မွန်ပြည်သစ်နှင့် KNU ကြား ပြဿနာဖြေရှင်းရန် နှစ်ဘက်နယ်မြေတာဝန်ခံပါ ကော်မတီဖွဲ့စည်း

0
400

မွန်ပြည်သစ်ပါတီ (NMSဏ) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့အကြား ပြဿနာထပ်မဖြစ်ရန်နှင့်    ပြဿနာ ဖြေရှင်းရန်အတွက် နှစ်ဘက် ခေါင်းဆောင်များပါဝင်သည့် ကော်မတီ တရပ်ကို ဖွဲ့စည်းလိုက်ကြောင်း နှစ်ဘက် ခေါင်းဆောင်တို့ထံမှ သိရသည်။ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်က တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာ အုပ်စု သဲချောင်း ဖျားကျေးရွာအနီးတွင် ဒေသတွင်း အခြေချနေသည့် မွန်ပြည်သစ်တပ်ဖွဲ့နှင့် ကရင်အမျိုးသား အစည်းအရုံးတပ်ဖွဲ့တို့ ကြား နယ်မြေအငြင်းပွားမှု ပြဿနာ ကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သည်နှင့် ပတ်သက်ပြီး စက်တင်ဘာ ၁၁ ရက်က နှစ်ဘက်ခေါင်းဆောင်များ တွေ့ဆုံ ကြပြီး ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့ခြင်း အပါအဝင် အချက် ၄ ချက် ဖြင့် ညှိနှိုင်း သဘောတူထားသည်။

monpyithit_party_kalaneag

“ကော်မတီကတော့ ပြဿနာဖြေ ရှင်းနိုင်ဖို့ နောက်ပြဿနာ မဖြစ်ဖို့ အတွက် ဖွဲ့စည်းထားတယ်၊ နယ်မြေ တာဝန်ခံတွေပေါ့၊ KNU ဘက်က ၃ ယောက်၊ မွန်ပြည်သစ်ပါတီဘက်က ၃ ယောက် နှစ်ဦးနှစ်ဘက် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ဖို့ပါ” ဟု KNU မြိတ်-ထားဝယ် ဆက်ဆံရေးရုံးတာဝန်ခံ ပဒို ဝင်းခိုင်က ပြောသည်။
ဆွေးနွေးမှုမှ ညှိနှိုင်းထားသည့် အချက်များမှာ မွန်ပြည်သစ်ပါတီနှင့် ကရင်အမျိုးသားအစည်းအရုံးတို့ကြား အငြင်းပွားဖွယ်ဖြစ်နေသည့် နယ်မြေ ကိစ္စကို ဗဟိုအဆင့်တွင် ဆောင်ရွက် သွားရန်၊ ဗဟိုအဆင့်တွင်တွေ့ဆုံနိုင်ရန် ခရိုင်မှတစ်ဆင့် ဗဟိုသို့ အမြန်ဆုံးတင်ပြ ရန်၊ အောက်ခြေအဆင့် စစ်ရေးပြဿနာ ထပ်မံမဖြစ်ပွားရန် သက်ဆိုင်ရာနယ် မြေခံတပ်မှူးတို့က ကြပ်မတ်သွားရန်၊  သွားလာလှုပ်ရှားမှုများကို အသိပေး အကြောင်းကြားရန်တို့ ပါဝင်သည်။လက်ရှိအခြေအနေမှာတော့ မွန် ပြည်သစ်နှင့် KNU တို့ကြား ရှေ့ဆက် ပြဿနာဖြစ်ပွားမှု မရှိအောင် ထိန်းသိမ်း သွားရမည်ဖြစ်ပြီး နယ်မြေအငြင်းပွား မှုကိစ္စကိုတော့ ဗဟိုအဆင့်တွင် ဆွေးနွေး သွားရန် သဘောတူထားကြသည်ဟု မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်ရုံးထံမှ သိရသည်။

 
တွေ့ဆုံဆွေးနွေးမှုတွင် KNU ဘက်မှ ဖဒိုမန်းငြိမ်းမောင်ဦးဆောင်သည့် အဖွဲ့နှင့် မွန်ပြည်သစ်ပါတီဘက်က ဗဟို ကော်မီတီဝင် နိုင်အောင်မငေး ဦးဆောင် သည့်အဖွဲ့တို့က တနင်္သာရီတိုင်းဒေသ ကြီး ရေဖြူမြို့နယ် ရာဖူးကျေးရွာတွင် ပြုလုပ်ခဲ့သည်။
မွန်ပြည်သစ်ပါတီနှင့် KNU တို့ သည် ၁၉၈၈ ခုနှစ်က နယ်မြေအငြင်း ပွားမှု ပြဿနာကြောင့် စစ်ရေး ပဋိပက္ခ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အမျိုးသား ဒီမိုကရေစီတပ်ပေါင်းစု (NDF) ၏ စေ့စပ်ညှိနှိုင်းမှုအရ စစ်ရေးပြဿနာ ပြေလည်သွားခဲ့သည်မှာ ၂၈ နှစ်နီးပါး ရှိလာခဲ့ရာမှ ယခုတစ်ဖန် တိုက်ပွဲ ပြန် လည်ဖြစ်ပွားလာခြင်း ဖြစ်သည်။

 
ကရင်အမျိုးသားအစည်းအရုံး (KNU) သည် မြန်မာအစိုးရနှင့် တစ်နိုင်ငံ လုံး အပစ်ခတ်ရပ်စဲရေးစာချုပ် ဃြဗ သဘောတူစာချုပ် လက်မှတ်ရေးထိုးထား သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး မွန်ပြည်သစ်ပါတီသည် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲ ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားခြင်းမရှိသည့်အဖွဲ့ ဖြစ်သည်။