လှံစွပ်ပြောက်ကျား မြိတ်သား ဘီအိုင်အေ

0
39

သူ့လှံစွပ်ဖျားမှ သွေးတွေ တစ်စက် စက် ကျနေသည်။
ရန်သူ ၃ ယောက် ဆက်တိုက် သူ မနားတမ်း ထိုးသတ်ပြီးပြီ။ နောက်ဆုံး လက်ကျန် ရန်သူကို သူမျက်နှာမူလိုက် သည်။ သူ့အကြည့် စိမ်းစိမ်းအောက်တွင် အင်္ဂလိပ်တပ်သား ဒူးတဆတ်ဆတ် တုန် ကာ သူ့ကို ငေးကြောင်ကြောင် ပြန် ကြည့်နေသည်။


သူ တုံ့ဆိုင်းမနေ။ ရှေ့တစ်လှမ်း တိုးကာ ရန်သူ့နှလုံးတည့်တည့်ကို လှံစွပ် ဖြင့် ထိုးနှစ်ကာ နောက်သို့ ပစ်ကော် လိုက်သည်။ လှည့်ကြည့်စရာ မလို။

myeik_bia
မော်လမြိုင်မြို့သိမ်းတိုက်ပွဲ သူတို့ အောင်လေပြီ..။
ယင်းသည် ဘီအိုင်အေ တပ်စုမှူး လေး အောင်ကြွယ်၏ ပထမဆုံးနှင့် အမှတ်ရဆုံးသော အနီးကပ်တိုက်ပွဲ။ လှံစွပ်နှင့် တိုက်ပွဲဝင်ရသည်ကို နှစ်သက် လှသော မြိတ်သားလေး၏ ပွဲဦးထွက် မြို့သိမ်းအောင်ပွဲ။ထိုပွဲတွင် ဗိုလ်ရန်နိုင်က သူ့ကို သူရဲ ကောင်းဆု ချီးမြင့်သည်။ သို့သော် ဆုက အကြွေး။ ပါးစပ်ဖြင့် ချီးမြင့်ထားခြင်းသာ။” ဗိုလ်ရန်နိုင်က ပြောတယ်၊ တိုင်း ပြည်လွတ်လပ်လို့ မင်းရော ငါပါ အသက် ရှင်နေရင် ဒီဆု ရစေမယ်တဲ့..” ဟု ဦးအောင်ကြွယ်က သူ့ကိုယ်သူ ဂုဏ် ယူနေသည့်လေသံဖြင့် ပြောလေသည်။
ယင်းနေ့စွဲများကို ဦးအောင်ကြွယ် မမှတ်မိတော့..။ ကြာခဲ့ပြီ ။ ယင်းအချိန် မောင်အောင်ကြွယ်က အသက် ၂၀ ကျော် အရွယ်။ ခု ဦးအောင်ကြွယ်က အသက် ၉၅နှစ် ရှိပြီ..။ ၇၀ နှစ်ကျော် ကြာခဲ့ချေပြီ..။ သို့သော် အဖြစ်အပျက်များကိုတော့ သူမ မေ့။ သူ့မျက်လုံး၊ သူ့နှလုံးသားတွေက လှံစွပ်သွား ပြောက်ကျားတိုက်ပွဲများအပေါ် ကခုန်နေဆဲ..။

 
ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်နိုင် ဦး ဆောင်သည့်  စက်လှေ မြိတ်ဆိပ်ကမ်းသို့ ဆိုက်လာသည်။ လှေပေါ်တွင် (ဦးအောင် ကြွယ် မှတ်မိသမျှ)ဗိုလ်မှူးကြီး အီမာမူ လာ၊ ဖူလာစံ အပါအဝင် ဂျပန်လူမျိုး ၇ နှစ်ဦး၊ မြိတ်သား ဘခင် တို့အပါအဝင် စုစုပေါင်း ရဲဘော် ၂၀ ခန့် ပါလာသည်။ မြိတ်မြို့ခံများ ဆိပ်ကမ်းညွတ်မျှ ကြို ကြသည်။ ထိုအချိန်တွင် သူအပါအဝင် အင်အား ၁၀၀ ခန့်ရှိသည့် Green Army (အစိမ်းရောင်တပ်ဖွဲ့)ကလည်း ဗိုလ်ရန် နိုင်တို့ကို ပူးပေါင်းရန် ကမ်းနဖူးတွင် အသင့် ကြိုနေသည်။ Green Army  ဆိုသည်က ဗိုလ်ချုပ် အောင်ဆန်း ပြည်ပသို့ စစ်ပညာသင် စထွက်စဉ်ကတည်းက လိုအပ်ချိန် အသင့် ပေါင်းရန် မြိတ်မြို့တွင် ကြိုတင်ဖွဲ့စည်း လေ့ကျင့်ထားသော တပ်ဖွဲ့တစ်ခု။

 
“တိုက်ပွဲဖြင့် ဝင်လာသော အင်္ဂလိပ် တို့အား တိုက်ပွဲဖြစ်သာ အောင်နိုင်မည် ” ဟူသော ယုံကြည်ချက်တူသူများ စစ်ရေး အတွေ့အကြုံရှိသူများထံ ချဉ်းကပ်ကာ သစ်သားဒုတ် သေနတ်ဟန်လုပ် လေ့ကျင့် ထားသည့် တပ်ဖွဲ့။ မြို့ခံတို့ကလည်း အလှူငွေထည့်၊ မုန့်ကျွေး သဒ္ဓါတရားဖြင့် အားပေးကြသည်က နေ့စဉ်အမျှ။သူတို့ လေ့ကျင့်မှုဆောင်ပုဒ်က            ” သွေးနဲ့ရင်းမှ လွတ်လပ်ရေးရမည် ” ။ထိုတပ်ဖွဲ့တွင် သူက တပ်သား ၁၆ ဦးအား ဦးစီးရသည့် တပ်စုမှူးလေး။ ထိုတပ်ဖွဲ့နှင့်အတူ စည်ပင်ဝင်း (ဘုရား ငါးဆူကွင်း)တွင် စတင်လေ့ကျင့်စဉ် က တည်းက သူက လှံစွပ်တိုက်ကွက်များ ကို နှစ်သက်စွာ စွဲစွဲမြဲမြဲ လေ့ကျင့်ခဲ့သူ။ဗိုလ်ရန်နိုင်တပ် မြိတ်ကမ်းပေါ် တက်လာပြီး Gမနနည ဗမာပ တပ်ဖွဲ့မှူး နှင့် လက်ဆွဲနှုတ်ဆက် လိုက်ချိန်မှအစ သူတို့ အားလုံးသည် ဘီအိုင်အေ (ဗမာ့ လွတ်လပ်ရေးတပ်မတော်)၏ ရဲဘော်များ ဖြစ်သွားကြတော့သည်။

 
ကမ်းနဖူး(ယခု ပုလဲရတနာ ခန်းမ နေရာ) ကွင်းပြင်တွင် ဘီအိုင်အေတပ်သား သစ်များ (၄) ရက်ခန့် စုဆောင်းပြီး နောက် မြိတ်မှ ပုလောသို့ ရေကြောင်း ခရီးချီတက်သည်။ ထိုအချိန်တွင် သူက တပ်သား ၃၀ ကျော်ကို ဦးစီးရသည့် တပ်စုမှူးကြီး။
” လှေ ၆ စီးလောက် ရှိမယ်၊ လှေ တစ်စီးတွင် ရဲဘော် ၄၀၊ ၅၀ လောက် စီးနိုင်တဲ့ လှေကြီးတွေနဲ့ပေါ့”  ဟု ဦးအောင်ကြွယ်က အဝေးကို ငေးရင်း ပြောသည်။သူ့မိဘပေးသည့် သူ့အတွက် တပ်ထွက် ဆုံမစကားက ရှင်းသည်။” တိုက်ပွဲဆိုတာ သေတာ ရှင်တာ နှစ်ခုပဲ ရှိတယ်၊ မင်းသေသွားလည်း ငါတို့ ဝမ်းသာဂုဏ်ယူနေမယ်” ။ပုလောရောက်တော့ တပ်သား ၁၀၀ ခန့်ထပ် ပါလာသည်။ လှေက ထပ်မတိုး။ ပြည့်ကြပ်နေသဖြင့် အပေါ့သွားလျှင် ထိုင်ရင်း သွားရသည်။

 
ထားဝယ်ရောက်တော့ သူ့ကို ဗိုလ် ရန်နိုင် ခေါ်တွေ့သည်။ ထားဝယ်- မော်လမြိုင် ကုန်းလမ်း ကျွမ်း၊ မကျွမ်း မေးသည်။ သူ လမ်းတစ်လျှောက်ရှိ သိသ မျှ ရွာအမည်များကို ရွတ်ပြသည်။ ဗိုလ် ရန်နိုင်က လက်ရွေးစင် တပ်သား ၃၆ ယောက်ပေးကာ ထားဝယ်မှ မော် လမြိုင် အထိ ကုန်ကြောင်းချီရန် အမိန့်ပေး သည်။ ဗိုလ်ရန်နိုင်နှင့် ကျန်ရဲဘော်အားလုံး ထားဝယ်မှ ရေကြောင်းခရီးဖြင့် မော်လ မြိုင်သို့ ထွက်ခွာသွားချိန်..၊ သူတို့ တပ်စု ထားဝယ်မှ ကုန်းကြောင်း စထွက်သည်။ တစ်ရွာဝင် တစ်ရွာထွက် တပ်လှန့်ဆော် ဩသည်။ ” ဗမာ့တပ်မတော်ကြီး ချီလာပြီ၊ ချီလာပြီဟေ့ ဗမာ့တပ်မတော်..”
ရွာများမှ ကျွေးမွေးလျှင် စားကြ သည်။ ကား၊ လှည်းတို့ဖြင့် ခရီး တစ်ထောက်မျှ လိုက်ပို့လျှင် တော်သလို လိုက်စီးကြသည်။

 

တပ်သားသစ်များ စု ဆောင်းသည်။ တပ်ဖွဲ့ငယ်များ စုထား ခဲ့သည်။ လိုက်ပါနိုင်သူများ ခေါ်လာ သည်။ ဖြစ်သလို ခရီးဆက်ရင် ရေးသို့ ရောက်သောအခါ သူ့ကြည်းတပ်တွင် တပ်သား ၁၀၀ ကျော်လေပြီ..။” လူဆိုးတွေလည်း ပါလာတယ်၊ တိုင်းပြည် ချစ်စိတ်နဲ့လေ..” သံဖြူဇရပ်ရောက်သောအခါ ပူး ပေါင်းလာသည့် တပ်သားအချို့ကို ကျိုက္ခမီဆိပ်ကမ်းသို့ လွှတ်ကာ ဗိုလ်ရန် နိုင်၏ ပင်မရေကြောင်းတပ်နှင့် ပူးပေါင်း ခိုင်းလိုက်သည်။မုဒုံသို့ ဝင်သောအခါ မော်လမြိုင် ဘက်မှ အမြောက်သံသဲ့သဲ့ စကြားရပြီ။

 

သူတို့တပ် မော်လမြိုင် အမြန်ချီတက်ရ မည်။ မတတ်နိုင်တော့..၊ တွေ့သည့် ကားများကို ချောဆွဲလိုက်ပြီး တိုက်ပွဲရှိရာ အပြင်းနှင်သည်။
မော်လမြိုင် ဖိုးဆိုးကုန်း၊ မရမ်း ကုန်း၊ သာယာကုန်း၊ စစ်ကဲကုန်းတို့တွင် တိုက်ပွဲနှင့် ကြုံသည်။ အင်္ဂလိပ်တပ်နှင့် ဆုံသည်။ သူ့တပ်ရင်းက အပြန်အလှန် ပစ်ကြသည်။ သေနတ် မလောက်သဖြင့် အလှည့်ကျ ပစ်ရသည်။ တချို့က တစ် ယောက်ကျည်ထိုး တစ်ယာက်က ပစ်။
” သူတို့က တို့ကို အထင်သေးတယ်၊ ဒီကောင်တွေက ကိုယ်ခန္ဓာကြီးတော့ ငါတို့အတွက်တော့ ပစ်မလွဲပေါ့ကွာ”   ဟု ဦးအောင်ကြွယ်က တဟေးဟေး ရယ်မောကာ ပွဲဦးထွက်လွတ်လပ်ရေး တိုက်ပွဲကို စားမြုံ့ပြန်သည်။

 
ဂျပန်တပ်များက ကမ်းနားတွင် တိုက်နေသည်။ မြစ်ထဲမှ ကူပစ်ပေးသည်။ တချို့နေရာများကို သိမ်းထားလိုက်ပြီ။ အင်္ဂလိပ်တို့ တစ်လှမ်းချင်းဆုတ်လျှင် သူတို့က တစ်လှမ်းချင်း တက်သည်။ အိမ်ကြို အိမ်ကြားတွင် အနီးကပ် ဆုံလျှင် လှံစွပ် တိုက်ပွဲ နွဲသည်။ (အနီးကပ်တိုက်ပွဲ များတွင် သေနတ်ကျည်ဆံဖြင့် ပစ်ရန် မလွယ်။ ကိုယ့်လူကိုယ်ပြန်ထိနိုင်သလို တစ်ချက်ပစ် ကျည် တစ်ချက်ထိုးနေရန် အချိန်မရ။)သူမှတ်မိသမျှ မော်လမြိုင်မြို့လယ် အောက်လမ်းမကြီး နန်းတော်ရုံရှေ့၊ သာယာကုန်းလမ်းနှင့် ရွှေတောင် လမ်းကြားတို့တွင် အနီးကပ်တိုက်ပွဲ အပြင်းအထန် နွှဲရသည်။ သူ မျှော်လင့် နေသည့် လှံစွပ်တိုက်ပွဲများ ဖြစ်သည်။ သူ ပျော်သည်။ သူ ရင်ခုန်သည်။ သူ အကြိုက်ဆုံး၊ လေ့ကျင့်မှု အကောင်း ဆုံးက လှံစွပ်တိုက်ပွဲပင် မဟုတ်ပေ လော..။ မော်လမြိုင်တိုက်ပွဲတွင် သူ့လှံ စွပ်က ရန်သူ့သွေး တစ်ဝကြီး သောက်ခွင့် ရခဲ့သည်။
” လှံစွပ်တိုက်ပွဲကို ငါ ဘယ်လိုကြိုက် မှန်းတောင် မပြောတတ်ဘူး၊ ခုတောင်မှ မသေခင် တစ်ပွဲလောက် တိုက်လိုက်ချင် သေးတယ်”
အသက် ၉၅ နှစ်အရွယ် ဦးအောင် ကြွယ်မျက်လုံးတွေထဲ လှံစွပ်တိုက်ပွဲ နွှဲ နေဆဲ..။ သူ့ လှံစွပ်သွားတွင် ရန်သူ့ သွေးတွေ ပေကျံစီးကျနေဆဲ။

(လာမည့်အပတ် ဆက်လက်ဖော်ပြ ပါမည်။)

LEAVE A REPLY

Please enter your comment!
Please enter your name here