ကော့သောင်းရပ်ကွက် ပျံကျဈေးများ ပြုပြင်ပေးရန် မြို့ခံများလိုလား

0
580

ကော့သောင်းမြို့ပေါ် ရပ်ကွက်များ ရှိ ပျံကျဈေးများသည် သန့်ရှင်းမှု အား နည်းပြီး ပျက်စီးယိုယွင်းနေသည့်အတွက် ယင်းဈေးများကို ပြန်လည်ပြုပြင်ပေးရန် ပျံကျဈေးသူဈေးသားများက လိုလား လျက်ရှိသည်။


ပျံကျဈေးရှိ ဈေးဆိုင်များသည် စည်ပင်သာယာမှတ်ပုံတင် စာရင်းမဝင် ထားသော်လည်း ပျံကျဈေး အားလုံးအား လေလံစနစ်ဖြင့် နှစ်စဉ် ဈေးနူန်း သတ် မှတ်ကာ ပုဂ္ဂလိက လုပ်ငန်းရှင်များကို မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ လေ လံရောင်းချလျက် ရှိသည်။” ပုံသေရောင်းချနေတဲ့ ရပ်ကွက် ထဲက ပျံကျဈေးဆိုင်တွေကို  သပ်သပ် ရပ်ရပ်နဲ့ အမိုးအောက်မှာ တစ်ပြေးညီ ရောင်းချနိုင်တဲ့ အပြင်အဆင်မျိုး ဆောက်လုပ် ပေးစေချင်တယ်။ ဈေး ရောင်းပြီး ဆိုင် ခန်းမဆောက်နိုင် သူတွေ အတွက်လည်း အဆင်ပြေတာ ပေါ့” ဟု သဲတန်းပျံကျ ဈေးမှ ဈေးသည် တစ်ဦးက ဆိုသည်။

 
ဈေးကောက်ကို ပုံမှန် လာကောက် သော်လည်း ဈေးအား ပြင်ဆင်မှု မရှိဟု ဈေးသူဈေးသားများက ပြောသည်။
စည်ပင်သာယာကမူ ယင်းဈေးများ သည် စည်ပင်မှတ်ပုံတင် စာရင်းမပေါက် သည့်အတွက် ပြုပြင်ထိန်းသိမ်းရန် ရံပုံ ငွေ မရှိဟု ဆိုသည်။
” စည်းကမ်းထိန်းသိမ်းမှု အပိုင်း တော့ တာဝန်ယူပေးတယ်” ဟု ကော့ သောင်းမြို့နယ် စည်ပင်သာယာရေး အဖွဲ့ တာဝန်ရှိသူက ဆိုသည်။
ရွှေမင်းဝံပျံကျဈေးတွင် ရောင်းချ နေသည့် ပျံကျဈေးသည် တစ်ဦးကမူ ဈေးကောက်လေလံအား စည်ပင်မှ ပေး ထားသည့်အတွက် ဈေးပြင်ရန် စည်ပင် တွင် တာဝန်ရှိသည်ဟု မြင်သည်။

 

မြို့ပေါ် ၁၀ ရပ်ကွက်တွင် စည်ပင် သာယာ မှတ်ပုံတင်ထားသည့် ဈေး ၆ ဈေး ရှိပြီး မှတ်ပုံတင်စာရင်းမဝင်သည့် ပျံကျဈေး ၇ ဈေးရှိသည်ဟု ကော့သောင်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့ ထံမှ သိရသည်။