စာချစ်သူများအတွက် ကော့သောင်းက စာပေရေချမ်းစင်

0
394

ဒီအပတ်တော့ ကော့သောင်းမြို့ အဝိုင်းပတ် အများပြည်သူနားနေဆောင် မှာ ကမ်းနီးအဖြူရောင်ပရဟိတအဖွဲ့က ဖွင့်လှစ်ထားတဲ့ စာပေရေချမ်းစင်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။


circle_book_shelf_ktပိတောက်ရွှေဝါရပ်ကွက် ၊ မြရည် ပုလဲလမ်း အဝိုင်းပတ်မှာ ဩဂုတ်လထဲမှာ နားနေဆာင်နဲ့ တွဲလျက်ဖွင့်ထားပါတယ်။
စာပေရေချမ်းစင်လေးမှာ သုတ၊ ရသ၊ ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး စာအုပ်များအပါအဝင် ကလေး များအတွက် သုတစွယ်စုံနှင့် ကာတွန်း စာအုပ်များကိုလည်း အခမဲ့ ဖတ်ရှုနိုင် အောင် စီစဉ်ပေးထားပါတယ်။ ဒါတွေအပြင် နေ့စဉ်၊ အပတ်စဉ် ထွက်ရှိတဲ့ သတင်းစာ ၊  ဂျာနယ်များ လည်း ဖတ်နိုင်ပါတယ်။
စာမဖတ်ဘဲ လာရောက်နားနေသူ များအတွက် အချိန်နှင့်တစ်ပြေးညီ ထုတ် လွှင့်တင်ဆက်နေတဲ့ ရုပ်သံသတင်းတွေ ကိုလည်း နားဆင်နိုင်မှာဖြစ်ပြီး အချို ရည်နှင့်ရေခဲရည်တို့ကိုလည်း အမောဖြေ သောက်သုံးနိုင်ပါတယ်။