ထားဝယ်ခရိုင်အတွင်း ရွာပေါင်းတစ်ရာကျော်အား လျှပ်စစ်မီး တိုးချဲ့ပေးမည်

0
342

၂၀၁၆-၂၀၁၇ ဘဏ္ဍာ ရေးနှစ်အ တွင်း ထားဝယ်ခရိုင်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာပေါင်း ၁၀၀ ကျော်အား သဘာဝ ဓာတ်ငွေ့ဖြင့် လျှပ်စစ်မီး တိုးချဲ့ပေး နိုင်မည်ဟု တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးထံမှ သိရသည်။


ထားဝယ်မြို့နယ်တွင် ၆ ရွာ၊ လောင်းလုံးမြို့နယ်တွင် ၃၂ ရွာ၊ သရက် ချောင်းမြို့နယ်တွင် ၂၆ ရွာ၊ ရေဖြူမြို့ နယ်တွင် ၁၀ ရွာနှင့် မောင်းမကန် ဒေသတွင် ၆ ရွာ၊ ကလိန်အောင်ဒေသတွင် ၂၂ ရွာနှင့် မေတ္တာဒေသတွင် ၉ ရွာကို တိုးချဲ့ပြီး လျှပ်စစ်မီးဖြန့်ဖြူး နိုင်ရန် စီစဉ်နေကြောင်း ဒု တိုင်းလျှပ်စစ်အင်ဂျင် နီယာ အင်ဂျင်နီယာမှူးကြီး ဦးထွန်း ဝဏ္ဏက ဆိုသည်။” ဒီဒေသမှာက ကျေးရွာတွေ ပြန့် ကျဲနေပြီး လူနေကျဲလို့ ရွာတွေအားလုံး မီးလင်းဖို့ လုပ်ဆောင်ရတာ အခက်အခဲ နည်းနည်း ရှိတယ်” ဟု အင်ဂျင်နီယာ မှူးကြီး ဦးထွန်းဝဏ္ဏက ပြောသည်။

 
လက်ရှိအချိန်တွင် သဘာဝဓာတ် ငွေ့ဖြင့် ၂၄ နာရီ လျှပ်စစ်မီးရရှိမှုနှင့် ပုဂ္ဂလိက ဒီဇယ်မီးစက်၊ အိမ်သုံး          ဆိုလာဖြင့် အချိန်ပိုင်း လျှပ်စစ်မီးရရှိနေ သည့် အနေအထားမှာ ထားဝယ်မြို့နယ် တွင် ၉၅.၄ ရာခိုင်နှုန်း၊ သရက်ချောင်းမြို့ နယ်တွင် ၂၄.၇ ရာခိုင်နှုန်း၊ လောင်းလုံး မြို့နယ်တွင် ၂၂.၇ ရာခိုင်နှုန်း၊ ရေဖြူ မြို့နယ်တွင် ၁၅.၉ ရာခိုင်နှုန်း၊ ကလိန် အောင် ဒေသတွင် ၁၃.၆ ရာခိုင်နှုန်း ရှိ ကြောင်း ၎င်းက ဆိုသည်။
ထားဝယ်ဒေသရှိ အိမ်ထောင်စု ၁၀၄၀၉၂ တွင် အိမ်ထောင်စု ၃၉၉၈၀ သာ လျှပ်စစ်မီးရရှိနေကာ ရာခိုင်နှုန်း အားဖြင့် ၃၈.၄ ရာခိုင်နှုန်းသာရှိကြောင်း အဆိုပါရုံးမှ သိရသည်။
မေတ္တာဒေသတွင်မူ ဒီဇယ်လောင် စာဖြင့် ၁၃.၄ ရာခိုင်နှုန်းသာ လျှပ်စစ် ပေးနိုင်ပြီး လက်ရှိထက် ပိုပေးနိုင်ရန် မေတ္တာ မြို့တွင် ဓာတ်အားခွဲရုံ ၁ ရုံနှင့် ရေဖြူ မြို့နယ်တွင် ၁ ရုံ တည်ဆောက် သွားရန် ရှိကြောင်း ဦးထွန်းဝဏ္ဏက ပြောသည်။
လက်ရှိအချိန်တွင် ထားဝယ်ခရိုင် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာပေါင်း ၇၀ သာ သဘာဝဓာတ်ငွေ့ဖြင့် လျှပ်စစ်မီး ရရှိနေပြီး ရွာပေါင်း ၁၉၆ ရွာတွင် ပုဂ္ဂလိက ဒီဇယ်အင်ဂျင်၊ အိမ်သုံးဆိုလာ များဖြင့် အချိန်ပိုင်းမီးလင်းနေကာ ရွာ ပါင်း ၁၅၆ ရွာတွင် မီးလင်းရန် ကျန်နေ သေးကြောင်း တိုင်းဒေသကြီး လျှပ်စစ် အင်ဂျင်နီယာရုံးထံမှ သိရသည်။

 
ထားဝယ်ခရိုင်အား လျှပ်စစ်မီးဖြန့် ဖြူးပေးရန် ကံပေါက်ဒေသတွင် တပ် ဆင်လည်ပတ်နေသည့် ဂက်စ်အင်ဂျင် ၆ လုံးနှင့် လုံလောက်မှု မရှိသည့်အတွက် ထားဝယ်ဓာတ်အားခွဲရုံတွင် ဒီဇယ်အင် ဂျင် ၅ လုံးဖြင့် အားဖြည့်လည်ပတ် နေရ ပြီး နောက်ထပ် ဒီဇယ်အင်ဂျင် ၇ လုံးကို တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် ဝယ်ယူရန် ပြင်ဆင်ထားကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်က ထားဝယ်ဒေသ လျှပ်စစ်သုံးစွဲမှုမှာ ၃ မဂ္ဂါဝပ်သာရှိရာမှ လက်ရှိအချိန်တွင် ၈ မဂ္ဂါဝပ်အထိ ရှိလာကြောင်း တိုင်းဒေသကြီး လျှပ်စစ် အင်ဂျင်နီယာရုံးမှ သိရသည်။