ကော့သောင်းတွင် သစ်ခွဲသားဈေး မြင့်တက်

0
487

ဒေသသုံး သစ်ခွဲသားများရှားပါးလာခြင်းကြောင့် သစ်ခွဲသားဈေး တစ် သိန်းဝန်းကျင် မြင့်တက်လျက်ရှိကြောင်း ကော့သောင်းမြို့ပေါ် သစ်ခွဲသားအရောင်း ဆိုင်များထံမှ သိရသည်။


သစ်ခွဲသား ဆိုက်ငယ် ၁တန်လျှင် ကျပ်ခုနစ်သိန်းမှကျပ် ခုနစ်သိန်းရှစ်သောင်း၊ အပြားဆိုဒ် ၁ တန်လျှင် ကျပ်ရှစ်သိန်းမှ ယခု ကျပ်ရှစ်သိန်းရှစ်သောင်းဖြစ်လျက် ရှိကြောင်း သစ်ခွဲသားအရောင်းဆိုင်များ ထံမှ စုံစမ်းသိရှိရသည်။”ဒေသသုံးဖို့ကိုတောင် သစ်ထုတ် ခွင့်မရတော့ သစ်တွေရှားပြီး သစ်ဈေး တွေ တဖြည်းဖြည်း တက်လာတယ်။ နောက်ဆိုသစ်ဝယ်ဖို့တောင် ခက်သွား လိမ့်မယ်” ဟု ဝေဖြိုးအောင်သစ်စက်မှ စာရေးက ဆိုသည်။
ကော့သောင်းမြို့တွင် သစ်အရောင်း ဆိုင် ၂ဆိုင်ရှိပြီး တစ်ဆိုင်မှာ သစ်မရှိ သည့်အတွက် ပိတ်ထားရပြီး၊ ကျန်တစ် ဆိုင်ကလည်း ယခင်လက်ကျန်သစ်များ နှင့် လည်ပတ်နေရသည်။