အဆောင်နေကျောင်းသူ လက်ခံရန် ပရိဘောဂစောင့်

0
470

ထားဝယ်တက္ကသိုလ်တွင် တည် ဆောက်ပြီးစီးနေပြီဖြစ်သည့် ကျောင်းသူ ၁၃၀ ဦးဆံ့ ကျောင်းသူအဆောင်တွင် လာမည့်ကျောင်းဖွင့်ရာသီဖြစ်သည့် ဒီဇင်ဘာလမတိုင်မီ ပရိဘောဂ ပစ္စည်း များ ရောက်ရှိလာပါက အဆောင်နေ ကျောင်းသူများကို စတင်လက်ခံသွား မည်ဖြစ်ကြောင်း ထားဝယ်တက္ကသိုလ်မှ သိရသည်။


ပရိဘောဂပစ္စည်းများ ဝယ်ယူဖြည့် တင်းရန် တင်ဒါခေါ်ထားပြီးဖြစ်ကာ တင်ဒါအောင် ကုမ္ပဏီမှ အချိန်မီ ဖြည့် တင်းနိုင်ပါက စည်ပင်သာယာနယ် နိမိတ်အတွင်းနေထိုင်သည့် ကျောင်းသူ များမှအပ ကျန်ဒေသများမှ ကျောင်းသူ များ အဆောင်တွင် နေထိုင်ကာ ပညာ သင်ကြားနိုင်ရန် လက်ခံသွားမည်ဖြစ် ကြောင်း ထားဝယ်တက္ကသိုလ် စီမံဘဏ္ဍာ ဌာနမှဌာနမှူးက ဆိုသည်။
” တင်ဒါအောင်တဲ့ ကုမ္ပဏီဘက်က စောစောသွင်းနိုင်ရင် ကျောင်းဖွင့်ရာသီ အမီဖွင့်နိုင်တယ်” ဟု စီမံဘဏ္ဍာဌာနမှ ဌာနမှူး ဒေါ်ခင်အေးထူးက ပြောသည်။

dawei_uni_student
အဆောင်ကြေးကို လက်ရှိညွှန် ကြားထားသည့်အတိုင်း တစ်လလျှင် ငွေကျပ် ၅၀၀၀  သတ်မှတ်မည်ဖြစ်ကာ    နောက်ထပ် ညွှန်ကြားချက်ရှိလာပါက အပြောင်းအလဲ ရှိနိုင်ကြောင်း ၎င်းက ဆိုသည်။အပြင်တွင် ငှားနေရသည့် အဆောင် ဈေးထက်သက်သာပါက ကျောင်းက အဆောင်မှာပင် နေဖြစ်မည်ဖြစ်ကြောင်း    ရေဖြူမြို့နယ်မှ ဓာတုဗေဒ ဒုတိယနှစ် ဂုဏ်ထူးတန်းတက်နေသည့် ကျောင်းသူ တစ်ဦးက ပြောသည်။

 

” အဆောင်ခ သက်သာမယ်ဆိုရင်     ကျောင်းထဲမှာပဲ နေဖြစ်မယ်၊ နေခွင့်ရရင် ပေါ့၊ ပိုက်ဆံရှိလို့ လာတက်နေတာ မဟုတ်တော့လေ” ဟု အဆိုပါကျောင်းသူ က ဆိုသည်။

 
အဆောင်ရှိ အခန်းတစ်ခန်းတွင် ကျောင်းသူ နှစ်ဦးနှုန်း နေထိုင်ရမည်ဖြစ် ကာ ကုတင်၊ စားပွဲ၊ ကုလားထိုင်နှင့် ဗီရိုအစရှိသည့်ပစ္စည်းများပါဝင် မည်ဖြစ် ကြောင်း အထက်ပါဌာနမှ သိရသည်။နောက်ထပ် ကျောင်းသားများ အတွက် ကျောင်းသား ၁၃၀ ဦးဆံ့ အ ဆောင်အား လာမည့် ၂၀၁၇ ခုနှစ် မတ် လအပြီး တည်ဆောက်နေကြောင်း စီမံ ဘဏ္ဍာဌာနမှ သိရသည်။
လက်ရှိ ထားဝယ်တက္ကသိုလ်တွင် ကျောင်းသား ၁၁၇၀ ဦးနှင့် ကျောင်းသူ ၂၂၆၈ ဦး ပညာသင်ကြားနေကြောင်း ထားဝယ်တက္ကသိုလ်မှ သိရသည်။