ရှင်ဓာတ်ဝဲစေတီတော် အကြီးစား ပြင်ဆင်မွန်းမံ

0
436

ထားဝယ်မြို့ မောင်မယ်ရှောင် ကျေးရွာရှိ ရှင်ဓာတ်ဝဲ စေတီတော်ကြီးအား အကြီးစား ပြင်ဆင်မွန်းမံနေကြောင်း ရှင်ဓာတ်ဝဲ စေတီတော်ရှိ တာဝန်ရှိသူ ဂေါပကတစ်ဦးက ပြောသည်။

နှစ်ပေါင်း နှစ်ထောင်ခန့်သက်တမ်း ရှိသော ရှင်ဓာတ်ဝဲ စေတီတော်မှာ ရာသီဥတု ဒဏ်ကြောင့် အက်ကွဲမှုများ ဖြစ်သည့်အတွက် စေတီဟောင်းအား အတွင်းတွင် ငုံ၍အပြင်ဘက်မှ စေတီ ဟောင်းပုံစံအတိုင်း အသစ်ပြန်လည် တည်ထား ပူဇော်မည်ဖြစ်ကြောင်း ၎င်း တာဝန်ရှိသူက ဆိုသည်။

 
” ဘုရားဖူးလာကြတဲ့ အလှူရှင် တွေရဲ့ အလှူငွေတွေနဲ့ စေတီတော်ပြန် လည် မွန်းမံပြင်ဆင်ဖို့ လှူဒါန်းတဲ့သူ တွေရဲ့ အလှူငွေတွေနဲ့မွန်းမံမှာ ဖြစ် ပါတယ်။ ဖောင်ဒေးရှင်းတစ်ခုပဲ့ပြီး သေးတယ်။ ပဲခူးက ရုပ်လုံးဖော်ပညာ ရှင်နဲ့ စေတီတော်ကြီးကို ရုပ်လုံးဖော်သွား မယ်” ဟု ယင်းတာဝန်ရှိသူက ပြောသည်။ရှေးဟောင်း အမွေအနှစ်လက်ရာ များအား တန်ဖိုးထားသင့်ပြီး ယင်းတို့ကို ခေတ်လက်ရာအဖြစ် ပြုပြင်ပြောင်းလဲ မည်ဆိုပါမူ ထားဝယ်ရှေးဟောင်းသမိုင်း များအား လေ့လာရာတွင်အခက်အခဲဖြစ် လာနိုင်ကြောင်း ထားဝယ်သုတေသန အသင်းဥက္ကဋ္ဌ ဦးဇော်သူရက ပြောသည်။

 
ရှင်ဓာတ်ဝဲစေတီတော်သည် ဥာဏ် တော် ၇၂ ပေအမြင့်ရှိပြီး အေဒီ ၈ ရာစု ကတည်းက သာဂရမြို့ဟောင်းနှင့် ခေတ်ပြိုင် တည်ထားသောစေတီ တစ် ဆူဖြစ်သည်။ ရှေးမူမပျက်ဘဲထိန်းသိမ်း သည့်နည်းစနစ်အား သိရှိလိုပါမူ ထားဝယ် သုတေသနအသင်းနှင့် ဆွေးနွေးအကြံ ဥာဏ်ယူနိုင်ကြောင်း ထားဝယ်သုတေသန အသင်းထံမှ သိရသည်။