ဘုတ်ပြင်းမြို့ ပေါ်တွင် ပျံလွှားငှက် အမြောက်အမြား လာနား

0
527

ဘုတ်ပြင်းမြို့ အောင်မင်္ဂလာ ရပ်ကွက်ရှိ ဓာတ်ကြိုးများပေါ်တွင်  ပင် လယ်ပျော် ပျံလွှားငှက် အမြောက်အမြား လာရောက်အိပ်တန်းဝင် နားခိုလျက်ရှိ သည်ဟု ဘုတ်ပြင်းမြို့နေ ဒေသခံများ ထံမှသိရသည်။


bote_pyin_boatပျံလွှားငှက်များသည် လူနှင့်ယဉ်ပါး လေ့ မရှိသော်လည်း ပြီးခဲ့သည့် အပတ်မှ စပြီး လူနေအိမ်များနှင့် ကပ်လျက် မီးကြိုး ပေါ်တွင် အိပ်တန်းဝင် လာရောက်နားခို လျက်ရှိကာ    ချောက်လှန့်သော်လည်း ထွက်မပြေးဟု   ဒေသခံများက ပြောသည်။

 
” ကျွန်တော်သတိထား မိသလောက် စက်တင်ဘာလ ၁၄ရက် လောက်ကတည်း က ဒီနေ့အထိ အုပ်စုလိုက် ညနေစောင်း ပြီဆို လာပြီ၊  မနက်ပြန်သွားကြတယ် ”  ဟု ဘုတ်ပြင်းမြို့နေ ဦးရွှေထွန်းက ဆို သည်။

 
လွန်ခဲ့သည့် နှစ်ပေါင်းသုံးဆယ် ခန့်က ပျံလွှားငှက်များ ယခုကဲ့သို့ မြို့ပေါ် အုပ်စုလိုက်လာဖူးပြီး ယင်းနှစ်တွင် ထူးခြားဖြစ်စဉ်တစ်ခုအဖြစ် အအေး လွန်ကဲကာပျံလွှားငှက်များ သေဖူးသည် ဟု အောင်မင်္ဂလာရပ်ကွက်နေ အသက် ၆၀ ကျော်အရွယ် အမျိုးသား တစ်ဦးက ပြောသည်။

 
ပင်လယ်ပျော်ပျံလွှားငှက်များ မြို့ ပေါ်လာရောက်နားခိုခြင်းသည်  ပင်လယ် ပြင်တွင် ဘေးအန္တရာယ် တစ်စုံ တစ်ရာ ကြီးကြီးမားမား ကျရောက်နိုင်သည့် လက္ခဏာဖြစ်မည်ကို ဒေသခံများက စိုးရိမ်လျက် ရှိသည်။