ထားဝယ်တွင် ညဈေးတန်း ပွင့်လင်းရာသီအမီ ဖွင့်မည်

0
446

ထားဝယ်မြို့ ညဈေးတန်းအား ရွှေဝယ်သီရိအားကစားကွင်းအနီးရှိ ကလေးကစားကွင်း နံဘေးတွင် လာ မည့် ပွင့်လင်းရာသီအမီ ဖွင့်နိုင်ရန် စီစဉ်ထားကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရ သည်။


ထားဝယ်မြို့အား ညဖက်စည်ကား နေစေရန်အတွက် မိုးရာသီအကုန် အောက်တိုဘာလ လဆန်းပိုင်းတွင် ဖွင့် နိုင်ရန်စီစဉ်နေပြီး ညနေ ၆နာရီမှ ည ၁၁ နာရီအထိ ဖွင့်ခွင့်ပေးသွားမည်ဖြစ် ကြောင်း မြို့နယ်စည်ပင်အဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ဆိုသည်။” စုစုစည်းစည်း တစ်နေရာတည်းမှာ ရောင်းနိုင်၊ ဝယ်နိုင်တော့ အဆင်ပြေ အောင်ပါ၊ ရောင်းချချင်သူတွေက စည် ပင်အဖွဲ့ကို လာဆက်သွယ်နိုင်တယ်”  ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

night_market
ညဈေးတန်းတွင် လျှပ်စစ်မီးရရှိ စေရန် လျှပ်စစ်ဌာနနှင့် ညှိနှိုင်းသွားမည် ဖြစ်ပြီး အဝတ်အထည်၊ ဖန်စီပစ္စည်းဆိုင်၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ရိုးရာမုန့်ဆိုင်များ၊ ကွမ်းယာဆိုင်၊ ဟင်း သီးဟင်းရွက်နှင့် ငါးပိငါးခြောက်ဆိုင် အစရှိသည့်များကို    ရောင်းချခွင့်ပေးမည် ဖြစ်ပြီး အသား၊ ငါးများကိုမူ ရောင်းချ ခွင့်ပေးမည် မဟုတ်ကြောင်း ၎င်းက ဆိုသည်။
” ဒီလို စားသောက်ကုန်ပစ္စည်းတွေ ကို ညဘက်မှာ ဝယ်လို့ရတော့ နေ့ဘက် မအားလပ်တဲ့သူတွေ အတွက်ပါ အဆင် ပြေသွားတာပေါ့ ” ဟု ထားဝယ်မြို့မှ ကိုသိုက်ထွန်းက ပြောသည်။ယင်းကဲ့သို့ ကစားကွင်းအနီးတွင် ညဈေးတန်းလုပ်မည်ဆိုပါက ကလေး များကို လာပို့ကာ အစားအသောက်များ ကို တစ်ခါတည်း စားသောက်နိုင်မည် ဖြစ်သဖြင့် ပိုမိုစည်ကားလာမည်ဖြစ် ကြောင်း ၎င်းက ဆိုသည်။
သို့ရာတွင် ညဈေးတန်းကို မြစ်၊ ကမ်းရိုးတန်းရှိသည့် ဒေသများတွင် မြစ်ကမ်းနဖူး ကမ်းနားလမ်းများတွင်သာ လုပ်လေ့ရှိပြီး ထားဝယ်ကမ်းနားလမ်း ပြုပြင်ပြီးပါက ကမ်းနားလမ်းတွင်သာ လုပ်စေချင်ကြောင်း ကိုသိုက်ထွန်းက အကြံပြုသည်။
ညဈေးတန်းတွင် ရောင်းချမည့် ဈေးဆိုင်များသည် ဆိုင်သိမ်းပါက ဆိုင် ပစ္စည်း (စားပွဲ၊ ထိုင်ခုံ အစရှိသည့်) များ ကို အားလုံး ပြန်သယ်သွားရမည်ဖြစ် ကြောင်း စည်ပင်အဖွဲ့ထံမှ သိရသည်။မော်လမြိုင်မြို့ကမ်းနားလမ်းရှိ ညဈေးတန်းနှင့် ပုသိမ်မြို့ကမ်းနားလမ်းရှိ ညဈေးတို့သည် နာမည်ကြီး ညဈေး တန်းများ ဖြစ်ကြသည်။