ထားဝယ်စီမံကိန်း ဖတ်စာ

0
566

မြန်မာ အထူးစီးပွားရေးဇုန်စီမံခန့်ခွဲရေး ဗဟိုကော်မတီ ဖွဲ့စည်းပြီးနောက် ဥက္ကဋ္ဌဖြစ်သူ ဒုတိယသမ္မတ ထားဝယ် စီမံကိန်းသို့ ရောက်ရှိလာသည်။ပုံမှန် လုပ်ရိုးလုပ်စဉ်ပင်လား။သို့မဟုတ် စီမံကိန်းအတွက် ရှေ့ပြေး နိမိတ်လားဟု စောကြောဖွယ်ရာ ဖြစ် သည်။ အများပြည်သူတို့ စိတ်ဝင်စား ကြရသော ကိစ္စတစ်ခုလည်း ဖြစ်သည်။

ထားဝယ်စီမံကိန်းနှင့် ပတ်သက်ပြီး အမြင်အမျိုးမျိုး ရှိကြ၏။ အားပေးသူရှိ သလို စိုးရိမ်သူများလည်း ရှိသည်။ မထူး ဆန်းပါ။ ကိုယ့်အမြင် သူ့အမြင် ကွဲပြား ခြားနားခြင်းသည် ဒီမိုကရေစီခေတ်တွင် ချိုးနှိမ်ပစ်ရမည့် ကိစ္စမဟုတ်။ ထိုကိစ္စကို နောက်ပိုင်းတွင် ဆက်လက်ဆွေးနွေးပါ မည်။
ထူးဆန်းသည်မှာ အစိုးရအဆက် ဆက် ထားဝယ်စီမံကိန်းနှင့် ပတ်သက်ပြီး ပြောကြားသည့် စကားမှန်သမျှမှာ အီတာလျံထိုင်း ကုမ္ဗဏီ သို့မဟုတ် ထိုင်း အစိုးရက ပြောစေချင်သဖြင့် ပါးစပ်ထဲ ထည့်ပေးလိုက်သော စကားများကိုသာ ပြောခြင်း သို့မဟုတ် ယေဘုယျ ဆန်ဆန် အနှောင့်သွားလွတ်သော စကားများကို ချည်းကြားနေရခြင်း ဖြစ်သည်။

အခုထိ စီမံကိန်းကို မိမိတို့ ကိုယ် ပိုင်အမြင်ဖြင့် ခွဲခြမ်းစိတ်ဖြာ သုံးသပ်မှု မပြုသေးဟု ယူဆသော်ရသော အခြေ အနေတွင်ပင် ရှိသေးသည်။
တစ်နည်းဆိုသော် စီးပွားရေးအရ နည်းပညာပိုင်းဆိုင်ရာအရ စနစ်တကျ အချိန်ယူ ခွဲခြမ်းစိတ်ဖြာ သုံးသပ်မှု မပြု သေးသည့် အချက်မှာ စတင်လက်မှတ်ရေး ထိုးသည့် ၂၀၀၈ ခုနှစ်မှ ယနေ့အထိ အကြီးမားဆုံး လစ်ဟာချက် ဖြစ်သည်။ထားဝယ်စီမံကိန်းကို ရှုထောင့်အမျိုး မျိုးမှ ကြည့်ကြသည် ဆိုပါစို့။
ဥပမာတစ်ခု ဆိုပါမည်။ ၂၀၁၅ ခုနှစ် တွင် ဂျပန်အစိုးရ၏ စီးပွားရေး ကုန်သွယ် မှုနှင့် စက်မှုလုပ်ငန်းဝန်ကြီးဌာနမှ ပုဂ္ဂလိ က ကုမ္ဗဏီကြီးတစ်ခုအား ငှားရမ်း ဆောင်ရွက်စေသော နည်းပညာပိုင်းဆိုင် ရာ ဆန်းစစ်လေ့လာချက် (Technical Evaluation)မျိုး ဖြစ်သည်။

စီးပွားရေး ရှုထောင့်တစ်ခုတည်းတွင် ပင် ထိုစီမံကိန်းသည် တိုင်းပြည်အတွက် တကယ်အကျိုးဖြစ်^မဖြစ် ကိစ္စ၊ မိမိတို့ ပုဂ္ဂလိက စီးပွားရေးကဏ္ဍ၏ အဆင်သင့် ဖြစ်^မဖြစ်၊ ပြင်ဆင်ထား / မထား၊ နောက်တစ်ချက်မှာ အီတာလျံထိုင်းက ပြောသည့်အတိုင်း တကယ်ဖြစ်နိုင်^ မဖြစ်နိုင် မိမိတို့ဒေသ၏ လက်ရှိ ပကတိ အခြေအနေနှင့် အနာဂတ် ဖွံ့ဖြိုးတိုးတက် မှု အလားအလာနှင့် အစီအစဉ်များ၊ စီမံကိန်းပါ လုပ်ငန်းများသည် ဒေသနှင့် သဟဇာတ ဖြစ် ^ မဖြစ်အား အပိုင်းလိုက် ကဏ္ဍအလိုက် ခွဲခြမ်းစိတ်ဖြာ သုံးသပ်မှု နှင့် အလုံးစုံ ခြုံငုံသုံးသပ်ချက် စသဖြင့် ရှုထောင့်ပေါင်းစုံမှ ထည့်သွင်းစဉ်းစား တွက်ချက်ရန် လိုပါသည်။
အသေးစိတ်ဆိုရလျှင် စီမံကိန်းအား စီမံခန့်ခွဲမှု ၊ ငွေရေးကြေးရေးနှင့် စီးပွား ရေးဆိုင်ရာ သုတေသနများ၊ စက်မှုလုပ် ငန်းဆိုင်ရာ သုတေသန၊ ဈေးကွက်သုတေ သန၊ ထားဝယ်စီမံကိန်းဆိုလျှင် ဆိပ်ကမ်း တည်ဆောက်ခြင်းဆိုင်ရာ အစီအစဉ် များအား ဆန်းစစ်ခြင်း၊ မြို့ပြဖွံ့ဖြိုးမှု နှင့် ပို့ဆောင်ဆက်သွယ်ရေး၊ ကုန်စည် စီးဆင်းမှုစသဖြင့် စီးပွားရေးရှုထောင့် သက်သက်အရပင် များစွာ ဆန်းစစ်ရန် လိုသေးသည်။

dawei_project_lesson

သုတေသနပြု ဆန်းစစ်ချက်များ ရှိပြီးဖြစ်သည်။ ဝမ်းသာမစောပါနှင့်။ မိမိတို့ နိုင်ငံ မှ ဆောင်ရွက်ထားခြင်း မဟုတ်ပါ။ သင်ကန့်ကွက်သည်ဖြစ်စေ ထောက်ခံ သည်ဖြစ်စေ တိုင်းပြည်အတွက် တကယ် အကျိုး ဖြစ်/မဖြစ် ဆိုသည်ကို အပ်ချမတ် ချမည်သို့ သိနိုင်မလဲ ဥာဏ်မီသလောက် စဉ်းစားကြည့်မည် ဆိုပါစို့။ ပထမဆုံး သတိပေးလိုသည်မှာ ကုမ္ပဏီမှ ထုတ်ဝေ သော လက်ကမ်းစာစောင်များကိုချည်း တရားသေ အားမကိုးပါနှင့်။ မည်သည့် စီးပွားရေး လုပ်ငန်းတွင်မဆို ပါဝါပွိုင့် တင်ပြ ချက်များသည် ရောင်းဈေးခေါ်ခြင်း တစ်ဝက်ပါသည်ကို စီးပွားရေးလောက နှင့် သိပ်အလှမ်းမဝေးပါက သင်သဘော ပေါက်မည်     ဖြစ်သည်။ သေချာသည်မှာ ယခင် အစိုးရလက်ထက် ချုပ်ဆိုခဲ့သော စာချုပ်စာတမ်းများကို ပြန်လည် သုံးသပ် ကြည့်ရှုရမည် ဖြစ်သည်။ မူလ ပထမ စာချုပ်အပြည့်အစုံမှာ စာမျက်နှာ တစ် ထောင်ကျော်ရှိသည်။ မည်သည့်အချက် များ ပါဝင်သည်၊ မည်သို့ သဘောတူ ထားသည်ဟူသည့် အချက်မှာ အလွန် အရေးကြီးပါသည်။

မြန်မာပြည်အတွက် ခုထိ စီးပွားရေး ရှုထောင့်တစ်ခုတည်းသာမက နိုင်ငံရေး အရပါ ကျဉ်းထဲကြပ်ထဲရောက် နေစေ သော မြစ်ဆုံကို ဥပမာကြည့်ပါ။ စာချုပ် ကို မည်သူတို့ မည်သို့ချုပ်ခဲ့သလဲ ဆို သည်မှာလည်း မဖြစ်မနေစဉ်းစားရမည့် ကိစ္စဖြစ်သည်။ သဘာဝဓာတ်ငွေ့ ပိုက် လိုင်းများကို မြင်သာမြင် မကြင်ရသည့် တနင်္သာရီတိုင်းသား အထူးသဖြင့် ထား ဝယ်သူ ထားဝယ်သားများအား စာချုပ် စာတမ်းများ၏ အရေးကြီးပုံ အတိမ် အနက်ကို အထူးပြောရန် လိုမည်ဟု မထင်ပါ။
မိမိတို့ဒေသ စီးပွားရေးလုပ်ငန်း များသည် ထိုစီမံကိန်းကြောင့် အကျိုး ကျေးဇူးဖြစ်^မဖြစ် ကိစ္စကို ပုဂ္ဂလဓိဋ္ဌာန် မပါဘဲ၊ ကိုယ်ကျိုးစီးပွား ရှေ့တန်းမတင် ဘဲ စဉ်းစားရန် ဖြစ်သည်။ ဝေးဝေးပြေး ကြည့်ရန် မလိုပါ။ သင့်ပတ်ဝန်းကျင်ရှိ လူဆယ်ယောက်တွင် အနည်းဆုံး ၈ ယောက်သည် ထားဝယ်စီမံကိန်းဟု စတင်ကြားရစဉ်တွင် လုပ်ငန်းကိုင်ငန်း ကောင်းလာမည်လား စဉ်းစားဖူးသူ သို့မဟုတ် စီမံကိန်းက ဘာတွေ ဆောင် ကြဉ်းလာမလဲဟု စိတ်ကူးဖူးသူများဖြစ်ရန် ၉၀ ရာခိုင်နှုန်းခန့် သေချာပါသည်။ သို့မဟုတ် အနည်းဆုံးတစ်ခုခုထုတ် ဖော်ပြောဆိုရန် အဆင်သင့်ဖြစ်နေသူများ သာ ဖြစ်မည်။

နောက်တစ်နည်းမှာ မြေဈေးကစား သူများ၊ လျော်ကြေးတောင်းသူများ မဟုတ်သော စီးပွားရေးသမားများကို မေးကြည့်ပါ။ မိမိတို့ ကိုယ်ပိုင်အစွမ်း အစဖြင့် ကိုယ်ပိုင်လုပ်ငန်းကို တစိုက်မတ် မတ် လုပ်ကာ ကြီးပွားတိုးတက်လမ်းရှာသူ များကို ဆိုလိုသည်။ သူတို့ ပြောပြပါ လိမ့်မည်။ စီမံကိန်း၏ လက်ရှိအခြေ အနေအကြောင်း၊ ယခုအခြေအနေဖြစ် နေသည်မှာလည်း ဘာကြောင့်ဟုလည်း သူတို့ဆက်ပြောပြပါလိမ့်မည်။
လက်ရှိ စီမံကိန်းတွင် ဒေသခံ စီးပွားရေးသမားများ၏ ဝင်ပါနိုင်သည့် အခန်းကဏ္ဍ ကျဉ်းကျဉ်းလေးအကြောင်း၊ ထို့အပြင် ဥပဒေအရ ဒေသခံစီးပွားရေး သမားကို အကာအကွယ်ပြု အားပေး အားမြောက် မရှိသည့်ကိစ္စများ စသဖြင့်။ စီမံကိန်းတွင် တဆင့်ခံကန်ထရိုက်အဖြစ် လုပ်ကိုင်ခဲ့ဖူးသူ စီးပွားရေးသမားများ အသိပင်ဖြစ်သည်။ အထူးအထွေ ပြောရန် မလိုတော့ပါ။

လူတော်တော်များများ အတွေးစိတ် ကူးသည် အရှေ့တောင်အာရှတွင် အကြီး ဆုံးဖြစ်လာမည်ဆိုသော ယခင်အစိုးရ နှင့် ကုမ္ပဏီ၏ မစားရ၀ခမန်း ကြော်ငြာ တွင်ပင် လမ်းဆုံးနေပြီဖြစ်သည်။ ကုမ္ပဏီ များ စီမံကိန်းများမှ ထုတ်ပြန်သော လက်ကမ်းစာစောင်သာသာ စီမံကိန်း အချက်အလက်များကို ကိုးကားကာ မိမိ တို့ အချင်းချင်း အငြင်းပွားကြသည်။ ဝေဖန်သူများကို ဒေါသထွက်ကြပြန် သည်။ သို့သော် ထိုထက်ပို မလေ့လာ ကြတော့ပါ။စီမံကိန်းကြီးများရှိသော နေရာတိုင်း တွင် မြင်တွေ့နေကြ အခြေအနေ အခင်း အကျင်း ဖြစ်ပါသည်။ဘာလုပ်လုပ် ကောင်းပါသည်ဆို သူများ၊ လက်ညှိုးထောင်ခေါင်းညိတ် လူကြီးပြောသမျှ ဟုတ်ကဲ့ လိုက်တတ်သူ များခြင်း သည်လည်း ပျက်စီးရာပျက်စီး ကြောင်းကို အမြန်လမ်းဖောက်ခြင်း တစ် မျိုးပင် ဖြစ်သည်။

မှန်ကန်တိကျသော သတင်းအချက် အလက်များကို အခြေခံသည့် အပြန် အလှန်ဆွေးနွေး ညှိုနှိုင်းခြင်းများသည်သာ လျှင် အဖြေကိုတွေ့နိုင်သည့် လမ်းဖြစ် သည်။
သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း ပြောဖူးသော စကားကို ပြန်ကိုးကား ရပါမည်။ သမိုင်းသင်သည်မှာ မအအောင် ဟု ဆိုသည်။
ယခုလည်းထိုနည်းလည်း ကောင်း ပင် မအအောင်စာဖတ်ရမည် ဖြစ်သည်။ဂျပန်ဝန်ကြီးဌာနမှ ထုတ်ပြန်သော အစီရင်ခံစာတွင် ရေနက်ဆိပ်ကမ်း၏ ဒီဇိုင်းနှင့် ပက်သက်သော တစ်ချက်ကို ကောက်နှုတ်ပြပါမည်။

(၁) လက်ရှိ ဆိပ်ကိမ်းဒီဇိုင်းက သင်္ဘောအဝင် အထွက်အတွက် အခက် အခဲ ရှိသည်။
(၂) သင်္ဘောကြီးများနှင့် အန္တရာယ် ရှိ ဓာတ်ငွေ့ရည် သယ်ဆောင်သော သင်္ဘော များ ဆိပ်ကမ်း၌ ဆောလျင်စွာ ဆိုက် ရောက် ထွက်ခွာပြုလုပ်နိုင်ပါက ပို၍ ကောင်းသည်။
(၃) မြောက်အရပ်ရှိ ရေကာတံတား သို့ ရေတား၏နေရာကို ပြုပြင်၍ ဆိပ် ကမ်း၏ အတိုင်းအတာ အကျယ်အဝန်း ကို တိုးချဲ့နိုင်ရန် လိုအသည်။
(၄) ရေယာဉ်ဦးလှည့်နိုင်သောနေရာ အကျယ်အဝန်းသည် ဆိပ်ကမ်းအဝင်ကို ပိတ်ဆို့ အနှောင့်အယှက်မဖြစ်စေရ။
(၅) ထောင့်ချွန်းပုံရှိ ဆိပ်ကမ်းကို ရေယာဉ်ဦးလှည့်နိုင်ရန် လိုအပ်သော အကျယ်အဝန်းပြုလုပ်ပေးရန် လိုသည်။

ဟု Japan Ministry of Economic, Trade and Industry u Pacific Consultant Co.ltd ကို ငှားရေးခိုင်းထားတဲ့ Technical Evalu-ation စာအုပ် စာမျက်နှာ ၂၃မှာ ဖော်ပြ ချက်ပါ။ ကောင်း၏ ဆိုး၏ ပြောလိုခြင်း သက်သက်မဟုတ်ပါ။
မိမိတို့ အများကြီးလုပ်ရန် တွေးရန် လေ့လာရန် ကျန်သေးပါလားဟု တွေးမိ လျှင် ကျေနပ်ရပါမည်။ ဒုသမ္မတကြီး လာသွားသည်။ အများ ပြည်သူတွေ့ ခွင့်မရလိုက်ပါ။ လုံခြုံရေး ကြောင့်ဟုဆိုသည်ဖြစ်စေ ထိုသို့သော အကြီးအကဲများ၏ ခရီးစဉ်များသည် ကုမ္ပဏီ အစိုးရတာဝန်ရှိသူများကိုသာ သီးသန့်တွေ့ကာ ယနေ့အချိန်အထိ ကိန်း ကြီးခန်းကြီးနိုင်ဆဲ ဖြစ်သည်။ သို့သော် လူအများ သတင်းထူး မည်လား စိတ်ဝင်စားကြ၏။ သို့သော် အထူးစီးပွားရေးဇုန်သည် ခရီးသွားလုပ် ငန်းနှင့် ဆက်စပ်သဖြင့် အထူးအရေး ကြီးကြောင်းပြောသွားသည်ကို ကြားရသ ဖြင့် မှတ်ချက်ကောင်းမဟုတ်သေးဟု ရိုးသားစွာဆိုချင်ပါသည်။

အစိုးရဆီမှ ပြည်သူများ မျှော်လင့် နေသည်များတွင် ပြည်သူ့ဘ၀ စိတ်ချ လုံခြုံရေး (Human Security) နှင့် လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်မှုအတွက် ရေရှည် မျှော်မြင်သော ဆုံးဖြတ်ချက်များ ချနိုင်ရေးလည်း တစ်ချက်ပါဝင်ပါသည်။ ထိုဆုံးဖြတ်ချက်များ ချနိုင်ရေး မှာလည်း ခက်လှသော ကိစ္စမဟုတ်ပါ။ လူထုဆီမှ အသံကို နားထောင်ပါ။ ပြောခွင့်ပေးပါ။ တွေ့ပါ။ ဖိတ်ခေါ်ပါ။ ပြည်သူများထံတွင် ပြောစရာစကား များ အသီးသီးရှိကြပါသည်။
အစိုးရက ကိုယ့်အိမ်စာ ကိုယ်လုပ် ပါ။ အိမ်စာမပိုင်လျှင် သူများ အလိမ်ခံ ရတတ်ပါသည်။အားလုံး မလစ်ဟင်းမှသာ တိုင်း ပြည်အတွက် မှန်ကန်သော ဆုံးဖြတ်ချက် များကို ချမှတ်နိုင်မည် ဖြစ်သည်။

ယခုတစ်ကြိမ်တွင်တော့ ဒုသမ္မတ ကြီးသည် ထားဝယ်သူ ထားဝယ်သားများ နှင့် မတွေ့သွားသဖြင့် တစ်ကြိမ် အကြွေး တင်သွားပြီ ဖြစ်သည်။
အမြန် ပြန်ဆပ်စေလိုကြောင်း ပန်ကြား သိစေအပ်ပါသည်။