ငွေတောင်းသည်ဟုဆိုကာ ဘုတ်ပြင်းမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး အတိုင်ခံရ

0
387

ငွေတောင်းသည်ဟု စွပ်စွဲချက် အပြင် အခြားစွပ်စွဲချက်များဖြင့် ကော့ သောင်းခရိုင်၊ ဘုတ်ပြင်းမြို့ပေါ် ရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦး အတိုင်ခံခဲ့ရ သည်။ယင်းမြို့ အောင်မင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူးမှ လက်မှတ်ထိုးခိုင်းလျှင် ငွေတောင်းသည်ဟုဆိုကာ စက်တင်ဘာ ၁၄ ရက်က ဘုတ်ပြင်းမြို့နယ် အုပ်ချုပ် ရေးအဖွဲ့သို့ ရပ်ကွက်နေ ပြည်သူ ၆၀ ဦးက လက်မှတ်ထိုးပြီး တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း တိုင်ကြားသူများတချို့ထံမှ သိရသည်။


အိမ်ခြံမြေ ရောင်းဝယ်သည့် ကိစ္စ များတွင် ရုံးအတွက် ရန်ပုံငွေဟုဆိုကာ    ငွေတောင်းပြီး   ပြဿနာတစ်စုံတစ်ရာ ဖြစ်လာပါကလည်း ဖြေရှင်းပေးနိုင်ခြင်း မရှိဟု လက်မှတ်ထိုးခဲ့သူတစ်ဦးဖြစ် သည့် ဒေါ်ပိုမြင့်က ပြောသည်။” ဒီမိုကရေစီ အစိုးရလက်ထက်မှာ အုပ်ချုပ်ရေးမှူးတွေ ငွေတောင်း နေသေး တယ်ဆိုတာ သိစေချင်လို့ တိုင်စာ ပို့ရ တာပါ” ဟု ဒေါ်ပိုမြင့်က ဆိုသည်။
အဆိုပါ တိုင်ကြားထားမှုနှင့် ပတ် သက်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ မြို့နယ်မှ အကြောင်းကြားလာခြင်း မရှိ သေးဟု အောင်မင်္ဂလာ ရပ်ကွက် အုပ် ချုပ်ရေးမှူးက ပြောသည်။ ” အခုတိုင်းထားတဲ့ အချက်အလက် တစ်ခုမှ ကျွန်တော် မကျူးလွန်ဖူးသလို စည်းကမ်းကိုလည်း မချိုးဖောက်ဘူး၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်ချင်လို့ တိုင်တာ လို့ပဲ ယူဆတယ်။ အချိန်မရွေး လာစစ် လို့ ရပါတယ်” ဟု ရပ်ကွက်အုပ်ချုပ်ရေး မှူး ဦးစစ်ခိုင်က ဆိုသည်။ အဆိုပါ အုပ်ချုပ်ရေးမှူးအား ရပ် ကွက်နေသူများက အစိုးရသစ်တက်ပြီး နောက်ပိုင်း အများဆန္ဒဖြင့် ရွေးချယ် တင်မြှောက်ထားခြင်း ဖြစ်သည်။