ငြိမ်းချမ်းရေး ကာတွန်းပြပွဲ တိုင်းအတွင်း နေရာလေးခုတွင် ပြသမည်

0
468

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ပြသမည့် ငြိမ်းချမ်းရေး ကာတွန်းပြပွဲကို တိုင်းအတွင်း နေရာ ၄ ခုတွင် ယခုလနှင့် လာမည့် လများတွင် ခင်းကျင်းပြသသွား မည်ဟု ကာတွန်းဆရာ မောင်မောင်ဖောင် တိန်က ပြောသည်။


ကာတွန်းဆရာ မောင်မောင်ဖောင် တိန် ရေးဆွဲထားသည့် ကာတွန်းလက်ရာ များအပြင် မြန်မာနိုင်ငံ စာနယ်ဇင်း လောကတွင် ရေးဆွဲနေသည့် ကာတွန်း ဆရာ ၁၇၀ ဦး၏ ကာတွန်းလက်ရာပေါင်း ၂၅၀ အား ပြသသွားမည် ဖြစ်ကြောင်း ကာတွန်းဆရာ မောင်မောင်ဖောင်တိန်က ပြောသည်။

 
လာရောက်ကြည့်ရှုသူများထဲမှ မိမိခံစားချက်၊ ဝေဖန်သုံးသပ်ချက် ရေး ပေးသူများကို ကာတွန်းလက်ရာများ စု စည်းထားသည့် စာအုပ်နှင့် တီရှပ် အကျီများ လက်ဆောင်များ ပေးသွား မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ငြိမ်းချမ်းရေး ကာတွန်းပြပွဲကို စက် တင်ဘာလ ၂၈၊၂၉ ရက်များတွင် ကံ ပေါက်၌ ပြသသွားမည်ဖြစ်ပြီး အောက် တိုဘာလ ၁၊ ၂ ရက်များတွင် ထားဝယ် မြို့ ရွှေဝယ်သီရိ ကလေးကစားကွင်းအနီး တွင်လည်းကောင်း၊ အောက်တိုဘာလ ၇၊ ၈၊ ၉ ရက်နေ့များတွင် မြိတ်မြို့၌လည်း ကောင်း၊ အောက်တိုဘာလ ၁၄၊ ၁၅ ၊ ၁၆ ရက်များတွင် ကော့သောင်းမြို့တွင် လည်းကောင်း ပြသသွားမည်ဖြစ်ကြောင်း ကာတွန်းဆရာ မောင်မောင်ဖောင်တိန် ထံမှ သိရသည်။