အဂတိလိုက်စားသည့် ဝန်ထမ်းကို တိတိကျကျ အရေးယူသွားမည်ဟု ဝန်ကြီးချုပ် ကတိပေး

0
377

တိုင်းအတွင်းရှိ ဝန်ထမ်းများ အဂတိလိုက်စားနေကြောင်း သက်သေ နှင့်တကွ တိုင်ကြားပါက တိတိကျကျ အရေးယူသွားမည်ဟု ကတိပေးကြောင်း တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောကြားလိုက်သည်။တိုင်းအတွင်းရှိ ဝန်ထမ်းများ အဂတိလိုက်စားပါက ဝန်ကြီးချုပ်ထံ တိုက်ရိုက်တိုင်ကြားနိုင်ပြီး အဆိုပါဝန် ထမ်းကို ခွင့်လွှတ်မည် မဟုတ်ဘဲ အလုပ် ထုတ်ပစ်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောသည်။

ထားဝယ်မြို့၊ မြို့တော်ခန်းမတွင် စက်တင်ဘာလ ၂၁ ရက်က ကျင်းပပြု လုပ်သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်း ချမ်းရေးနေ့ ထားဝယ်အမျိုးသမီးများ အသံဖိုရမ် အခမ်းအနားတွင် တိုင်းဒေသ ကြီး ဝန်ကြီးချုပ်က ယင်းကဲ့သို့ ပြော ကြားလိုက်ခြင်း ဖြစ်သည်။” ပြည်သူရဲ့ ဘဏ္ဍာကို စားပြီး တော့မှ လူလူချင်း လှည့်ဖျားနေတဲ့ကိစ္စ ကျွန်မ လုံးဝ(လုံးဝ) လက်မခံပါဘူး” ဟု ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောသည်။ထားဝယ်ခရိုင် သရက်ချောင်းမြို့ နယ် လ၀ကမှ မှတ်ပုံတင်ပြုလုပ်ရာတွင် ငွေ ၂၅၀၀၀ ကျပ် တောင်းခံခဲ့ဖူးခြင်း နှင့် ပတ်သက်၍ ယင်းကဲ့သို့ ပြောကြား ခဲ့ခြင်း ဖြစ်သည်။

ငွေတောင်းသည့် ဝန်ထမ်းကို အ လုပ်နေရာ ပြောင်းရွေ့ခဲ့ပြီး နောင်တွင် မည်သည့် ဝန်ထမ်းဖြစ်ဖြစ် အဂတိ လိုက်စားပါက ခွင့်လွှတ်မည် မဟုတ် ကြောင်း ၎င်းက ကတိပေး ပြောကြား ခဲ့ခြင်း ဖြစ်သည်။နိုင်ငံ အဆင်းရဲဆုံးဖြစ်စေသည့် ပထမအကြောင်းအရာမှာ ပြည်တွင်းစစ် ဖြစ်ပြီး ဒုတိယအကြောင်းအရာမှာ အဂတိ လိုက်စားခြင်းပင်ဖြစ်ကာ တိုင်းပြည် မဖွံ့ဖြိုးမတိုးတက်သည့် အကြောင်းနှင့် အများဆုံး သက်ဆိုင်ကြောင်း ဝန်ကြီးချုပ် က ဆိုသည်။
သက်သေနှင့်တကွ တိုင်ကြားနိုင် သည်ဟုဆိုရာတွင် သက်သေယူမည် ဆိုပါက ကြိုတင်ပြင်ဆင်ပြီးယူမှသာ ရရှိနိုင်မည်ဖြစ်ပြီး လွယ်ကူနိုင်မည် မဟုတ်ကြောင်း ထားဝယ်မြို့မှ ကိုဟိန်း အာကာက ပြောသည်။

” အမှန်တစ်ကယ် လာဘ်ငွေပေး ရပြီး တိုင်လိုက်လို့ သက်သေမခိုင်လုံဘူး ဆိုရင် ကိုယ့်ကို ပြန်ပတ်မှာ စိုးရိမ်တာ တွေရှိမှာပါ” ဟု ကိုဟိန်းအာကာက ဆိုသည်။နိုင်ငံတကာ ပွင့်လင်းမြင်သာမှု အဖွဲ့၏ စစ်တမ်းအရ အဂတိလိုက် စားမှုရှိသည့် ကမ္ဘာ့နိုင်ငံ ၁၇၀ ကျော် တွင် မြန်မာနိုင်ငံသည် အဆင့် ၁၄၇ တွင်ရှိပြီး အစိုးရသစ်လက်ထက်တွင် အဂတိလိုက်စားမှု တိုက်ဖျက်သွားမည်ဟု ကြွေးကြော်ထားသည်။