ထားဝယ်မြို့တွင် မြေဂရမ်ရှိသည့် အိမ်နှစ်ဆယ်ရာခိုင်နှုန်းခန့်သာရှိ

0
458

ထားဝယ်မြို့ပေါ် ရပ်ကွက်များတွင် မြေဂရမ်ရှိသည့် အိမ်ရာမြေမှာ ၂၀ ရာ ခိုင်နှုန်းခန့်သာ ရှိသေးကြောင်း ယင်း မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။


မြို့ပေါ် ၁၅ ရပ်ကွက်တွင် ထိန် သစ်၊ ဆန်းချီ၊ ဥဿရံနှင့် မြောင်းပုလဲ ရပ်ကွက် အစရှိသည့် ရပ်ကွက်အချို့ တွင်သာ မြေဂရမ်အချို့ရှိကြပြီး ကျန် သည့် ရပ်ကွက်များတွင် မြေဂရမ်မရှိဟု ထားဝယ်မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲ ရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးက ပြောသည်။

dawei_premises
” ထားဝယ်မြို့ အနေအထားနဲ့ ကြည့်ရင် နှစ်ဆယ်ရာခိုင်နှုန်းလောက်ပဲ ရှိကြတယ်” ဟု မြို့နယ်ဦးစီးမှူး ဦး ဇော်ဝင်းကျော်က ပြောသည်။
မြို့ပေါ်ရပ်ကွက်များတွင် ဥယျာဉ် ခြံမြေအမည်ပေါက်နေသည့် ရပ်ကွက် အချို့ရှိပြီး ယင်းအိမ်မြေများကို ဂရမ် လျှောက်ထား မည်ဆိုပါက အခြားနည်း အသုံးပြုခွင့်အတွက် တိုင်းဒေသကြီးအစိုး ရအဖွဲ့ထံ အရင်လျှောက်ထားရမည်ဖြစ် ပြီး အခြားနည်း အသုံးပြုခွင့် ကျပါက မြေဂရမ် လာရောက် လျှောက်ထားနိုင် ကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူး က ပြောသည်။ထားဝယ်မြို့ပေါ် ရပ်ကွက်များရှိ မြေဂရမ်မရှိသေးသည့် အိမ်ရာမြေများ ကို တစ်ဦးချင်းဖြစ်စေ စီမံချက်ဖြင့် ဆောင်ရွက်ပေးနေသည့် အစီအစဉ်တွင် စုပေါင်း၍ဖြစ်စေ လာရောက်လျှောက် ထားနိုင်ကြောင်း သိရသည်။
“လိုအပ်တဲ့ အထောက်အထားတွေ အကုန်ပြည့်စုံရင် ရက်လေးဆယ်အတွင်း ထုတ်ပေးနေပါတယ်”  ဟု ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ချိုက ပြော သည်။မြေငှားဂရမ်ထုတ်ပေးရာတွင် ဂရမ် ထုတ်ပေးမည့်မြေပေါ်တွင် တည်ဆောက် ထားသည့် အဆောက်အအုံအပေါ် မူ တည်၍ ၁၀ နှစ်သက်တမ်းရှိ မြေငှား ဂရမ်မှ နှစ် ၃၀ သက်တမ်းရှိ မြေငှားဂရမ် ဟူ၍ နှစ်မျိုးထုတ်ပေးလျက် ရှိကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
ကြက်စားပြင်ရပ်ကွက်နှင့် ဘုမ္မော် ရပ်ကွက် နေရာအချို့ကို လယ်ယာမြေ အဖြစ်မှ အိမ်ရာမြေများအဖြစ် ပြီးခဲ့ သည့် ၂၀၁၅ ခုနှစ်က ပြောင်းလဲခဲ့ပြီးဖြစ် ကြောင်း သိရသည်။