ဘာကြောင့် နိုင်ငံခြားသားတွေ ဈေးလိမ်ရောင်းခွင့် ရနေတာလဲ

0
354

ယခုလပိုင်းအတွင်း ထားဝယ်နှင့် မြိတ်ဒေသတို့တွင် ဖြစ်ပွားခဲ့သည့် ထိုင်းနိုင်ငံသားများ ဈေးလိမ်ရောင်း သည်နှင့် ပတ်သက်ပြီး ဒေသ၏ လုံခြုံ ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့်ပတ် သက်ပြီး မေးခွန်းထုတ်စရာ ဖြစ်လာ သည်။ ပြီးခဲ့သည့် လက မြိတ်ခရိုင်အတွင်း ဖြစ်ပွားခဲ့ပြီး ယခုလတွင် ထားဝယ် ဒေသရှိ ကျေးလက်အချို့တွင် နိုင်ငံခြား သားများ လိမ်လည်ဈေးရောင်းချမှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာခဲ့သည်။


ယင်းဈေးရောင်းသည့် ထိုင်းအဖွဲ့ တွင် ပါဝင်သည့် စကားပြန် ဖြစ်သူမှာ မြိတ်အသံဖြင့် စကားပြောနေပြီး အိမ် တိုင်းကို ဝင်ရောက် ရောင်းချခြင်း      မဟုတ်ဘဲ သက်ကြီးရွယ်အိုသာ ရှိသည့် အိမ်များနှင့် ငွေကြေးတတ်နိုင်သည်ဟု ထင်ရသည့် အိမ်များတွင်သာ လိုက်လံ ရောင်းချခြင်း ဖြစ်နိုင်ကြောင်း ကနိုင်း ဒါရွာမှ ဦးသံရိုးက ပြောသည်။ရောင်းချပုံမှာ အဝတ်မွှေးအရည် ၃ ထုပ်ကို ကျပ် ၁၀၀၀ ဖြင့် ရောင်း ချပြီး ယင်းအဝတ်မွှေး အရည်များတွင် ကံစမ်းမဲပါသည်ဟုဆိုကာ ကံစမ်းမဲ အား ဖွင့်ဖောက်ကြည့်လျှင် ပစ္စည်းတစ်ခု ပေါက်ပြီး ယင်းပစ္စည်းအား မတန်တဆ ဈေးဖြင့် ဝယ်ယူရခြင်း ဖြစ်သည်။

 
” ကားကိုလည်း လမ်းမပေါ် ပေါ် တင်ရပ် မထားဘူး၊ ပျာယာခတ်ပြီး ရောင်းနေတာ၊ ဂက်စ်မီးဖိုတစ်ခုနဲ့ လွှ ဖြတ်စက် တစ်လုံးပေါက်တာ ဂက်စ် မီးဖိုပဲ ဝယ်ခဲ့တယ်” ဟု ထားဝယ်မြို့နယ် အလယ်ကုန်းရွာမှ ဦးအောင်စိုးက ဆို သည်။
ယင်း ဂက်စ်မီးဖို(ဂက်စ်အိုးမပါ)တစ်လုံးအတွက် ဦးအောင်စိုး ငွေ ကျပ် ၇ သောင်း ပေးလိုက်ရသည်။
ယင်းမီးဖိုးတစ်လုံး၏ ဈေးကွက် ပေါက်ဈေးမှာ ကျပ် ၃၅၀၀၀ သာ ရှိ သည်။ ယင်းကံစမ်းမဲတွင် ဆိုင်ကယ်၊ ရေခဲသေတ္တာ၊ လွှဖြတ်စက်၊ တီဗီအစ ရှိသည့် ပစ္စည်းများ မဲပေါက်နိုင်သည်ဟု ဆိုကာ လာရောက် ရောင်းချခြင်း ဖြစ် ကြောင်း ၎င်းက ဆိုသည်။
” မဲပေါက်တဲ့ ပစ္စည်းကို မယူရင် လုံးဝမရဘူးဆိုလို့ ဂက်စ်မီးဖိုတစ်ခုကို ခြောက်သောင်းကျပ်နဲ့ ဝယ်ခဲ့ရတယ်” ဟု ဦးသံရိုးက ပြောသည်။
အဝတ်မွှေးရည် ၃ထုပ်ကို ကျပ် ၁၀၀၀ဖြင့် ရောင်းချခဲ့သလို ၃ ထုပ် ကျပ် ၁၀၀ဖြင့် ရောင်းချမှုများလည်းရှိပြီး ကျေးရွာတစ်ရွာနှင့် တစ်ရွာ မတူပေ။ယင်းကဲ့သို့ လိမ်လည်ကာ ဈေး ရောင်းချနေမှုများအား သက်ဆိုင်ရာ ရပ် /ကျေးအုပ်ချုပ်ရေးမှူးများက တားဆီး ရန် တာဝန်ရှိပြီး ရပ် / ကျေး အုပ်ချုပ် ရေးမှူးများ၏ လပတ် အစည်းအဝေး တွင်လည်း ယင်းကဲ့သို့ တားဆီးရန် ညွှန် ကြားထားကြောင်း ကနိုင်းဒါကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးက ဆိုသည်။

 
” အခုရွာထဲမှာ ဖြစ်သွားတဲ့ကိစ္စက မသိလိုက်လို့ မတားဆီးနိုင်ဘဲ ဖြစ်သွား တာ၊ လက်လှမ်းမီသလောက် အရန်မီး သတ်တွေနဲ့ ပူးပေါင်းပြီး တားဆီးသွား မယ်” ဟု အုပ်ချုပ်ရေးမှူး ဦးဖေအေးက ပြောသည်။ထားဝယ်ဒေသ ကျေးရွာများတွင် ယင်းကဲ့သို့ လိမ်လည်ရောင်းချမှုများ ပုံစံမျိုးစုံဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဖြစ် ပွားနေသည်ကြောင်း ၎င်းက ပြောသည်။

 
ထိုင်းနိုင်ငံသားများအပြင် တရုတ် နိုင်ငံသားများလည်း အုပ်စုလိုက်လာကာ အင်္ကျီကဲ့သို့သော ပစ္စည်းများကို ကျေး လက်ဒေသရှိ ရွာများတွင် ဆိုင်ကယ် ကယ်ရီငှားကာ လိုက်လံရောင်းချမှုများ ရှိကြောင်း ဆိုင်ကယ် ကယ်ရီသမားများ က ဆိုသည်။
နိုင်ငံခြားသားများ ပြည်တွင်းတွင် ဈေးရောင်းချမည်ဆိုပါက စီးပွားရေး ဗီဇာဖြင့်သာ လာရောက်ရမည်ဖြစ်သည်။
အခင်းဖြစ်ပွားသည့် နေရာများတွင် ရဲနှင့် လ.၀.က ကဲ့သို့သော တာဝန်ရှိသူ များ အမြဲတမ်းရှိနေနိုင်မည် မဟုတ် သဖြင့် ရပ် ^ကျေး အုပ်ချုပ်ရေးမှူးများက ဝိုင်းဝန်းတားဆီးသင့်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ထားဝယ်မြို့နယ် ဦးစီးမှူးက ပြောသည်။

 
” အုပ်ချုပ်ရေးမှူးက တားရင်ရတာ ပေါ့၊ နိုင်ငံခြားသားတွေ ဒီလိုရောင်း ခွင့်မရှိဘူးဆိုပြီး ဝိုင်းဝန်း တားဆီးရမှာ” ဟု ထားဝယ်မြို့နယ် ဦးစီးမှူး ဦးမျိုး ကျော်သူက ဆိုသည်။ယင်းကဲ့သို့ တရားမဝင် လာရောက် ရောင်းချနေပါက သက်ဆိုင်ရာ ရဲတပ်ဖွဲ့ အား တိုင်ကြားနိုင်သလို လ.၀.ကထံ လည်း တိုင်ကြားနိုင်ကြောင်း ၎င်းက ပြောသည်။ပြီးခဲ့သည့်အပတ်က ဟိန္ဒားဒေသ တွင်လည်း ယင်းကဲ့သို့လာရောက် ရောင်းချနေသည့်အတွက် မသင်္ကာ သဖြင့် ရဲစခန်းသို့ ဖုန်း ဆက်အကြောင်း ကြားရာ ရဲတပ်ဖွဲ့က သွားရောက်တား ဆီးကြောင်း ဟိန္ဒားကျေးရွာမှ မစုစုက ဆိုသည်။ရဲတပ်ဖွဲ့မှ ရွာသို့ ပြန်ခေါ်လာကာ ၎င်းတို့ယူသွားသည့် ပစ္စည်းဖိုး ကျပ် ၇ သောင်းကို ပြန်ပေးစေခဲ့သည်။

 
“နောက်တစ်ခါ မဲဖောက်တာတွေ မလုပ်နဲ့ တရားမဝင် ပစ္စည်းတွေကို ဒီလို လုပ်ခွင့် မရှိဘူးဆိုပြီး ခံဝန်ထိုး ခိုင်းပြီး ပြန်လွှတ်လိုက်တယ်” ဟု မစုစုက ပြော သည်။မြောင်းပြိုရွာ အပါအဝင် ဟိန္ဒား ဒေသတွင် အဆိုပါ ထိုင်းနိုင်ငံသားများ လိမ်လည်ရောင်းချခဲ့သည့် အိမ်များအား လုံးကို ငွေပြန်အမ်းပေးခဲ့ကြောင်း ၎င်း က ဆိုသည်။သို့သော် အခြားကျေးရွာများတွင်မူ အလိမ်မိခဲ့ကြသည်။
နယ်စပ်နှင့် မြို့အဝင်ဂိတ်များတွင် စစ်ဆေးခြင်းမှာ အလွန်အရေးကြီးပြီး အတွင်းစည်း အပြင်စည်း လုံခြုံနေပါက ယင်းကဲ့သို့ ဖြစ်စရာအကြောင်းမရှိဟု ထားဝယ်မြို့မှ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ဝေဖန်သည်။
” တရားဥပဒေ စိုးမိုးမှုရှိရင် ဒါတွေ က ဖြစ်လာစရာ အကြောင်းမရှိဘူး” ဟု အဆိုပါ စီးပွားရေးလုပ်ငန်းရှင်က ပြော သည်။