ကမ္ဘာမျိုးတုန်းလုနီး တောင်ငုံးရင်မဲငှက် တနင်္သာရီတိုင်းတွင် အများဆုံး

0
401

ကမ္ဘာမျိုးတုန်းလုနီး တောင်ငုံးရင် မဲငှက် မျိုးစိတ်အား တနင်္သာရီတိုင်းတွင် အများဆုံးတွေ့ရကြောင်း မြိတ်မြို့တွင် ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်း လုနီးပါး အခြေအနေရှိနေသည့် တော ရိုင်းတိရစ္ဆာန်များ၏ ဇီဝမျိုးကွဲ ထိန်း သိမ်းခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေး ပွဲတွင် ငှက်ပညာရှင်များက ပြောသည်။


အဆိုပါ တောင်ငုံးရင်မဲ (Gurn ey`s Pitta ) ငှက်မျိုးစိတ်သည် ထိုင်းနှင့် မြန်မာနိုင်ငံအတွင်းသာ ကျန်တော့ ကြောင်း တောင်ငုံးရင်မဲငှက်များ နေထိုင် ကျက်စားရာ မြေပြင် အနေအထားနှင့် ဂေဟဗေဒဆိုင်ရာ လေ့လာသူ (FFI) မှ ဦးနေမျိုးရွှေက ပြောကြားသည်။ထိုင်းနိုင်ငံတွင် ၄ ကောင်သာရှိပြီး ယင်းအနက် တစ်ကောင်မှာ ခြံထဲတွင် မွေးထားခြင်း ဖြစ်သည်ဟု သိရသည်။ ငှက်ပညာရှင်များနှင့် ငှက် ဝါသနာ ပါသူများရဲ့ နောက်ဆုံး လေ့လာချက်အရ တောင်ငုံးရင်မဲငှက် နေထိုင်ကျက်စား သည့် မြန်မာနိုင်ငံ တောင်ပိုင်းဒေသရှိ ဘုတ်ပြင်း၊ ပြည်ကြီးမဏ္ဍိုင်၊ ငဝန် လေညာဒေသနှင့် တနင်္သာရီရိုးမအတွင်း အကောင်ရေ ၂၀ နီးပါးကို တွေ့ရှိခဲ့ကာ ခန့်မှန်းခြေအရ အကောင်ရေ ၅၀၀) ခန့်ရှိနိုင်သည်ဟု တနင်္သာရီတောင်ပိုင်းရှိ ငှက်မျိုးစိတ်များအား လေ့လာသူ BANCA အဖွဲ့မှ ဦးလေးဝင်းက ပြော သည်။

 
ဒေသအခေါ် တီးတူးငှက်ဟုခေါ် သည် ယင်းငှက်သည် တီကောင်၊ ပိုးမွား၊ ခရု အစရှိသည်တို့ကို ရှာဖွေစားသောက် သည်။
အမြဲစိမ်းတောနှင့် ရွက်ပြတ်ရော နှောတောများဖြစ်သည့် ချောင်းစပ်နား စလူတောများရှိ သစ်ပင်များတွင် နေ ထိုင်ကျက်စားသည်။
ဧပြီလနှင့် ဇူလိုင်လအတွင်းသား၊ မျိုးပွားနိုင်ပြီး၊ ဥ ၃ ဥမှ ၅ ဥခန့် ဥချလေ့ရှိသော်လည်း အများအားဖြင့် ၁ ဥခန့်သာ သားပေါက်ရှင်သန်နိုင်ပြီး၊ မျိုးပွားနှုန်းအလွန်နည်းသည်ဟု ငှက် ပညာရှင်များနှင့် ငှက်ဝါသနာပါသူ များက ပြောသည်။
မြန်မာတစ်နိုင်ငံလုံးတွင် ငှက် အမျိုးအစား ၁၁၁၆ မျိုးရှိသည့်အနက် တနင်္သာရီတိုင်းဒေသတွင် ငှက်အများ အစား ၅၉၅ မျိုးရှိကာ၊ ရှားပါးမျိုးစိတ် ၁၃၄ မျိုးရှိပြီး၊ မျိုးသုဉ်းလုနီးပါးအခြေအနေရှိသည့် ငှက်အမျိုးအစားမှာ ၁၀ မျိုး ကျော်ရှိသည်ဟု သိရသည်။