ဖိုးဟား ရဲ့ နိုင်ငံရေးခရီး

0
953

နိုင်ငံရေးသမား ဖြစ်မှန်းမသိ ဖြစ် သွားခဲ့သည်။
အစက ဖိုးဟားက နိုင်ငံရေး သမား အဖြစ် မခံယူ။ နိုင်ငံရေးသမားဆို သူတွေ က ၅နှစ်တစ်ခါသီးတဲ့ သစ်သီးတစ်လုံး လိုပဲဆိုပြီး ဝေဖန်ကြသည်။


ဖြစ်လည်းဖြစ်နိုင်မည်ဟု ဖိုးဟား တွေးမိသည်။ မြင်ရသည်မှာလည်း ရွေး ကောက်ပွဲကာလမှ ပါတီဝင်အင်္ကျီဝတ်၊ ပါတီ တံဆိပ်ကပ်ပြီး မဲဆွယ်ခဲ့သည်ကိုပဲ ခပ်များများ တွေ့ရသည်။ထိုသူများကိုပင် ဖိုးဟားက နိုင်ငံ ရေးသမားဆိုပြီး ခေါင်းစဉ်အောက်တွင် ထည့်ထားလိုက်သည်။လွန်ခဲ့သော နှစ်ပတ်ခန့်က တနင်္သာ ရီသတင်းစာမှာပါတဲ့ ” အမေစုကို မေးပေး ပါ ”  ဆောင်းပါးဖတ်ပြီးသောအခါ ဖိုးဟား လည်း နိုင်ငံရေးသမား ဖြစ်သွားခဲ့လေ သည်။ ဆောင်းပါးရှင်အပြောက လူတိုင်း က နိုင်ငံရေးသမားဆိုသကိုး။ ကိုယ့်ကိုယ် ကို အရမ်းအထင်ကြီးမိပြီး စိတ်ကြီးဝင် လာသည်။

phoehar_political_journey
ဖိုးဟားသည် နိုင်ငံရေးသမား ဖြစ် သွားပြီဆိုပြီးပေါ့။နိုင်ငံရေးသမားဆိုပြီး စိတ်ကြီးဝင် ပြီးနောက် ဖိုးဟားလည်း လူထုရှေ့ထွက် ချင်လာသည်။တစ်ခုခုတော့ လုပ်မှ ရမယ်ပေါ့။လက်ရှိနိုင်ငံရေး အခြေနေက ဘယ် လိုလဲဆိုပြီး လက်လှမ်းမှီသလောက် လိုက်စု၊ လိုက်ဖတ် ဘာလုပ်ရမည်ဆိုပြီး တွေး။ တစ်ခါတလေ တစ်ညလုံး အိပ်လို့ မရ။ အစိုးရကို ဆန္ဒပြရင်    ကောင်းမလား တွေးမိတွေးရာ    တွေးမိပါကကော။          အနည်း နှင့်အများတော့ လူထုခေါင်းဆောင် ဒါမှမဟုတ် နိုင်ငံရေးသမားဟု နာမည် ကြီးမည်။ နေရာတော်တော်များများတွင် ဆရာကြီး ဖြစ်လာနိုင်သည်။

 
ဟင်း  . . . ဒီနည်းကလည်း မဖြစ် ရေးချမဖြစ်။ အခုချိန်က ဒီလိုမရ။ စဉ်းစားလို့လည်းမမိ။ နိုင်ငံရေးသမား ဆိုပြီး ခံယူကတည်းက လူရှေ့ထွက်ချင် တဲ့ ရောဂါကလည်းရှိ. ဟိ..နောက်ဆုံး ဖိုးဟားလည်း ကိုယ့်တိုင်း ဒေသကြီး အစိုးရအဖွဲ့ကို ထောက်ခံဆန္ဒပြပွဲ လုပ် မည်ဟု ဆုံးဖြတ်ချက် ချမိသည်။
ဖိုးဟားတို့ တိုင်းက အစိုးရအဖွဲ့ဝင် တွေ အရမ်းအလုပ်လုပ်ကြသည်ဟု သတင်းများကလည်း ပလူပျံနေတာပဲ။
ထိုကြောင့် ဖိုးဟား စည်းရုံးရေး စဆင်းမိသည်။ တိုင်းဒေသကြီးအစိုးရရဲ့ လုပ်ရပ်များကို ထောက်ခံဖို့။
မနက်မိုးလင်း လက်ဖက်ရည်ဆိုင် တွင် စဖွင့်သည်။ ကျွန်တော်တို့ မဲထည့် တာ မှန်တယ် ဘာညာနဲ့ ကိုယ့်ဘက်ကို စည်းရုံးသည်။ သဘောပေါက်အောင် ပြောသည်။ လူ ၁၀ ကျော်လောက် ဖိုးဟား ဘက်ကို ပါလာ သယောင်ယောင် ရှိလာသည်။ ဒါပေမယ့် ဖိုးဟား ကံမ ကောင်းခဲ့ပါဘူး။
နံဘေးဝိုင်းက လူက ငါတို့မဲထည့် လိုက်တဲ့ ကိုယ်စားလှယ် မဲဆွယ်စည်းရုံး တုန်းက အခုအချိန်ထိ တစ်ခါမှ ရောက် မလာလို့တစ်နှစ်ပြည့် အောက်မေ့ဖွယ် ဆွမ်းကျွေးပွဲ လုပ်မည် ထပြောလေရော။]]မဲလာဆွယ်တုန်းက နင်ရဲ့လူတွေ ကျွန်တော်တို့ကို ခိုင်းပါ၊ ခိုင်းပါ ဆိုပြီး ပြောခဲ့တာ၊ အခုတော့ ဘယ်သွားခိုင်းရ မလဲ။ ]]မဲမရခင် ရွာထဲလာလိုက်ကြတာ လမ်းမကြီးကိုက အားမနာ}} တဲ့။
ပြောနေလိုက်တာ ပြီးကို မပြီးနိုင်။ ပြောလည်း ပြောမှာပေါ့ သူ့အလှည့် ဖြစ် နေပြီးပဲ။ ပြောနေပါစေလေ အမှန်တွေ ပဲဆိုပြီး။ ဖိုးဟားလည်း ဘာမှမပြောရဲ။ဖိုးဟား ပြောနေတာတွေကို စိတ်ဝင် တစား နားထောင်နေသူတွေကလည်း ဟိုဘက်ကို ပါသွား ပြန်ရော။ နောက်ဆုံး ဖိုးဟားပဲ ဝိုင်းအဟားခံ လိုက်ရသည်။

 
ဒါပေမယ့် ဖိုးဟားရောဂါက မငြိမ် သေး။
နောက်တစ်နေရာပြောင်းပြီး စည်း ရုံးရေးတရား လိုက်ဟောပါလေရော။
” လမ်းမကြီး လုပ်နေတာတွေကို တိုင်းအစိုးရက ကိုယ်တိုင်လိုက်စစ်နေ တယ်။ သဘာဝပတ်ဝန်းကျင်ထိခိုက်တဲ့ ကျောက်မီးသွေး စက်ရုံ။ ရေနံချက်စက်ရုံ တွေလည်း လက်မခံဘူးလို့ ပြောတယ်။ စည်းကမ်းမရှိတဲ့ မိုင်းလုပ်ငန်းများ နားခိုင်း တယ်။ အနံ့ဆိုးတွေ ထွက်လှသည့် မြိတ်ငါးမှုန့် စက်ရုံတွေကိုလည်း နားခိုင်း တယ်။ တစ်တိုင်းလုံး လျှပ်စစ်မီးရရှိအောင် လုပ်ပေးမယ်။ တစ်ယူနစ် ကျပ် ၁၀၀ ဖြစ် အောင် လုပ်ပေးမည်ဟု ပြောထားတယ် / ဆိုပြီး ကြားရသမျှ လိုက်စည်းရုံး၊ ဝန်ကြီး ချုပ်ကိုယ်တိုင် ပြောထားပြီး လုပ်လည်း လုပ်နေတာပဲ။
တချို့ဟာတွေ့က ဖြစ်များဖြစ်နိုင် ပါ့မလားဆိုပြီး အတွေးက ဝင်ဝင်လာပြန် သည်။ ဒါပေမဲ့ ဖိုးဟားရဲ့ နိုင်ငံရေးပြကွက် ရှိ သေးတယ်လေ။
ရွာတွေဆင်းပြီး အစိုးရကို ထောက် ခံဆန္ဒပြပွဲလုပ်ဖို့ဆိုပြီး စည်းရုံးတာကိုက ဦး / ဒ်ါတို့မှာ ဘာပြဿနာရှိလည်းလို့ မေးလိုက်တာများလားဟု ထင်ရပါသည်။ ဖိုးဟားပြောတာ မှားသွားသလားဟုပင် တွေးမိနေသည်။ဖိုးဟား နိုင်ငံရေးသမားကြီး လုပ်ပြီး လူထုရှေ့ထွက်ချင်တာကိုက မှားနေတာ လား၊ စည်းရုံးရေးစကားတွေကပဲ မှားနေ လို့လားဟုပင် အမျိုးမျိုး တွေးတောစရာ ဖြစ်လာသည်။

 
ရေဖြူမြို့နယ်ကို စပြီးဆင်းတဲ့ လမ်းကြောင်းကိုကပဲ မှားသွားတာလား ပဲ။ ပထမရောက်တာက ထားဝယ်အထူး စီးပွားရေးဇုံနယ်မြေ၊ ရွာသားတွေ ဘက် က ပြောလိုက်တဲ့ ပြဿနာတွေက စာမျက်နှာ ၆၀၀ လောက်ရှိတဲ့ ဇာမဏီ တံဆိပ် စာအုပ်ကိုက မလောက်၊ နောက် ပြီးဆက်သွား ဇာဒီ ကျောက်ထုတ်လုပ်ငန်း၊ မောရ၀တီ ရေတပ်စခန်းနယ်မြေ၊ ကန် ဘောက်၊ အုန်းပင်ကွင်း၊ ကလုံးထား ပြောလိုက်တဲ့ ပြဿနာ များလွန်းလို့ ခရီး စဉ်တောင် တစ်ပတ်လောက် နားလိုက်ရ တယ်ဗျ။ ဖိုးဟား အနေနဲ့လည်း တော် တော့်ကို သံဝေဂရသွားပါတော့တယ်။

 
” ဦးတို့ /အဒေါ်တို့ လက်သန်းလေးနဲ့ ရွေးကောက်ထားတဲ့ အစိုးရပဲ၊ ဦးတို့ / ဒေါ်တို့နှင့် ပေါင်းပြီး ထောက်ခံဆန္ဒပြ ပွဲလေး လုပ်လိုက်ရင်၊ ဦးတို့ / အဒေါ်တို့ ပြဿနာ အမြန် ဖြေရှင်းပေးမှာပေါ့ ဆိုပြီး စည်းရုံးရင် ကောင်းမလားပေါ့”
ဖိုးဟား ကိုယ်တိုင်ရွာ ဆင်းပြီး စည်းရုံးရတာကလည်း ခပ်ကြောက် ကြောက် ဖြစ်လာသည်။ Facebook (ဖေ့ဘုတ်) ကပဲ စည်းရုံးရေးဆင်းရင် ကောင်းမလားပေါ့။
ဒါပေမယ့် ဖိုးဟားရဲ့ ရွာသားတွေ မေးနေတဲ့ မေးခွန်းတွေကိုလည်း ကြောက် လာသည်။
” ခင်များတို့ နိုင်ငံရေးသမားတွေ ကပြောပြီး ပျောက်သွားကြတဲ့ လူမျိုး လား၊ ပြောပြီးတော့လည်း ငြိမ်းချမ်းရေး ရမှ ရွာပြန်လာရမှာလား၊ ဥပဒေ ပြင်ပြီးမှ ပြန်လာတော့ မလားဆိုတဲ့ စသော မေးခွန်းတွေက ဖိုးဟားအတွက်စည်းရုံး ရေး ခရီးစဉ်ဟာ အိမ်ပြန် အိပ်ပါလား လို့ပြောတာနဲ့ အတူတူပင် ဖြစ်နေလေ တော့သည်။
ဘာကြောင့်များ ဖိုးဟားကို မေးနေ ကြလဲမသိ။
ဖိုးဟားက သူတိုရဲ့ ကိုယ်စားလှယ် တော်ကြီးမှ မဟုတ်တာ။ကိုယ်စားလှယ်ကြီးတွေက ရွာသား တွေကို ငြိမ်းချမ်းရေးရမှ၊ ဥပဒေတွေ့ ပြင်ပြီးမှ ပြန်လာတော့မယ်လိုပဲ . . . ရွှေရေအေး တရားဟောထားလားမသိ။
မည်သို့ဆိုစေ ဖိုးဟားက တိုင်းအစိုးရ ကို ယုံလည်း ယုံကြည်သည်။ထိုကြောင့် တိုင်းဒေသကြီး အစိုးရတွေရဲ့ လုပ်ဆောင် ချက်တွေကို ထောက်ခံ ဆန္ဒခံယူပွဲ လုပ် မည်။ထိုပွဲအတွက် ဆက်ပြီးစည်းရုံးနေ ဦးမည်။