ထိုင်းနယ်စပ် မောတောင်တွင် မြန်မာများ ဆန္ဒပြ

0
434

ထိုင်း-မြန်မာ နယ်စပ်ဂိတ် တစ်ခု ဖြစ်သည့် မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်နယ်စပ်ဂိတ်တွင် စက်တင် ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းက မော တောင်ဒေသခံ ၁၀ ဦးခန့် ဆန္ဒပြခဲ့ကြ သည်။


ဈေးရောင်းခြင်း၊ ဆိုင်ကယ်တက္ကစီ ဆွဲခြင်း စသည်တို့တွင် မြန်မာများကို မျှတစွာ မဆက်ဆံဟု ဆိုကာ မောတောင် ဒေသခံ မြန်မာများက ထိုင်းနိုင်ငံသို့ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်း ဆန္ဒပြ သူများထံမှ သိရသည်။ ဒေသခံ မြန်မာဈေးသည်များကို မျှတစွာ ရောင်းချသွားခွင့်ပေးပါရန်၊ ဒေသခံ ဆိုင်ကယ်ကယ်ရီများအား ထိုင်း လ.၀.ကမှ ငွေကောက်ခံမှုကို ညှိနှိုင်း ပေးပါရန်၊ ထိုင်း-မြန်မာ နယ်စပ်ဂိတ် စင်းခွန်(ထိုင်း)ဂိတ်ကို တရားဝင်အမြန် ဆုံး ဖွင့်ပေးရန်နှင့် နေရပ်ပြန် မြန်မာ များအား မျှတစွာ သွားလာခွင့်ပေးပါရန် စသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင် ကာ သဘောထား ထုတ်ဖော်ကြောင်း သိရသည်။

 

mg_taw_mm_desire
” မြန်မာတွေကို မျှမျှတတ တန်းတူ ဆက်ဆံစေချင်တဲ့အတွက် ဆန္ဒထုတ်ဖော် ရခြင်းဖြစ်ပါတယ်” ဟု ဆန္ဒပြခေါင်း ဆောင် ဦးလေးလွင်က ပြောသည်။

ထိုင်းနိုင်ငံ စင်ခွန်းနယ်စပ်ဂိတ် တောင်ခြေဈေးတွင်    မောတောင်ဒေသခံ များက ဈေးရောင်းခြင်း၊ ဆိုင်ကယ် ကယ်ရီဆွဲခြင်းတို့ကို လုပ်ကိုင်နေခြင်း ဖြစ်သည်။ထိုင်းနိုင်ငံမှ ကုန်ကားများ၊ လုပ် ငန်းသုံးကားများသည် မြန်မာဘက်သို့ ဝင်ရောက်ခွင့်ရသော်လည်း မြန်မာကား များမှာ စင်ခွန်းဂိတ်ရှိ ထိုင်း  လူဝင်မှု ကြီးကြပ်ရေးဂိတ်အထိသာ သွားလာ ခွင့်ရကြောင်း မောတောင်ဒေသခံ အချို့ က ဆိုသည်။

 
ထိုင်းနိုင်ငံ စင်ခွန်းဂိတ်မှတဆင့် ပရာကျွတ်မြို့သို့ မြန်မာနိုင်ငံသားများ အတွက် ၃ ညအိပ် ၄ ရက် ခရီးစဉ် အဖြစ်သွားလာလည်ပတ်ခွင့်ကို ယခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့မှစပြီး စတင် သွားလာခွင့်ပေးခဲ့ပြီး ဖြစ်သည်။ထိုင်းနိုင်ငံသားများအနေဖြင့် မြန် မာနိုင်ငံအတွင်းသို့ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် Border Pass(BP)   ဖြင့် ၁၃ ညအိမ် ၁၄ ရက်၊ ယာယီနယ်စပ်ဖြတ်သန်း ခွင့်လက်မှတ် Temporary Border Pass(TBP)  ဖြင့် ၆ ညအိပ် ၇ ရက် သွား လာခွင့် ပြုပေးထားခဲ့ပြီးဖြစ်ကြောင်း မော တောင်နယ်စပ်ဂိတ်စခန်းထံမှ သိရသည်။
မြန်မာဘက်မှ မောတောင်နယ်စပ် ဂိတ်ကို ၂၀၁၃ ခုနှစ် မေလ ၈ ရက်နေ့က တရားဝင်ဖွင့်လှစ်ထားပြီးဖြစ်ကာ ထိုင်း ဘက်မှ စင်ခွန်းဂိတ်အား တရားဝင်ဖွင့် လှစ်ထားခြင်းမရှိသေးပေ။