ပြည်နယ်နှင့်တိုင်း လက်ဝှေ့ပြိုင်ပွဲ တံခွန်စိုက်ဒိုင်းဆု တနင်္သာရီ ပထမဆုံးဆွတ်ခူး

0
442

၂၀၁၆ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆုကို တနင်္သာရီတိုင်းက ပထမဆုံးအကြိမ် ဆွတ်ခူးခဲ့ကြောင်း တိုင်းအားကစားနှင့် ကာယပညာဦးစီး ဌာနထံမှ သိရသည်။

first_prize_for_tanyi
ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက်မှ ၁၆ ရက်အထိ နေပြည်တော်တွင် ကျင်းပခဲ့သည့် ၂၀၁၆ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆုကို ရရှိခဲ့ခြင်းဖြစ်သည်။” အရင်က မရဖူးပါဘူး။ ဒါ တံခွန် စိုက်ဒိုင်းဆုကို ပထမဆုံးအကြိမ် ရဖူး တာပါ ” ဟု တိုင်းအားကစားနှင့် ကာယ ပညာဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးစိုး မိုးနိုင်က ပြောသည်။

ပြိုင်ပွဲတွင် ရွှေ ၆ ခု၊ ငွေ ၄ ခု၊ ကြေး ၄ ခု စုစုပေါင်း ဆုတံဆိပ် ၁၄ ခု ရရှိခဲ့ပြီး အမျိုးသမီးအသင်းနှင့် အသက်ငယ် အမျိုးသားအဖွဲ့တို့က ပထမဆုများရရှိခဲ့ကာ တံခွန်စိုက်ဒိုင်း ဆုကြီးကို ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

တံခွန်စိုက်ဆုရ ကစားသမားများကို တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီး အချို့နှင့် သက်ဆိုင်ရာဌာနများက ထား ဝယ် လေဆိပ်တွင် စက်တင်ဘာလ ၁၈ ရက် နံနက်ပိုင်းက ကြိုဆိုခဲ့ပြီး နေ့ လည်ပိုင်းတွင် ဂုဏ်ပြုပွဲကျင်းပခဲ့ကာ တိုင်းအစိုးရအဖွဲ့မှ ဆုငွေ ကျပ် ၂၄ သိန်း နှင့် ဖိုးသီးချိုကုမ္ပဏီက ကျပ် ၁၀ သိန်း ချီးမြှင့်ခဲ့ကြောင်း သိရသည်။