သက်သေလိုက်သူနည်း၍ မှုခင်းဖော်ထုတ်ရာတွင် အခက်ကြုံ

0
390

မျက်မြင်သက်သေများက သက် သေလိုက်ပါမှု အားနည်းသည့်အတွက် မှုခင်းများ ဖော်ထုတ်ရာတွင် ခက်ခဲမှုရှိ ကြောင်း ထားဝယ်မြို့မစခန်းနှင့် ထားဝယ် မြို့နယ် တရားရုံးထံမှ သိရသည်။ယာဉ်တိုက်မှုများ အပါအဝင် မှုခင်းဖြစ်စဉ်များတွင် မြင်တွေ့သူများမှ သက်သေလိုက်ရန် အားနည်းသည့် အတွက် မှုခင်းအများစုမှာ ကိုယ့်နည်း ကိုယ့်ဟန်ဖြင့်သာ ဖော်ထုတ်နေရသည်ဟု ဆိုသည်။


” ပြည်သူတွေက ပူးပေါင်းပါဝင်မှ ရမှာ၊ ကိုယ်တွေက နတ်မျက်စိရှိတာမှ မဟုတ်တာ” ဟု ထားဝယ် မြို့မရဲစခန်း မှ ရဲအရာရှိတစ်ဦးက ဆိုသည်။ရာဇဝတ်မှုများတွင် သက်သေများ ကို အများအားဖြင့် တစ်ကြိမ်သာခေါ်လေ့ ရှိပြီး လိုအပ်မှသာ အများဆုံး နှစ်ကြိမ် အထိသာ ခေါ်လေ့ရှိကြောင်း ထားဝယ် မြို့နယ် တရားရုံးမှ တာဝန်ရှိသူတစ်ဦး က ဆိုသည်။

 
” နိုင်ငံသားတစ်ယောက်အနေနဲ့ ကိုယ်မြင်၊ သိတာတွေကို အမှန်တိုင်း ထွက်ဆိုပေးဖို့ တာဝန်ရှိတာပေါ့ ”  ဟု ယင်းတာဝန်ရှိသူက ပြောသည်တရားရုံးချိန်း အမြဲသွားနေရခြင်း ကြောင့် အလုပ်အကိုင်ပျက်မည်ကို စိုး ရိမ်ခြင်းနှင့် တရားရုံး၊ ရဲစခန်းကို သွား ရမည်ကို ကြောက်ခြင်း စသည်တို့ကြောင့် သက်သေလိုက်မှု အားနည်းခြင်းဖြစ်နိုင် ကြောင်း ထားဝယ်မြို့မှ အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

 
ယာဉ်တိုက်မှု ဖြစ်စဉ်အချို့တွင် တရားဝင် သက်သေအဖြစ်မလုပ်ကြဘဲ လူအများကြားတွင်သာ ၎င်းမြင်တွေ့ခဲ့ သည့်အကြောင်း ပြောဆိုလေ့ရှိသည်ဟု ထားဝယ်မြို့မစခန်းမှ  ရဲအရာရှိက ဆို သည်။ထားဝယ်ဒေသတွင် လူသတ်မှု ကဲ့သို့ဖြစ်စဉ်တစ်ချို့တွင် မျက်မြင်တွေ့ ရှိသူများက သက်သေမထွက်ဆိုကြသဖြင့် ဖမ်းဆီး အရေးယူနိုင်ခြင်း မရှိသေးသည့် ဖြစ်စဉ်အချို့ရှိကြောင်း ထားဝယ်မြို့မ ရဲစခန်းထံမှ သိရသည်။