ခေါဇာက ရွာသား ၂ ဦး ပစ်သတ်ခံရသည့်ကိစ္စ ၆ လကြာအထိ ထူးခြားမှုမရှိ

0
458

ရေးမြို့နယ်တောင်ပိုင်း၊ ခေါဇာမြို့ နယ်ခွဲရှိ မန်းကျည်းချောင်းဝ ရွာသား ၂ ဦးအား တပ်မှ ပစ်သတ်ခဲ့သည့်ကိစ္စ ၆ လ အကြာအထိ ထူးခြားမှု မရှိသေးဟု ကာယကံရှင် မိသားစုနှင့် အမှုမှန်ပေါ် ပေါက်ရေးကိစ္စ ကူညီဆောင်ရွက်ပေးနေ သည့် လူမှုအဖွဲ့အစည်းများက ပြော သည်။


ပြီးခဲ့တဲ့ မတ်လ ၈ ရက်က ကမ်း ရိုးတန်းတပ် တပ်ရင်းအမှတ်၂၈၀ က ဗိုလ်ကြီးဇော်မျိုးထက်ဆိုသူက ပစ်ခတ်ခဲ့ သည့် ရွာသား ဦးမိုးနှင့် မောင်ချစ်စိုးတို့ ၂ ဦး အမှုကိစ္စကို မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်နှင့် မှုခင်း စစ်ဆေးရေး အထူးရဲတပ်ဖွဲ့တို့က လာ ရောက်စစ်ဆေးခဲ့သော်လည်း ယနေ့ထိ ထူးခြားမှု တစ်စုံတစ်ရာမရှိသေးဟု အမှု မှန်ပေါ်ပေါက်ရန်ကူညီ ဆောင်ရွက်ပေး နေသည့် မွန်လူငယ် ကိုစိုးသိန်းက ပြော သည်။

khaw_zar_village_crime
” ဒီအမှုကို ဘယ်လိုကိုင်တွယ်နေလဲ ဆိုတာကို ပွင့်လင်းမြင်သာအောင်  ဖြစ် စေချင်တာပေါ့နော် ၆ လသာ ပြည့်သွား တယ် ဘယ်လို  အနေအထားမှာရှိနေလဲ ဆိုတာ လုံးဝမသိရဘူး ” ဟု ကိုစိုးသိန်းက ပြောသည်။၎င်းပြင် အမှုနှင့် ပတ်သက်ပြီး ကမ်းရိုးတန်းစစ်ဌာနချုပ်သို့ သွားရောက် စုံစမ်းခဲ့သော်လည်း အထက်အမိန့်မကျ သေးသည့်အတွက် ဘာမှလုပ်ထားခြင်း မရှိဟု ပြောဆိုခဲ့သည်ဟု ၎င်းက ပြော သည်။     သေဆုံးသူဦးမိုး၏အစ်ကို ဦးချဲက လည်း အမှုနှင့်ပတ်သက်ပြီး တစ်စုံ တစ်ရာ မသိရသေးသည့်  အတွက် မည်သို့ လုပ် ဆောင်ထားသည်ကို သိလိုပြီး အမှုမှန် ပေါ်စေလိုသည်ဟု ပြောသည်။

 
သို့သော်လည်း အမှုကို သွားရောက် စစ်ဆေးခဲ့သည့် မြန်မာနိုင်ငံ လူ့အခွင့် အရေးကော်မရှင်ကမူ အမှုကို အကျဉ်း တရားရုံးနှင့် စစ်တရားရုံးတို့က စစ်ဆေး ထားပြီးဖြစ်ကြောင်း နောက်ဆုံးအခြေ အနေ မရောက်သေးသည့်အတွက် မည့် သို့ ဆုံးဖြတ်ထားသည်ကို မသိသေး ကြောင်း ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ ဥာဏ်ဇော်က ပြောသည်။အမှုကိစ္စနှင့် ပတ်သက်ပြီး ပွင့်လင်း မြင်သာစွာ သတင်းထုတ်ပြန်ပေးရန် အတွက် ကာယကံရှင် မိသားစုနှင့် အမှု အတွက် ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းတို့က စက်တင်ဘာ ၈ ရက် တွင် မော်လမြိုင်မြို့၌ သတင်းစာ ရှင်း လင်းပွဲနှင့် ဆုတောင်းပွဲတရပ်ကို ကျင်းပ ပြုလုပ်ခဲ့သည်။

 
မန်ကျည်းချောင်းရွာသား တံငါ သည် ဦးမိုးနှင့် မောင်ချစ်စိုးတို့ ၂ ဦးကို ကမ်းရိုးတန်းတပ် တပ်ရင်းအမှတ်၂၈၀ က ဗိုလ်ကြီးဇော်မျိုးထက်ဆိုသူက မတ် လ ၈ ရက်နေ့ ည ၁၂ နာရီခန့်က သေနတ် ဖြင့် ပစ်ခတ်ခဲ့ပြီး သေဆုံးသွားခဲ့သည်။
ရွာသား ၂ ဦးကိုပစ်သတ်ခဲ့သည့်ကမ်းရိုးတန်းတပ် တပ်ရင်းအမှတ်၂၈၀ မှ ဗိုလ်ကြီးဇော်မျိုးထက်ကမူ မှားယွင်း ပစ်ခတ်မိသည်ဆိုကာ ရဲစခန်းတွင် ထွက် ဆိုထားကြောင်း သိရသည်။