တနင်္သာရီ တစ္ဆေမုန့်ကျွေးပွဲ

0
455

မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ ကျေးရွာတစ်ချို့တို့တွင် ရိုးရာခေါ  သရပ်ပွဲ (တစ္ဆေမုန့်ကျွေးပွဲ)တော်ကို စက်တင်ဘာလ ၁၉ ရက်တွင် ပြုလုပ် ခဲ့သည်။


တနင်္သာရီမြို့အပါအဝင်  ဇဝဲ၊ ဘန်းလမွတ်၊ ပ၀၊ သာရဖုံ နှင့် မော်တုံး ကျေးရွာတို့နှင့် ကျေးရွာ တစ်ချို့တို့တွင် နှစ်စဉ်    တော်သလင်းလပြည့်ကျော် ၄ ရက်တွင် ကျင်းပပြုလုပ်လေ့ရှိကြောင်း သိရသည်။” ရွာမှာက စင်တင်တေးဂီတပွဲနှင့် ဘောလုံးပွဲက နှစ်စဉ်လုပ်ပါတယ်” ဟု ယင်းတီးဝိုင်းအဖွဲ့ဝင် ကိုညပ်က ပြော သည်။
ခေါသရပ်ပွဲတော်ကျင်းပရာ ကျေးရွာများသို့ သွားရောက်လည်ပတ် ကြသည့် ဧည့်သည်များကို ရိုးရာခေါ သရပ် ထိုးမုန့်များတို့ဖြင့် ဧည့်ခံကျွေးမွေး လေ့ရှိသည်။
အဆိုပါ ခေါသရပ်ပွဲတော်သည် ရိုးရာပွဲတော်တစ်ခုဖြစ်ပြီး မမြင်နိုင်သည့် ပရလောကသားတွေကို ထိုးမုန့် တို့ဖြင့် ကျွေးမွေးကြောင်း သိရသည်။