ယမ်းထောင်းသေနတ် ကိုင်ဆောင် ရမ်းကားသူအား ဖမ်းဆီး

0
496

အမျိုးသားတစ်ဦး လက်လုပ်ယမ်း ထောင်း သေနတ်ကိုင်ဆောင်ကာ အောင် ဘာကျေးရွာအတွင်း ရမ်းကားနေသဖြင့် ရဲတပ်ဖွဲ့ မှ  စက်တင်ဘာလ ၁၅ ရက်က သွားရောက် ဖမ်းဆီး အရေးယူခဲ့ကြောင်း ကော့သောင်းမြို့မရဲစခန်းထံမှ သိရသည်။


၎င်းသည် အရက်မူးပြီး  လက်လုပ် ယမ်းထောင်းသေနတ်အား  ခဲသီးယမ်း မှုန့်များ အသင့်ထည့်ထားကာ ရမ်းကား နေကြောင်းသိရှိ ရသဖြင့် ကျေးရွာအုပ် ချုပ်ရေးအဖွဲ့  ပြည်သူစစ် အဖွဲ့များနှင့် အတူ သွားရောက် ဖမ်းဆီးခဲ့သည်ဟု အထက်ပါရဲစခန်းမှ ရဲအုပ်က ဆိုသည်။
လက်လုပ်ယမ်းထောင်းသေနတ် တစ်လက်အပြင် ဓားဦးချွတ်တစ်ချောင်း၊ ယမ်းကတ် ယမ်းမုန့်နှင့် ခဲသီးများကိုပါ သိမ်းဆည်းရမိခဲ့သည်ဟု အထက်ပါ ရဲအုပ်က ပြောပြသည်။

 
ကျေးရွာအတွင်း အများပြည်သူ အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ် လျက် လက်နက်ကိုင် ရမ်းကားနေသူ အမျိုးသားကို လက်နက်ဥပဒေအရ အရေးယူဆောင်ရွက်ရန် ကော့သောင်း မြို့မရဲစခန်းတွင် အမှုဖွင့်ထားရှိကြောင်း ယင်းရဲစခန်းထံမှ သိရသည်။