ကျောက်မီးသွေးအသုံးပြုမှု ရပ်တန့်ပေးရန် ကျိုက်မရောဒေသခံ တစ်သောင်းကျော် တောင်းဆို

0
464

မော်လမြိုင် ဘိလပ်မြေစက်ရုံ (Mawlamyine Cement Ltd. (MCL)) တွင် ကျောက်မီးသွေး အသုံးပြု ပြီး လည်ပတ်မည့် အစီအစဉ်ကို ရန် တန့်ပေးရန် ဒေသခံ တစ်သောင်းကျော်က လက်မှတ်ရေးထိုး တောင်းဆိုလိုက်သည်။ စက်ရုံတည်ဆောက်ထားသည့် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အ တွင်းရှိ ဒေသခံ ၁၀၃၀၀ ဦးက လက်မှတ် ထိုးပြီး စက်တင်ဘာလ ၂၀ ရက်က ပြည်ထောင်စုအစိုးရထံ တင်ပြတောင်းဆို ခဲ့ခြင်း ဖြစ်သည်။


MCL တွင် ကျောက်မီးသွေးသုံးပြီး လည်ပတ်မည့်အစီအစဉ်ကို ရပ်တန့်ပေး ရန် ဒေသခံလက်မှတ် ၃၇၀၀ ကျော်ဖြင့် ဧပြီလ၂၆ ရက်က မွန်ပြည်နယ်အစိုးရ အဖွဲ့၊ မွန်ပြည်နယ်လွှတ်တော်နှင့် မြန် မာ့ရင်းနှီးမြုပ်နှံမှုကော်မရှင်ထံ တင်ပြ တောင်းဆိုထားသော်လည်း ထူးခြားမှု မရှိလာသည့်အတွက် ဒုတိယအကြိမ် အနေအဖြစ် လက်မှတ် ၁၀၃၀၀ ဖြင့် ပြည်ထောင်စုအစိုးရထံ တောင်းဆိုခြင်း ဖြစ် သည်ဟု ဒေသခံများက ပြောသည်။

mcl
ဒေသခံများသည် ယင်းစက်ရုံ လျှပ် စစ်ဓာတ်အားအတွက် အခြားလောင် စာကို အသုံးပြုမည်ဟု ယုံကြည်ခဲ့သည့် အတွက် စီမံကိန်း စတင်အကောင် အထည်ဖော်ချိန်တွင် ကန့်ကွက်ခဲ့ခြင်း မရှိခဲ့ပေ။ကျောက်မီးသွေး အသုံးပြုမည်ကို ၂၀၁၅ နှစ်ကုန်ပိုင်းမှ သိရသည့်အတွက် ကန့်ကွက်မှုများကို စတင်ခဲ့သော်လည်း မရပ်ဆိုင်း ခဲ့ပေ။

” အခုဆိုလို့ရှိရင် ကျောက်မီးသွေးနဲ့   မောင်းတောင် မောင်းနေပြီ၊ ဘိလပ်မြေ တွေ ထုတ်တဲ့အဆင့်ထိ ရောက်နေပြီ၊ ဒါကြောင့် ကျွန်တော်တို့ဒေသခံတွေ ထပ်ပြီးတော့ စာတင် တောင်းဆိုတာပါ” ဟု ကျိုက်မရောဒေသခံ နိုင်ရွှေဝင်းက ပြောသည်။
ဒေသခံများအနေဖြင့် ဘိလပ်မြေ စက်ရုံ လုံးဝပိတ်သိမ်းပေးရန် တောင်းဆို ခြင်း မဟုတ်ဘဲ၊ ကျောက်မီးသွေး အသုံး ပြုခြင်းကိုသာ ကန့်ကွက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။၎င်းပြင် MCL ကို ကျောက်မီး သွေး အသုံးပြုခွင့်ပြုမည်ဆိုပါက နောက် ထပ် ဘိလပ်မြေစက်ရုံတည်ဆောက်ရန် ဝင်လာမည့် June ကုမ္ပဏီနှင့် ဇေကမ္ဘာ ကုမ္ပဏီတို့ကလည်း ကျောက်မီးသွေး ဘက်ကိုသာ ဦးတည်နေသည့်အနေအ ထားကြောင့် ဒေသခံများ အတွက် စိုး ရိမ်စရာဖြစ်နေသည်ဟု နိုင်ရွှေဝင်းက သုံးသပ်သည်။
ကုမ္ပဏီအနေဖြင့် စက်ရုံမှထွက် ရှိသည့် ဘေးထွက်ဆိုးကျိုးများနှင့် ပတ် သက်ပြီး စက်ရုံဘေး ပတ်ဝန်းကျင်တွင် နေထိုင်ကြသူများအပေါ် မည်ကဲ့သို့ အကျိုးသက်ရောက်မှုရှိမည်ကို ပွင့်လင်း မြင်သာစွာ ရှင်းလင်းခဲ့ခြင်းမရှိဟု ဒေသ ခံများက ပြောသည်။

 
ဒေသခံတို့၏ တိုင်ကြားချက်အရ မွန်ပြည်နယ်လွှတ်တော်နှင့် မွန်ပြည်နယ် အစိုးရအဖွဲ့တို့က စက်ရုံသို့ ကွင်းဆင်း သွားရောက် စစ်ဆေးထားခဲ့ပြီး ဖြစ် သော်လည်း တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပါ။မြန်မာနိုင်ငံသားပိုင် Pacific Link Cement Industries Ltd. နှင့် ထိုင်းနိုင်ငံ SCG (Siam Cement Group)  တို့ အကျိုးတူ ရင်းနှီးမြှုပ်နှံ ထားသည့် ဃြူ ဘိလပ်မြေစက်ရုံသည် ၂၀၁၁ ခုနှစ် မတ်လမှ ၂၀၃၆ ခုနှစ် မတ်ထိ နှစ်ပေါင်း ၂၅ နှစ်ကြာ ထုတ်လုပ် မှုအပေါ် ခွဲဝေခံစားသည့်စနစ်ဖြင့် လုပ် ငန်းစာချုပ်ချုပ်ဆိုပြီး ဆောင်ရွက်လျက် ရှိသည်။