လှည်းတန်းအလွမ်း MTV နဲ့ ပရိသတ်သတိထားမိလာတဲ့ ထားဝယ်သား

0
943

အဆိုတော် မိုးထက်သီဆိုထားတဲ့ ” လှည်း တန်းအလွမ်း”  သီးချင်း MTV မှာ သရုပ်ဆောင်ရင်း ပရိသတ်အားပေးမှုရလာတဲ့ ထားဝယ်သား အနုပညာဝါသရှင်လေး မိုးစက်ကို ဒီတစ်ပတ် တနင်္သာရီ ပရိသတ်တွေအတွက် တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါတယ်။


တနင်္သာရီ။    ။ ဒီလှည်းတန်းအလွမ်း MTV သီချင်းလေးကို ဘာကြောင့် လူငယ်လေး တွေ ကြိုက်ကြလဲ . . . ။
မိုးစက်။    ။ဒီသီချင်းလေးက လူသိပြီးသားပေါ့။အဆိုတော်အသံနဲ့ စာသားတွေက ရင်ထဲရောက်ပြီး သား။ MTV လးရိုက်လိုက်တော့ တကယ့် သဘာဝကျကျ ရိုက်ထားတော့ တော်တော်များများ လက်ခံအားပေး ကြတယ်။ လှည်းတန်းမှာ လူငယ် တော်တော်များများ အဲလိုအဖြစ်ပျက်တွေကြံဖူးကြတယ်ဆိုတော့ လူငယ်ဆန်တော့ သဘောကျမိတာ တွေ့ရတော့ ဝမ်းသာမိပါတယ်။

 

ဆက်လည်းလုပ် ဆောင်သွားပါမယ်။ ပြီးတော့ ဒီသီချင်းလေးက အဆိုတော်နဲ့ တေးရေးဆရာရဲ့ တွေ့ကြံရတဲ့ဖြစ်ရပ် ပေါ်မှာလည်း အခြေခံပြီး ရေးထားတာဆိုတော့  လူငယ်တွေနဲ့ တိုက်ဆိုင်သွားတာပါ။ လှည်းတန်း အလွမ်းက Viewers (ကြည့်ရှုသူ) တွေပြောရရင်နှစ် သိန်းခွဲအထက်ဖြစ်နေပြီအစ်ကို။ ကျွန်တော်က ဝါသနာပါတယ် ဆိုတာထက် အကောင်းဆုံးလုပ်ပြ ချင်တာပါ။

moe_sat
တနင်္သာရီ။    ။ ဒီလှည်းတန်းအလွမ်းက Online  မှ စတင်ကတည်းက လူငယ်တွေကြိုက်              ကြတယ် ။ သီချင်းစားသားကြောင့်လား . . . Melody (သံစဉ်) ကြောင့်လား . . .။
မိုးစက်။        ။ သီချင်းစာသားနဲ့ Melody ကြောင့်လည်းဖြစ်နိုင်သလို အခုရိုက်ခဲ့တဲ့ ဒါရိုက်တာရဲ့ ဇာတ်လမ်းကို  sအမသညါ ဖြစ်အောင် အားထုတ်မှုရော သရုပ်ဆောင်တွေရဲ့အားထုတ်မှု အားလုံး ညီအစ်ကိုမောင်နှမမိတ်ဆွေတွေလို ပူးပေါင်း လုပ်ဆောင်ခဲ့ကြလို့ပါ။ တစ်ဦးတစ် ယောက် ဆိုတာထက် အနုပညာကို မြတ်နိုးတဲ့စိတ်နဲ့ ပုံဖော်ခဲ့ကြလို့ပါ။
တနင်္သာရီ။    ။ အနုပညာလမ်းကြောင်းကို ဘယ်လိုပုံစံနဲ့ ရောက်လာတာလဲ။
မိုးစက်။        ။   short film (ရုပ်ရှင်မှတ် တမ်းတို၊ဇာတ်လမ်းတို) လေးတွေကနေ ရောက်လာ တာ။ နောက်ပိုင်း Model ပုံတွေ ရိုက်ရင်းကနေ short film   တွေရိုက်ရင်း အခု MTV ကိုပထမဆုံး အနေနဲ့ရိုက်ဖြစ်တာ။ ပထမတော့ဝါသနာထက် အကူအညီ သဘောမျိုးနဲ့ လောက်ပဲ ရိုက်တာ။ သူငယ်ချင်းတွေ ကူညီရုံလောက်နဲ့ အခု  ” လှည်းတန်း အလွမ်း” က လက်ခံသူများလာပြီး အားလုံးက အားပေးကြတယ်။ ပရိသတ်တော်တော်များများ ကလည်း ဆက်လုပ်ပါ အားပေးတယ်ဆိုပြီး ပြော လာကြတယ်။
တနင်္သာရီ။     ။ သရုပ်ဆောင်သင်တန်းမရှိ ဘဲ မတက်ရသေးဘဲ ဒီအနုပညာလောကထဲရောက် လာတာဆိုတော့ ကြုံတွေ့ရတဲ့အခက်အခဲရှိ                 လား . . .။
မိုးစက်။        ။ အဆက်အသွယ်မရှိဘဲ အစိမ်းသက်သက် ဝင်ရောက်လာတာဆိုတော့ short film တွေရိုက်တဲ့ ညီအစ်ကိုလိုဖြစ်နေတဲ့ ဒါရိုက်တာ ကိုကောင်းမြတ်သူကျော်နဲ့ ဓာတ်ပုံတွေ ရိုက်ဖြစ် ရင်းကနေ သူရဲ့လက်တွဲခေါ်မှုကြောင့် လုပ်ဖြစ် သွားတာ။
တနင်္သာရီ။    ။ မိဘတွေကရော အနုပညာ လုပ်တာ အားပေးမူပံပိုးမူရှိလား . . . ။
မိုးစက်။        ။ အဖေနဲ့ အမေကတော့ ဝါသနာပါရာကို လုပ်ခွင့်ပေးထားပါတယ်။ ဘာပဲလုပ်လုပ် အကောင်းဆုံးမဟုတ်ရင်တောင်လုပ် သင့်တာလုပ်နေရင် အမြဲဝမ်းသာနေကြတယ်။ ကျွန် တော်ရိုက်ပြီးတဲ့အခါပြန်ပြရင် အမြဲပြုံးပြီး ကြည့် နေတတ်တယ်။ အဖေနဲ့ အမေကိုယ်တိုင်က                ကျွန်တော်ကို အခြေခံအင်အားတွေပေးနေတဲ့မိဘနှစ်ပါးပါ။
တနင်္သာရီ။    ။ အခု အနုပညာနဲ့ပတ်သက် ပြီး ဘာတွေလုပ်ဖို့ရှိလဲ . . . ။
မိုးစက်။        ။ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်မှ ရိုက်ကူးမယ့် မသန်စွမ်းအတွက် ဇာတ်လမ်းတိုလေး စက်တင်ဘာမှာ ရိုက်ဖို့ရှိတယ်။ မသန်စွမ်းတွေကြံရတဲ့ အခက်အခဲတွေပေါ့။ ဇာတ်ကားနာမည်လေးက ” အတားအဆီး” လို့ အမည်ပေးထားတယ် ။ အခု MTV တစ်ပုဒ်ဆက် ရိုက်ဖို့ရှိတယ်။ ဝါသနာပိုးက ဘယ်အချိန်ထဲကဝင်နေလဲမသိဘူး။ ရှေ့ဆက်ပြီးလုပ်သွားဖို့အစီအစဉ်တွေရှိနေပါတယ်။ အခုလောလောဆယ် တော့MTV နဲ့ short film   လေးတွေရိုက်နေရင်း ဝမ်းစာဖြည့် လေ့လာနေတယ်။