စံချိန်မမီထားဝယ်-မလွှဲတောင်လမ်းကိစ္စ အင်ဂျင်နီယာအဆင့်ဆင့်ကို အရေးယူမည်

0
405

တိုင်းဒေသကြီးဝန်ကြီးချုပ်က စစ် ဆေးတွေ့ရှိခဲ့သည့် စံချိန်မမီသည့် ထားဝယ်-မလွှဲတောင် လမ်းပိုင်းကိစ္စ နှင့်ပတ်သက်၍ သက်ဆိုင်ရာအင်ဂျင်နီ ယာအဆင့်ဆင့်အား ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ အရေးယူသွားရန်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး လမ်းဦးစီးဌာန ထံမှ သိရသည်။


အဆိုပါ လမ်းပိုင်းချဲ့သည့် နေရာ တွင် စံချိန်မမီသည့်နေရာအချို့ရှိခဲ့ သည်ကို ဝန်ခံပြီးကြီးကြပ်သည့် အင် ဂျင်နီယာ အပါအဝင် အင်ဂျင်နီယာ အဆင့်ဆင့်အား ဝန်ကြီးဌာနမှအရေး ယူသွားရန်ရှိသည်ဟု သိရကြောင်းတိုင်း ဒေသကြီး လမ်းဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ယင်းလမ်းပိုင်း တိုးချဲ့လုပ်ဆောင် မှုကို စက်တင်ဘာလ ၉ ရက်    ကလိန်အောင်မြို့နယ်ခွဲ စွန့်လွှတ်မြေယာပေးအပ်ပွဲခရီးစဉ်မှအပြန်တွင် ရှောင် တခင် စစ်ဆေးခဲ့ရာ စံနှုန်းနှင့်မကိုက်ညီသည်ကိုတွေ့ရှိသဖြင့် တွေ့ရှိချက် အား ဆောက်လုပ်ရေးဝန်ကြီးဌာနပြည် ထောင်စုဝန်ကြီးထံ ချက်ခြင်းတိုင်ကြား ခဲ့ကြောင်း သိရသည်။

 
ထပ်ချဲ့လမ်းပိုင်းတွင် အနက် ၁ ပေ မြေတူးကာ ကျောက်ဖြည့်ရမည် ဖြစ် သော်လည်းအချို့နေရာများတွင် ၇ လက်မခန့်သာ မြေတူးကျောက်ဖြည့် ထားသည်ဟု တိုင်းဒေသကြီးဝန်ကြီး ချုပ်က ဆိုသည်။ဝန်ကြီးချုပ် တိုင်ကြားပြီးနောက် တစ်ရက်တွင် ဝန်ကြီးဌာနမှ အင်ဂျင်နီ ယာချုပ် ဦးဆောင်သည့်အဖွဲ့က လာ ရောက်စစ်ဆေးခဲ့ပြီး စစ်ဆေးချက် အစီရင်ခံစာအား ပြည်ထောင်စုဝန်ကြီးထံ တင်ပြသွားမည်ဟုသိရကြောင်း တိုင်း ဒေသကြီး လမ်းဦးစီးဌာန တာဝန်ရှိသူက ပြောသည်။ ” လက်ရှိအနေအထားမှာ တိုင်း ဘတ်ဂျက်နဲ့ လုပ်ငန်းတွေကရပ်နား ထားပြီး ပြည်ထောင်စုဘတ်ဂျက်နဲ့ လုပ်တဲ့ဟာတွေက ဆက်လုပ်နေတယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
ထားဝယ်-မလွှဲတောင် လမ်းပိုင်း အား ၁၈ ပေ အကျယ်မှ ၂၄ ပေ အကျယ် လမ်းချဲ့နေခြင်းဖြစ်ပြီး လမ်းချဲ့မည့်ဒီဇိုင်း အရ အနက်ပျမ်းမျှ ၁ ပေခန့် ရှိရမည် ဖြစ်ကာ လမ်းအထူးဖွဲ့ ၂၃ မှ တာဝန်ယူ လုပ်ကိုင်နေခြင်းဖြစ်ကြောင်း လမ်းဦးစီး ဌာနမှ သိရသည်။

 
လမ်းတံတားအပါအဝင် အစိုးရ ရန်ပုံငွေဖြင့် ဆောက်လုပ်သည့်ကန် ထရိုက် လုပ်ငန်းမှန်သမျှ စည်းမျဉ်း စည်းကမ်းများ ချိုးဖောက်ကာသတ်မှတ် စံချိန်စံညွှန်းနှင့်မညီ လုပ်ဆောင်နေ သည်ကိုတွေ့ရှိက မည်သူမဆို ၎င်းထံ တိုက်ရိုက် တိုင်ကြားနိုင်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောဆိုထားသည်။

 
တနင်္သာရီတိုင်းအတွင်း လမ်း အ ထူး ဖွဲ့၂ဖွဲ့နှင့်တံတားအထူးဖွဲ့ ၁ ဖွဲ့ရှိ ပြီး ယင်းအထူးအဖွဲ့များကို လမ်းဦးစီး ဌာနရုံးချုပ်မှ တိုက်ရိုက်ကွပ်ကဲကာ တိုင်းဒေသကြီး လမ်းဦးစီးဌာနက လုပ်ငန်း ကြီးကြပ်ရကြောင်း သိရသည်။၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် လမ်း တံတား တည်ဆောက်ရေးအတွက် တိုင်း ဒေသကြီး ဘတ်ဂျက် ငွေလုံးငွေရင်း ငွေကျပ် ၁၈၄၀၆.၉၈၇ သန်း နှင့်ပြင်ဆင် ထိန်းသိမ်းမှုဘတ်ဂျက်ငွေ ကျပ် ၆၉၁၁၁.၃၀၀သန်း လျာထားပြီးပြည် ထောင်စု ဘတ်ဂျက်အဖြစ် ငွေကျပ် ၆၆၅၂.၈၄၂ သန်း ချထားပြီးဖြစ်ကြောင်း တိုင်းဒေသကြီး လမ်းဦးစီးဌာနမှ သိရ သည်။