ဥပုသ်သည်များအတွက် သုံးဘီး အခမဲ့

0
412

ဥပုသ်နေ့၌ ဥပုသ်စောင့်သွားမည့် သူများကို ပရဟိတ သုံးဘီးအသင်း တစ်ခု က ထားဝယ်မြို့တွင် အခမဲ့ ပို့ဆောင် လျက်ရှိသည်။
ယင်းသုံးဘီးအသင်းမှ သုံးဘီးယာဉ် ၁၀ စီး ဩဂုတ်လ နောက်ဆုံး                    ရက်သတ္တပတ်မှ စတင် ပို့ဆောင်ပေး နေပြီး သုံးဘီးတွင် ဥပုသ်သည်များ အခမဲ့ဆို သည့် စာပြားချိတ်ဆွဲထားသည်။


free_for_upoteအဓိကအားဖြင့် ဥပုသ်သွားမည့် ထားဝယ်မြို့ပေါ် ဘုန်းကြီးကျောင်းများ သို့ အခမဲ့ပို့ဆောင်ပေးနေပြီး    ပြန်ကြို ပေးရန်လိုအပ်ပါက ဖုန်းဆက်ခေါ်ယူနိုင် ကြောင်း ပရဟိတသုံးဘီးအသင်းခေါင်း ဆောင်က ဆိုသည်။” လက်ရှိအနေအထားမှာတော့ မြို့ပေါ်ကျောင်းတွေကိုပဲ ကြိုပို့လုပ်နိုင် သေးတယ်။ နောက်ပိုင်းဆို နယ်တွေကို တိုးချဲ့ပြီး ပို့ဖို့ရှိတယ်”  ဟု သုံးဘီးအသင်း ခေါင်းဆောင် ဦးမြတ်ဝေက ပြောသည်။
ဥပုသ်နေ့တွင် သီတင်းသီလ ဆောက် တည်ရန် ဘုန်းကြီးကျောင်းများသို့ သွား ရောက်မည်ဆိုပါက ဖုန်း  ၀၉၂၅၀၂၇၁၅၄၂ ထံ ဖုန်းဆက်ခေါ်ယူနိုင်ကြောင်း ၎င်းက ဆိုသည်။
ထားဝယ်ဒေသတွင်ကျင်းပသည့် တရားပွဲများတွင် သုံးဘီး၊ ကားများဖြင့် အခမဲ့ကြိုပို့ ကုသိုလ်ယူမှုများရှိပြီး ဥပုသ် နေ့တွင် ဥပုသ်သည်များ အခမဲ့ ပို့ဆောင် ပေးမှုမှာ ပထမဆုံးဖြစ်သည်။