သဘော့ဆိပ်ချောင်း ကမ်းပါး နှစ်ဆက်ပြို

0
574

လောင်းလုံးမြို့နယ် သဘော့ဆိပ် အော်တွင် ချောင်းကမ်းပါးပြိုမှု ၄ နှစ်ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။ လက်ရှိတွင် ရေလမ်းကြောင်း ပြောင်းလဲပြီး နှစ်စဉ်နီးပါး ကမ်းပါးများ ပြိုကျနေသည့် လောင်းလုံးမြို့နယ်    သဘော့ဆိပ်အော် ဒီရေချောင်းအား ရေ လမ်းကြောင်း ထပ်မပြောင်းရန်နှင့် ကမ်း ပါးများ ထပ်မပြိုရန် ရွာသူရွာသားများက စက်ယန္တရားများ ကိုယ်ထူကိုယ်ထ ငှား ရမ်းပြုပြင်ကာကွယ်နေကြကြောင်း ဦး ဆောင်ဦးရွက် ပြုသူများထံမှ သိရသည်။


thinbaw_port_dwဒီရေချောင်း ရေလမ်းကြောင်း ပြောင်းကာ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ် အတွင်း ပေ ၃၀၀ ခန့် ကမ်းပါးများ ပြိုကျမှုကြောင့်  အိမ် ၂၉ လုံးနှင့် သီးပင် စားပင်များ ပြိုလဲပျက်စီးခဲ့ပြီး မိသားစု တချို့မှာ နေရာပြန်လည် ချထားပေး နိုင်ခြင်း မရှိသေးကြောင်း  ချောင်းပြုပြင်   ရေးဦးဆောင်သူတစ်ဦးဖြစ်သည့် သဘော့ ဆိပ်ရွာသား ဦးနွံရှားက ပြောသည်။

 

 

“အိမ်ပြိုသွားတဲ့မိသားစုတွေ နီးစပ် ရာတွင် ခိုကပ်နေရတယ်၊ ထပ်ပြိုရင် ထပ်ဒုက္ခရောက်ကြရမယ်” ဟု ဦးနွံရှား က ပြောသည်။ယခုနှစ် ရေလမ်းကြောင်းပြောင်း ကမ်းပါးပြိုကာ အိမ် ၉ လုံး ပျက်စီး ခဲ့ပြီးနောက် စက်တင်ဘာ ၁၀ ရက်နေ့ တွင် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာန ဆိုင်ရာဝန်ထမ်းများ လာရောက်ကြည့်ရှု ခဲ့သည်။

 

ဆည်မြောင်း၊ လူမှုကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေး၊ မြစ် ချောင်းအင်းအိုင် ဖွံ့ဖြိုးတိုးတက်ရေး၊ သစ်တောဌာန ၄ ခုပါဝင်သည့် ကော်မတီ တစ်ခုအား ယာယီဖွဲ့ကာ ဝန်ကြီးချုပ်ထံ တင်ပြမည်ဟု စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက ပြော သည်။ ” ဝန်ကြီးချုပ်က အတည်ပြုပြီးတာနဲ့ ဆာဗေးဆင်းမယ်ပေါ့၊ ကုန်ကျငွေ ခန့်မှန်းပြီး ဘယ်လို အကောင်းဆုံး လုပ် မယ်ဆိုတာ အစိုးရအဖွဲ့က ဆုံးဖြတ်လုပ် ဆောင်သွားဖို့ ရှိတယ် ” ဟု ဦးမြင့်စန်းက ပြောသည်။ယင်းသို့ ဒီရေချောင်း နှစ်စဉ်ရေ လမ်းပြောင်းနေခြင်းမှာ ပင်လယ်ကမ်းစပ် ရွာဖြစ်သည့်အတွက် ပင်လယ်ဘယ်မှ လာသည့် ဒီရေလှိုင်းများ အတား အဆီးမရှိ ဝင်ထွက်နိုင်သည့်အပြင် သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှု  ဖြစ် နိုင်ကြောင်း ဆည်မြောင်းနှင့် ရေအသုံး ချမှု စီမံခန့်ခွဲရေးဦးစီးဌာန လောင်းလုံး နှင့်သရက်ချောင်းဦးစီးမှူး ဦးမင်းအောင် က ထင်မြင်ချက်ပေးသည်။

 
“လေက သဘာဝကို အခြေခံပြီး တိုက်တယ်၊ ရေစီးကြောင်းက လေတိုက် များတဲ့ဘက်၊ ကမ်းခြေအားနည်းတဲ့ နေရာတွေကို ပြောင်းနိုင်တယ်” ဟု ဦးမင်းအောင်က ပြောသည်။ယင်းသဘော့ဆိပ်အော် ဒီရေ ချောင်းမှာ၂၂၀၀ ပေဍ္ဍ ၆၀၀ ပေ ခန့် ကျယ်ဝန်းကာ ကမ်းနီးငါးဖမ်းလှေ အစီး ၁၀၀ ခန့် ကမ်းကပ် အဝင်အထွက် ပြုလုပ်နေပြီး ချောင်းဝန်းကျင်တွင် အိမ် ခြေ ၂၅၀ ကျော် ရှိသည်။