ကျောက်မိုင်းက သဲ၊ နုန်းများကြောင့် ပေါင်တွင် လယ်ဧက ၂၀၀ ကျော် ပျက်စီး

0
427

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဥတ္တံ တားကျေးရွာတွင် ကျောက်မိုင်းလုပ်ငန်းမှ မိုးရေနှင့်အတူ မျောပါလာသည့် သဲ၊ နုန်းမြေများကြောင့် လယ်မြေဧက ၂၀၀ ကျော် ပျက်စီးဆုံးရှုံးမှုရှိသည်ဟု လယ် သမားတို့၏ ပြောကြားချက်အရ သိရ သည်။


တောင်ပေါ်တွင် ကျောက်ထုတ်လုပ် နေသည့်   Long Life Aggregate Co.Ltd   မှ မိုးတွင်းကာလတွင် မိုးရေနှင့် အတူ မျောပါလာသည့် သဲ၊ နုန်းမြေ များသည် လယ်ကွင်းထဲသို့ ဝင်ရောက် ကာ စိုက်ပျိုးထားသည့်မိုးစပါးများ ပျက် စီးသွားသည့်အပြင် နွေစပါးစိုက်ပျိုးရန် အတွက်လည်း အခက်အခဲနှင့် ရင်ဆိုင် ကြုံတွေ့နေရသည်ဟု လယ်သမားတို့က ပြောသည်။” မိုးရွာတော့ ကျောက်မိုင်းက သဲ မြေ နုန်းမြေ ကျောက်တွေက မျောလာ တယ်၊ လယ်ကွင်းထဲဝင် လယ်တွေပျက် စိုက်ထားတဲ့စပါးတွေလည်းသေ အခု ပြန်စိုက်ထားတယ် ဒါပေမယ့် မကောင်း ဘူး၊ သဲ နုန်းတွေနဲ့ ချောင်းတွေလည်း ကောကုန်ပြီ ” ဟု ဥတ္တံတားကျေးရွာမှ လယ်သမား ဦးထွန်းက ပြောသည်။

 
ကျောက်မိုင်းမှ မျောဆင်းလာသည့် သဲ၊နုန်းမြေများကြောင့် ချောင်းမြောင်း များလည်း တိမ်ကောလာကာ ချောင်းများ ကိုမှီခိုပြီး နွေးစပါးစိုက်ပျိုးနေကြရသည့် လယ်သမားအတွက်လည်း  စပါးစိုက်ပျိုး ရန် အခက်အခဲရှိနေသည်။
” လယ်ဧက ၂၀၀ ကျော်လောက် ပျက်စီးသွားတာပေါ့ အခုတော့ ပြန်စိုက် ထားကြတယ်၊ ဒါပေမယ့် မကောင်းတော့ ဘူး၊ လယ်ကွက်တွေလည်း ပျက်စီးတာ ချောင်းတွေဆိုရင်လည်း သဲတွေ နုန်းတွေ ဖို့နေတယ် ”  ဟု ဥတ္တံတားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးချွန်ထူးက ပြောသည်။

 
လယ်သမားများအနေဖြင့် ပျက်စီး သွားသည့် လယ်မြေများအတွက် လျော် ကြေးတောင်းရန်Long Life Aggregate Co.Ltd   နှင့် တွေ့ဆုံသွား ရန် စီစဉ်နေသည်ဟုလည်း ၎င်းက ပြော သည်။ကုမ္ပဏီဘက်က ထိုကဲ့သို့မဖြစ်ပွား အောင် နုန်တားတမံများ လုပ်ပေးထား ကြောင်း သို့သော်လည်း မိုးအလွန်ကြီး သည့်အတွက် ယခုကဲ့သို့ ဖြစ်သွားခဲ့ရ သည်ဟု ပြောသည်။
ကျောက်ထုတ်လုပ်မှုကြောင့် ရေအရင်းအမြစ်ပျောက်ဆုံးခြင်းများ၊ လယ် ယာချောင်းမြောင်း ပျက်စီးခြင်းများနှင့် ဥယျာဉ်ခြံမြေပျက်စီးမှုများ အစရှိသည့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု များရှိသည်ဟုဆိုပြီး ကျောက်ထုတ်လုပ် မှုကို  ရပ်တန့်ပေးရန် ဒေသခံတို့က ပြည်နယ်အစိုးရနှင့် လွှတ်တော်သို့ တင် ပြထားသည့်အပြင် ဇွန်လကလည်း ကျောက်ထုတ်လုပ်ငန်း ပိတ်သိမ်းပေးဖို့ ဒေသခံ ၅၀၀ ခန့်တို့က ဆန္ဒပြတောင်း ဆိုထားသည်။
“ကျောက်မိုင်းအားလုံး ပြန်ပြီးတော့ စစ်ဆေးသွားဖို့ရှိပါတယ်၊ စစ်ဆေးပြီး သွားရင်တော့ ပိတ်သင့်တဲ့ကျောက်မိုင်း တွေကို ပိတ်သွားဖို့ ရှိပါတယ် ” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက ပြောသည်။
ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာ တွင် လယ်မြေဧကပေါင်း ၂၀၀၀ ကျော် ရှိပြီး ကျောက်မိုင်းကြောင့် လယ်မြေဧက ၂၀၀ ကျော် ပျက်စီးဆုံးရှုံးမှုရှိနေသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။