ရိုးရာခေါသရပ်ညတွင် စည်ပင်အမှိုက်ပုံးနှင့် ဆိုင်တချို့ ဖျက်ဆီးခံရ

0
409

စည်ပင်အမှိုက်ပုံးနှင့် ဆိုင်တချို့ ဖျက်စီးခံရမှု ရိုးရာခေါသရပ်ညဖြစ်သည့် စက်တင်ဘာလ ၂၀ ရက် ည ၁၂ နာရီ အချိန်ခန့်က မြိတ်မြို့တွင် ဖြစ်ပွား ခဲ့ကြောင်း မြို့ခံ တချို့နှင့် မြိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိ သူတစ်ဦးထံမှ သိရသည်။


မြို့ပေါ် ရပ်ကွက်တချို့တို့တွင် ပန်းအိုးများရိုက်ခွဲထားခြင်း၊ ဖုန်းကြော် ငြာ ထီးအမိုးများနှင့် စားပွဲတချို့တို့ကို ရိုက်ချိုးဖျက်စီးခံခဲ့ရကြောင်း ကန်ဖျား ရပ်နေသူတစ်ချို့က ပြောပြသည်။” အမှိုက်ပုံးက အမိုးနှင့် အကာပုံး တစ်နေရာစီရောက်နေတယ်” ဟု အထက် ပါ စည်ပင်တာဝန်ရှိသူက ပြောသည်။ထို့ပြင် ယင်းညတွင် တလိုင်းစုရပ်ရှိ ဖုန်းအရောင်းဆိုင်တစ်ဆိုင်မှ ဆိုင်ပြင်ပရှိ မှန်ပုံးများကို ဖျက်ဆီးခဲ့မှုများရှိခဲ့ကြောင်း မြိတ်မြို့နယ် ရဲစခန်းမှူး ဦးဝင်းဇော်ဦးက ပြောပြသည်။

 

rubbish_bin_myeik
ယင်းကဲ့သို့ စည်ပင်အမှိုက်ပုံးကို ဖျက်စီးခဲ့သူ အသက်(၂၀)အောက် လူ ငယ် ၇ ဦးကို ဖမ်းဆီးရမိထားပြီးဖြစ်ကာ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက် ရေး ဥပဒေပုဒ်မ ၆ (၁) ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားပြီး၊ ဖုန်း အရောင်း ဆိုင်ရှင်မှ မြို့နယ်တရားရုံး သို့ ဦးတိုက်လျှောက်ထားပြီး ဖြစ်ကြောင်း မြိတ်မြို့နယ်ရဲစခန်းမှ   သိရသည်။
ခေါသရပ်ပွဲတော်သည် မမြင်နိုင် သည့် ပရလောကသားများကို ရိုးရာထိုး မုန့်များဖြင့် ကျွေးမွေးသည့် နေ့တစ် နေ့ဖြစ်ကာ ယင်းရိုးရာပွဲကို တနင်္သာရီ မြို့နှင့်ကျေးရွာတချို့တို့တွင်  နှစ်စဉ် ပြုလုပ် ကျင်းပလေ့ ရှိသည်။