွယ်အစားအလိုက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးစီမံချက်များ ဖြစ်သည့်  IEE (ကနဦး ပတ်ဝန်းကျင် ဆန်းစစ်ခြင်း)၊ EIA (ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း လုပ်ငန်းများ)၊ EMP (ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီ အစဉ်) စသည်တို့ကို သတ္တုလုပ်ငန်း များမှ ပြန်လည်ရေးဆွဲရန် သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနမှ ညွှန်ကြားထားကြောင်း သိရသည်။
” လက်ရှိခွင့်ပြုထားတဲ့ ကုမ္ပဏီတွေ တော်တော်များများမှာ Plan (အစီအစဉ်)တွေက ရှိပြီးသား။  On Paper  (စာရွက် ပေါ်မှာရှိပြီး အလုပ်မဖြစ်တာ) တွေများ တယ်။ ကိုယ့်ဘာသာ ကိုယ်ဆွဲထား တာတွေ ဖြစ်နေတော့ ပြန်ဆွဲခိုင်းထား တယ်” ဟု တနင်္သာရီတိုင်း အစိုးရအဖွဲ့မှ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီး ဦးမြင့်မောင်က ပြောကြားသည်။

 
အဆိုပါ ပတ်ဝန်းကျင် ထိန်းသိမ်း ရေး စီမံချက်များကို ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနထံတွင် မှတ်ပုံ တင်ထားသည့် တတိယ အဖွဲ့အစည်း (Third Party)  များက ရေးဆွဲရမည် ဖြစ်ပြီးနည်းစနစ်မကျပါက ယင်းအဖွဲ့ အစည်းများက တာဝန်ခံရမည် ဖြစ် ကြောင်း ဦးမြင့်မောင်က ဆိုသည်။ရေးဆွဲပြီးသည့် စီမံချက်များကို ဝန်ကြီးဌာနသို့ တင်ပြပေးပို့ရမည်ဖြစ်ပြီး ယင်းစီမံချက်များကို လိုက်နာမှုရှိ ^ မရှိ ကို ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီး ဌာနမှ ၆ လ တစ်ကြိမ် စစ်ဆေးရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

 
ပတ်ဝန်းကျင်ထိန်းသိမ်းရေး စီမံချက် များကို လွန်ခဲ့သည့် ၂ လ ခန့်က ပြန် လည်ရေးဆွဲရန် ပြည်ထောင်စုဝန်ကြီး ဌာနက ညွှန်ကြားခဲ့ခြင်း ဖြစ်ကြောင်း တနင်္သာရီတိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။