ထိုင်းနိုင်ငံသားများ လိမ်ညာဈေးရောင်းချမှု အဖြစ်များ

0
419

ထိုင်းနိုင်ငံသားများမှ ကံစမ်းမဲကို အသုံးပြု၍လိမ်ညာကာ ဈေးရောင်းချမှု များ ထားဝယ်ဒေသရှိ ကျေးလက်နေရာ အချို့တွင် အဖြစ်များလာသည်။ပြီးခဲ့သည့်အပတ်က ထိုင်းနိုင်ငံ သား ၃ ဦးနှင့် မြန်မာနိုင်ငံသား စကား ပြန် ၁ ဦးပါဝင်သည့်အဖွဲ့ ကားဖြင့် လာရောက်ကာ အဝတ်မွှေးအရည် ၃ ထုပ် ကို ၁၀၀၀ ကျပ်ဖြင့် လာရောင်းသည့် အတွက်ဝယ်ယူခဲ့ပြီး ယင်းအဝတ်မွှေး အရည်များတွင် ကံစမ်းမဲပါသည်ဟုဆို ကာ ကံစမ်းမဲအား ဖွင့်ဖောက်ကြည့်ရာ ဂက်စ်မီးဖို (ဂက်စ်အိုးမပါ) တစ်လုံးမဲ ပေါက်ခဲ့ပြီး ငွေ ခုနှစ်သောင်းကျပ် ပေးလိုက် ရကြောင်း ထားဝယ်မြို့နယ် အလယ် ကုန်းရွာမှ ဦးအောင်စိုးက ပြောသည်။


” ကားကိုလည်း လမ်းမပေါ် ပေါ် တင်ရပ်မထားဘူး၊ ပျာယာခတ်ပြီး ရောင်း နေတာ၊ ဂက်စ်မီးဖိုတစ်ခုနဲ့ လွှဖြတ်စက် တစ်လုံးပေါက်တာ ဂက်စ်မီးဖိုပဲ ဝယ် ခဲ့တယ်” ဟု ဦးအောင်စိုးက ပြောသည်။ယင်းကံစမ်းမဲတွင် ဆိုင်ကယ်၊ ရေခဲသေတ္တာ၊ လွှဖြတ်စက်၊ တီဗီ အစရှိ သည့် ပစ္စည်းများ မဲပေါက်နိုင်သည်ဟု ဆိုကာ လာရောက် ရောင်းချခြင်းဖြစ် ကြောင်း ၎င်းက ဆိုသည်။” မဲပေါက်တဲ့ပစ္စည်းကို မယူရင် လုံးဝ မရဘူးဆိုလို့ ဂက်စ်မီးဖိုတစ်ခုကို ခြောက်သောင်းကျပ်နဲ့ ဝယ်ခဲ့ရတယ်”  ဟု ကနိုင်းဒါရွာမှ ဦးသံရိုးက ပြောသည်။ယင်းဈေးရောင်းအဖွဲ့တွင် ပါဝင် သည့် စကားပြန်ဖြစ်သူမှာ မြိတ်အသံဖြင့် စကားပြောနေပြီး အိမ်တိုင်းကို ဝင် ရောက်ရောင်းချခြင်း မဟုတ်ဘဲ သက် ကြီးရွယ်အိုသာ ရှိသည့်အိမ်များနှင့် ငွေ ကြေးတတ်နိုင်သည်ဟု ထင်ရသည့် အိမ် များတွင်သာ လိုက်လံရောင်းချခြင်း ဖြစ်နိုင်ကြောင်း ဦးသံရိုးက မှတ်ချက် ပြုသည်။

 
” အတင်းအဓမ္မရောင်းသလို ဖြစ်နေ တယ်၊ ငွေမရှိလို့ မဝယ်ဘူးဆိုလည်း မရဘူး”  ဟု ကနိုင်းဒါရွာမှ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။အဝတ်မွှေးရည် ၃ထုပ်ကို ၁၀၀၀ ကျပ်ဖြင့် ရောင်းချခဲ့သလို ၃ ထုပ် ၁၀၀ ကျပ်ဖြင့် ရောင်းချမှုများရှိပြီး ကျေးရွာ တစ်ရွာနှင့် တစ်ရွာ မတူပေ။နယ်စပ်တွေ မြို့အဝင်ဂိတ်တွေများ စစ်ဆေးခြင်းမှာ အလွန်အရေးကြီးပြီး အတွင်းစည်း အပြင်စည်း လုံခြုံနေပါက ယင်းကဲ့သို့ ဖြစ်စရာအကြောင်း မရှိ ကြောင်း ထားဝယ်မြို့မှ စီးပွားရေးလုပ် ငန်းရှင်တစ်ဦးက ဆိုသည်။
” တရားဥပဒေ စိုးမိုးမှုရှိရင် ဒါတွေ က ဖြစ်လာစရာ အကြောင်းမရှိဘူး”  ဟု အဆိုပါ စီးပွားရေးလုပ်ငန်းရှင်က ပြော သည်။
ထားဝယ်ဒေသ အရှေ့တောနယ် ဒေသအချို့တွင်လည်း ယင်းကဲ့သို့ လိမ် လည်ရောင်းချမှုများ ရှိခဲ့ကြောင်း ဒေသခံ များက ဆိုသည်။
အဆိုပါ ထိုင်းနိုင်ငံသားများ ကံ စမ်းမဲဖြင့် လိမ်လည်ရောင်းချခဲ့သည့် ဂက်စ်မီးဖို အမျိုးအစားမှာ ငွေကျပ် ၃၅၀၀၀ ခန့်သာ ပေါက်ဈေးရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။