စံမမီ ထားဝယ်- မလွှဲ တောင် လမ်းပိုင်းအရည်အသွေး ပြည် ထောင်စုအစိုးရ စစ်မည်

0
559

သတ်မှတ်စံချိန်နှင့် စည်းကမ်းချက် များအတိုင်း မလုပ်ဆောင်သည့် ထားဝယ် – မလွှဲတောင်လမ်းပိုင်း တိုးချဲ့လုပ် ဆောင်နေမှုအား ပြည်ထောင်စု စစ်ဆေး ရေးအဖွဲ့ ဖွဲ့ကာ စစ်ဆေးမည် ဖြစ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်ထံမှ သိရသည်။
ယင်းလမ်းပိုင်း တိုးချဲ့လုပ်ဆောင်မှု ကို စက်တင်ဘာလ ၉ ရက် ကလိန်အောင် မြို့နယ်ခွဲ စွန့်လွှတ်မြေယာ ပေးအပ်ပွဲ ခရီးစဉ်မှ အပြန်တွင် ရှောင်တခင် စစ်ဆေး ခဲ့ရာ စံနှုန်းနှင့် မကိုက်ညီသည်ကို တွေ့ ရှိသဖြင့် တွေ့ရှိချက်များအား ဆောက် လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်ထံ ချက်ချင်းတိုင် ကြားခဲ့သည်ဟု ဒေါ်လဲ့လဲ့မော်က ပြော သည်။
ယင်းလမ်းပိုင်းတွင် လမ်းအထူး အဖွဲ့ ၂၃ မှ တာဝန်ယူ လုပ်ကိုင်နေခြင်း ဖြစ်သည်။

dawei_malwetg_road_standard
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းသတ်မှတ်အရည်အသွေး ပြည့်မပြည့် စစ်ဆေးနေစဉ်

ထပ်ချဲ့လမ်းသားတွင် အနက် ၁ ပေ မြေတူးကာ ကျောက်ဖြည့်ရမည်   ဖြစ်သော်လည်း လုပ်ကွက်နေရာ အတော် များများ (အထူးသဖြင့် လူပြတ်သည့် နေရာများ)  တွင် အများဆုံး အနက်  ၇ လက်မခန့်သာ   မြေတူး ကျောက်ဖြည့် ထားသည်ဟု ၎င်းက ဆိုသည်။

 

” ပြည်ထောင်စုက ခိုင်းထားတာဆို တော့    ပြည်ထောင်စုဝန်ကြီးဆီ တိုက်ရိုက် တိုင်တာ၊ ပြည်ထောင်စုအဆင့် စစ်ဆေး ရေး  အဖွဲ့ဖွဲ့ပြီး ဆင်းစစ်မယ်လို့ ဝန်ကြီး က ပြောပါတယ် ” ဟု ဒေါ်လဲ့လဲ့မော်က ပြော သည်။
ယင်းသို့ ဆင်းစစ်ရာတွင် တိုင်း တွင်းမှ ပြောရေးဆိုခွင့်ရရန် ပြည်ထောင် စု စစ်ဆေးရေးအဖွဲ့အား တိုင်းအစိုးနှင့် တွေ့ဆုံညှိနှိုင်းကာ တိုင်းဒေသကြီးဝန် ကြီး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်များ ထည့်သွင်း ဖွဲ့စည်းမည်ဟု သိရသည်။
ယင်းသို့ ဖွဲ့စည်းစစ်ဆေးမှ အဖြေ ရမည်ဖြစ်ပြီး လုပ်ငန်းသဘောတူညီ ချက်ပါ အချက်အလက်များနှင့် တိတိ ကျကျ ပြန်တိုက် စစ်သင့်ကြောင်း တိုင်း ဒေသကြီးလွှတ်တော်ဘဏ္ဍာရေး၊ စီမံ ကိန်းနှင့် စီးပွားရေးကော်မတီ အတွင်း ရေးမှူး ဦးလှထွေးက ထောက်ပြသည်။” လုပ်သင့်တဲ့ လုပ်ရပ်ဖြစ်ပြီး၊ ဒီလို ဖွဲ့စစ်တာ သဘာဝကျပါတယ်”  ဟု ရေဖြူတိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလည်းဖြစ်သည့် ဦးလှထွေးက ပြော သည်။
ယင်းကိစ္စနှင့် ပတ်သက်၍ လက်ရှိ အချိန်တွင် ပြည်ထောင်စုအဆင့်မှ ဆက် သွယ်လာခြင်း မရှိသေးဟု ဆောက်လုပ် ရေးဌာနကိုပါ ကိုင်တွယ်သည့် တိုင်း ဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်က ပြောသည်။

 
လမ်း တံတားအပါအဝင် အစိုးရ ရန်ပုံငွေဖြင့် ဆောက်လုပ်သည့် ကန်ထ ရိုက်လုပ်ငန်းမှန်သမျှ စည်းမျဉ်း စည်း ကမ်းများ ချိုးဖောက်ကာ သတ်မှတ် စံချိန် စံညွှန်းနှင့်မညီ လုပ်ဆောင်နေ သည်ကို တွေ့ရှိက မည်သူမဆို ၎င်းထံ တိုက်ရိုက်တိုင်ကြား နိုင်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောပါသည်။” ကျွန်မဆီ တိုက်ရိုက် တိုင်ပါ။ မြန် မြန်ဆန်ဆန် အရေးယူဆောင်ရွက် နိုင် အောင်ပါ ” ဟု ဒေါက်တာ လဲ့လဲ့မော်က ပြောသည်။ယင်းသို့ သတင်းပို့ တိုင်ကြားနိုင် ရန် အဓိက လိုအပ်ချက်မှာ လုပ်ငန်း များကို မည်သည့်ပစ္စည်းများအသုံးပြုပြီး မည်သို့မည်ပုံ တည်ဆောက်မည်ဆိုသည့် အသေးစိတ် အချက်အလက်များ ရေး သားဖော်ပြပေးထားသည့် လုပ်ငန်း ဒီဇိုင်းဘေဘုတ်ကြီးများ ပွင့်လင်းမြင်သာ အောင် ထောင်ပြထားရန် လိုကြောင်း ခရိုင်တည်ဆောက်ရေး လုပ်ငန်းစိစစ်ရေး ကော်မတီဝင် ဦးရဲထွဋ်က ထောက်ပြ သည်။

 
” ဒီလုပ်ငန်းမှာ ဒီလိုပစ္စည်းတွေ သုံးရမယ်ဆိုတာ တိတိကျကျသိမှ တိုင် ကြားနိုင်မယ်လေ ” ဟု ဦးရဲထွဋ်က ပြော သည်။
ထားဝယ်ခရိုင် တည်ဆောက်ရေး လုပ်ငန်း စိစစ်ရေးကော်မတီကို အဖွဲ့ဝင် ၇ ဦးဖြင့် အစိုးရမှ ဇူလိုင်လက တရားဝင် ဖွဲ့စည်းပေးထားပြီးဖြစ်သော်လည်း ယခု ထိ မျက်နှာစုံညီအစည်းအဝေးပင် မခေါ် သေးကြောင်း ယင်းကော်မတီအဖွဲ့ဝင် ဦးရဲထွဋ်က ဖွင့်ဟသည်။

 
” လုပ်ငန်း စိစစ်ရေးကော်မတီဝင် တွေက သက်ဆိုင်ရာနယ်မှာ ဘာလုပ်ငန်း တွေ လုပ်မယ်ဆိုတာ သိထားရမှာ၊ ခုက    ကော်မတီဝင်  ဆိုတာ ဘာတွေ လုပ်ပိုင် ခွင့်ရှိတယ်ဆိုတာတောင် မသိကြရသေး ဘူး ” ဟု ဦးရဲထွဋ်က ပြောသည်။လုပ်ငန်းအား       မည်သူမဆို လေ့လာ စောင့်ကြည့်နိုင်ရန် လုပ်ငန်းဒီဇိုင်း ဘေ ဘုတ်များ လုပ်ငန်းခွင်တွင် ထောင်ထား ရမည်ဟု လုပ်ငန်းစာချုပ်တွင်ပါဝင်သော် လည်း အချို့ ကန်ထရိုက် လုပ်ငန်းများက စည်းမျဉ်းစည်းကမ်းကို ကျော်လွန်ကာ လုပ်ငန်းစာချုပ် မချုပ်မီပင် လုပ်ငန်း စတင်နေသည်များ ရှိနေသည်ဟု ဒေါက် တာလဲ့လဲ့မော်က ဆိုသည်။
လက်ရှိတွင် ကန်ထရိုက် လုပ်ငန်း အတော်များများက ဘေဘုတ်ထောင်ရန် ပျက်ကွက်နေဆဲ ဖြစ်သောကြောင့် ပြည် သူများ စောင့်ကြည့်တိုင်ကြားရန် အခက် တွေ့နေဆဲ ဖြစ်သည်။