ကေတီဗွီဆိုင်များ စည်းမျဉ်း စည်းကမ်းအတိုင်း လုပ်ပါ

0
340

တိုင်းအတွင်း ဖွင့်လှစ်ထားသည့် ကေတီဗွီဆိုင်များအနေဖြင့် သတ်မှတ် စည်းမျဉ်း စည်းကမ်းအတိုင်း လုပ်ရန် တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ်က ပြောကြားသည်။စည်းမျဉ်းစည်းကမ်း ဘောင်အတွင်း ဖွင့်ခွင့်ပေးထားကာ အတိုင်းအတာ တစ်ခုအထိ ခွင့်လွှတ်ထားပြီး ဖြစ်သည့် အတွက် ဥပဒေဖောက်ဖျက်ပါက အရေး ယူ သွားမည်ဖြစ်ကြောင်း တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ကဆိုသည်။


“ဖျော်ဖြေမှုအတွက် ပေးထားတာ၊ တချို့ဆိုင်တွေက စည်းကမ်းမဲ့တဲ့ဟာ တွေ လုပ်လာတယ်” ဟု မြို့နယ်အုပ်ချုပ် ရေးမှူး ဦးလင်းသန့်က ဆိုသည်။အမြဲစောင့်ကြည့် စစ်ဆေးသွားမည် ဖြစ်ပြီး စည်းကမ်းဖောက်ဖျက်သည့် ဆိုင် များကို လိုင်စင် ပိတ်သိမ်းသွားမည်ဟု ထားဝယ်မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။ယင်းကေတီဗီဆိုင်များကို ကြီးကြပ် ရန်အတွက် ကြီးကြပ်ရေးအဖွဲ့အပြင် စောင့်ကြည့်ရေးအဖွဲ့ပါ ဖွဲ့စည်းသွား မည်ဟု ၎င်းက ပြောသည်။သို့သော် ဝန်ကြီးချုပ်ကမူ စောင့် ကြည့်ရေးအဖွဲ့ဖွဲ့စည်း၍ ထူးခြားမည် မဟုတ်ဘဲ ဒေသခံ တာဝန်ရှိသူများက ထိန်း ချုပ်မှသာရမည်ဟု မှတ်ချက် ပြုသည်။

 
တိုင်းအတွင်း ကေတီဗီဆိုင်များ အတွက် ည ၁၁ နာရီအထိသာဖွင့်လှစ်ရန်၊ ဝင်/ထွက်သည့် အခန်းတံခါးများတွင် အခန်းအတွင်းသို့ မြင်နိုင်သည့် မှန် အကြည် ၁ ပေ (သို့) ၂ပေတပ်ဆင်ထား ရန်၊ သီချင်းဆိုခန်းအတွင်း မိန်းကလေး စားပွဲထိုး^ အကူသီဆိုဖျော်ဖြေရန် အမျိုး သမီးများမထားရန် အစရှိသည့် စည်း ကမ်းချက် ၂၁ ချက်ကို ထုတ်ပြန် ထား သည်။
ကေတီဗီဆိုင်သို့ လာရောက်သည့် ဧည့်သည်များမှာ ည ၉ နာရီခန့်မှသာ လာရောက်လေ့ရှိပြီး ည ၁၁ နာရီ ပိတ်ရ သည့်အတွက် အချိန်နည်းပါးလွန်းသည့် အတွက် အချိန်ကာလ တစ်ခုအထိတိုး ကာ ခွင့်ပြုသင့်ကြောင်း  Free Style   ကေတီဗီဆိုင်မှ ပိုင်ရှင်ဖြစ်သူ ဦးမျိုးဦးက ဆိုသည်။

 
” အချိန်နည်းနည်းလောက် ပိုပြီးခွင့် ပြုသင့်တယ်” ဟု ဦးမျိုးဦးက ပြောသည်။ယင်းအပြင် မိန်းကလေး စားပွဲထိုး များ အခန်းတွင်းဝင်ကာ ဧည့်ခံခွင့်ရချင် ပြီး အခန်းအပြင်မှ ကြည့်ပါက မြင်နေရ သည့်အတွက် အခြားရှုပ်ထွေးမှုများလည်း မဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။တိုင်းအတွင်း ထားဝယ်ခရိုင်တွင် ၂၁ ဆိုင်၊ မြိတ်ခရိုင်တွင် ၂၈ ဆိုင်နှင့် ကော့သောင်းခရိုင်တွင် ၃၂ ဆိုင်ရှိ ကြောင်း ဝန်ကြီးချုပ်ထံမှ သိရသည်။