သက်တမ်းလွန် မုန့်များတွေ့က တိုင်ကြားနိုင်

0
419

မြိတ်ဈေးကွက်အတွင်း သက်တမ်း လွန်မုန့် ရောင်းချနေမှုများရှိနေပါက တိုင်ကြားနိုင်ပြီဖြစ်ကြောင်း မြိတ်ခရိုင် စာသုံးသူရေးရာ ဦးစီးဋ္ဌာန ဦးစီးမှူး ဦးမျိုးအေးက ပြောကြားသည်။ လက်တလောတွင် ဈေးကွက် အတွင်း ထိုင်းနိုင်ငံထုတ် မုန့်များတွင် သက်တမ်းလွန်ပြီး မှိုစွဲမှုအချို့ရှိနေကြောင်း စားသုံးသူတချို့ထံမှ သိရသည်။


သို့သော် တိုင်ကြားသူတစ်ဦးမျှ မရှိသေးကြောင်း ဦးမျိုးအေးက ဆိုသည်။” လာတိုင်ရင် စစ်ဆေးပြီး ကနဦး သတိပေးပြီး ဈေးကွက်မှ ဖယ်ရှားတာတို့ ဖျက်ဆီးပစ်တာလို့ လုပ်ရမယ်”  ဟု ၎င်း က ပြောသည်။ ယင်းထိုင်းနိုင်ငံထုတ် မုန့်များသည် မောတောင်နယ်စပ်ဂိတ်နှင့် ရေကြောင်း လမ်းတို့မှ ဝင်ရောက်နေပြီး  မုန့်အမျိုး အစား ၃၀ ကျော်ရှိပြီး ကုန်ဆုံးရက်စွဲ (Expire Date) များ မပါရှိကြောင်း မုန့်ဈေးကွက်အတွင်းမှ သိရသည်။” သက်တမ်းလွန်မုန့်က ပုတ်သိုး တာနဲ့အတူတူပဲ စားမိလျှင် မူးဝေ၊ အန် တာ ဝမ်းလျှော ရောဂါတွေဖြစ်ပေါ်နိုင် တယ်” ဟု ခရိုင် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

expire_draft_cake
စားသုံးသူသည် ကုန်စည်နှင့်  ဝန် ဆောင်မှုများကြောင့် ထိခိုက်နစ်နာမှု များရှိပါက တိုင်ကြားနိုင်ခွင့်၊ တရားစွဲဆို ပိုင်ခွင့်၊ ကြားနာခွင့်ရှိကြောင်း ခရိုင် စားသုံးသူရေးရာ ဦးစီးဋ္ဌာနမှ သိရသည်။  “ရောင်းတဲ့သူတွေကလည်း ရလိုမှု တစ်ခုတည်း ကြည့်လို့မရဘူး၊ စားတဲ့သူ ကလည်း သက်တမ်းလွန်မလွန်ကြည့် ပြီးမှ စားရမှာဆိုတဲ့ အသိက အားနည်း နေတုန်းပဲ”  ဟု ကန်ဖျားရပ်နေ ကုန်သည် တစ်ဦးဖြစ်သူ ဦးစိုးငယ်က ပြောသည်။
တိုင်ကြားလာမှုများနှင့် စစ်ဆေး ထွက်ရှိချက်များအပေါ်မူတည်၍ အငြင်း ပွားမှု ဖြေရှင်းရေးအဖွဲ့များက စီမံခန့်ခွဲမှု ပြစ်ဒဏ်များ ချမှတ်နိုင်ပြီး ပြစ်မှုကြောင်း အရလည်း ထောင်ဒဏ် ၃ နှစ်နှင့် ငွေ သိန်း ၅၀ အထိ ချမှတ်ခံရနိုင်ကြောင်း စားသုံးသူရေးရာဦးစီးဋ္ဌာနမှ သိရသည်။